
0
575





unicode

ကင်မရာ ၃ လုံး ပါတဲ့ Honor 10 Lite ကို ကြေညာ

Huawei ရဲ့ Honor Brand က စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ Honor 10 Lite ဖြစ်ပြီး ၆.၂၁ လက်မ မျက်နှာပြင်၊ Kirin 710 Chipset များ ပါပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေတဲ့ GPU Turbo 2.0 ထည့်ထားပါတယ်။

SoC က HiSilicon ရဲ့ 12nm SoC ဖြစ်ပါတယ်။ 4 or 6GB RAM, 128GB Storage များပါပါတယ်။ အနောက်ဘက်မှာ 13+2MP Dual Camera များ ပါပါတယ်။ အရှေ့ ကင်မရာက အရမ်းလန်းတဲ့ 24MP ဖြစ်ပါတယ်။ သင့်ရဲ့ ဆဲလ်ဖီးများကို လေ့လာထားပြီး အကောင်းဆုံး ဓါတ်ပုံများ ဖြစ်အောင် ကူညီပေးပါတယ်။

ကင်မရာမှာ AI ပါပြီး Portrait Mode မှာ မျက်နှာရဲ့ ပုံသဏ္ဍာန် ၊ အရောင်နဲ့ ပတ်ဝန်းကျင်မှ အလင်းရောင်၊ မျက်လုံးရဲ့ အရွယ်အစားနဲ့ အရောင်များကို ပြောင်းနိုင်ပါတယ်။ သွားကိုလည်း ဖြူအောင် လုပ်နိုင်ပါတယ်။ ဘက်ထရီက 3000mAh ဖြစ်ပါတယ်။ Android Pie အခြေပြု နောက်ဆုံးထုတ် EMUI9 မောင်းနှင်ထားပါတယ်။

အနက်၊ အဖြူ၊ အပြာ၊ အနီရောင်များ ထုတ်လုပ်ထားပါတယ်။ 4/64GB ကို ၂၀၀ ဒေါ်လာ၊ 6/64GB ကို ၂၄၅ ဒေါ်လာ၊ 6/128GB ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးနေပါပြီ။

Leave a Reply