OnePlus ရဲ႕ 5G Phone ဟာ OnePlus 6T ထက္ ေဒၚလာ ၁၀၀ ပိုမ်ားမည္

0
528

OnePlus က 5G Phone ကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေရာင္းမယ္လို႔ အတည္ျပဳပါတယ္။ သူဟာ OnePlus 7 ေတာ့ မဟုတ္ပါဘူး။ အခုေတာ့ အဲဒီဖုန္းရဲ႕ ေစ်းႏႈန္း ေပါက္ၾကားထြက္ေပၚလာပါတယ္။ သူဟာ ၆၅၀ ေဒၚလာ တန္ေၾကးရွိၿပီး OnePlus 6T ထက္ ေဒၚလာ ၁၀၀ ပိုမ်ားမွာပါ။ ဒါေပမယ့္လည္း ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ 5G ပါတဲ့ ဖုန္းေတြက ရွားဦးမွာ ျဖစ္တဲ့ အတြက္ ေပးသင့္ပါတယ္။

5G Phone မွာ Snapdragon 8150 Chipset နဲ႔ X50 Modem ကို သံုးထားႏုိင္ပါတယ္။ X24 ကို သံုးထားမယ္ဆိုရင္ေတာင္ Qualcomm ရဲ႕ အစိတ္အပိုင္းကို ထည့္ထားမွာပါ။ OnePlus နဲ႔ Qualcomm တို႔ဟာ အလြန္ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိေနပါတယ္။

4G OnePlus 7 ရဲ႕ ေစ်းကလည္း ျမင့္လာႏုိင္ပါတယ္။ ဒါေပမယ့္ 5G Model ထက္ေတာ့ ေစ်းနည္းမွာျဖစ္ပါတယ္။ OnePlus 6T ရဲ႕ တန္ဖိုးအနည္းဆံုး 128GB Model ဟာ ၅၅၀ ေဒၚလာ ျဖစ္ပါတယ္။ OnePlus 6 ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ဟာ ၅၃၀ ေဒၚလာ၊ 5T ဟာ ၅၀၀ ေဒၚလာနဲ႔ 5 ဟာ ၄၈၀ ေဒၚလာ ျဖစ္ပါတယ္။ OnePlus 7 ဟာ 6 ထက္ ေဒၚလာ ၂၀ ၊ ၃၀ ေလာက္ျမင့္မားသြားႏုိင္ပါတယ္။

unicode

OnePlus ရဲ့ 5G Phone ဟာ OnePlus 6T ထက် ဒေါ်လာ ၁၀၀ ပိုများမည်

OnePlus က 5G Phone ကို လာမယ့်နှစ် အစောပိုင်းမှာ ရောင်းမယ်လို့ အတည်ပြုပါတယ်။ သူဟာ OnePlus 7 တော့ မဟုတ်ပါဘူး။ အခုတော့ အဲဒီဖုန်းရဲ့ ဈေးနှုန်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူဟာ ၆၅၀ ဒေါ်လာ တန်ကြေးရှိပြီး OnePlus 6T ထက် ဒေါ်လာ ၁၀၀ ပိုများမှာပါ။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ် အစောပိုင်းမှာ 5G ပါတဲ့ ဖုန်းတွေက ရှားဦးမှာ ဖြစ်တဲ့ အတွက် ပေးသင့်ပါတယ်။

5G Phone မှာ Snapdragon 8150 Chipset နဲ့ X50 Modem ကို သုံးထားနိုင်ပါတယ်။ X24 ကို သုံးထားမယ်ဆိုရင်တောင် Qualcomm ရဲ့ အစိတ်အပိုင်းကို ထည့်ထားမှာပါ။ OnePlus နဲ့ Qualcomm တို့ဟာ အလွန် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါတယ်။

4G OnePlus 7 ရဲ့ ဈေးကလည်း မြင့်လာနိုင်ပါတယ်။ ဒါပေမယ့် 5G Model ထက်တော့ ဈေးနည်းမှာဖြစ်ပါတယ်။ OnePlus 6T ရဲ့ တန်ဖိုးအနည်းဆုံး 128GB Model ဟာ ၅၅၀ ဒေါ်လာ ဖြစ်ပါတယ်။ OnePlus 6 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၅၃၀ ဒေါ်လာ၊ 5T ဟာ ၅၀၀ ဒေါ်လာနဲ့ 5 ဟာ ၄၈၀ ဒေါ်လာ ဖြစ်ပါတယ်။ OnePlus 7 ဟာ 6 ထက် ဒေါ်လာ ၂၀ ၊ ၃၀ လောက်မြင့်မားသွားနိုင်ပါတယ်။

Leave a Reply