MWC 2019 မွာ ေၾကညာမယ့္ Huawei ရဲ႕ 5G Foldable Phone

0
420

Huawei က 5G Foldable Phone ကို ေအာင္ျမင္စြာ ဖန္တီးႏုိင္ၿပီလို႔ သတင္းထြက္လာပါတယ္။ ETNews က ဟြာေ၀းဟာ ကိုရီးယားရဲ႕ Carriers မ်ားရဲ႕ အရာရွိမ်ားကို ဖုန္းအား ျပသထားၿပီးၿပီလို႔ ေျပာပါတယ္။ ဖုန္းဟာ နမူနာ ပံုစံ မဟုတ္ဘဲ ေရာင္းတန္း၀င္ အဆင့္ကို ေရာက္ေနပါၿပီ။

ဟြာေ၀းရဲ႕ 5G Foldable Phone သတင္းမ်ား ယခင္ကလည္းထြက္ေပၚခဲ့ဖူးပါတယ္။ ဟြာေ၀းရဲ႕ စီအီးအို Richard Yu က အဲဒီ စမတ္ဖုန္းကို ဖန္တီးေနတယ္ဆိုတာ ယခင္က အတည္ျပဳထားပါတယ္။ အဲဒီ အခ်ိန္တုန္းကေတာ့ အဲဒီ ဖုန္းကို အေခ်ာသတ္ဖန္တီးၿပီးၿပီလားဆိုတာ မသိခဲ့ပါဘူး။

ဟြာေ၀းရဲ႕ ေကြးညႊတ္ဖုန္းကို ျဖန္႔ထားရင္ ၈ လက္မ မ်က္ႏွာျပင္ကို အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ေကြးညႊတ္ မ်က္ႏွာျပင္ကို တရုတ္ ကုမၸဏီ BOE က ဖန္တီးေပးထားႏိုင္ပါတယ္။ အဲဒီ ဖုန္းမွာ Android Foldable Interface ကို အသံုးျပဳထားႏုိင္ပါတယ္။ အဲဒီ Interface က ဖုန္းကို ကိုင္ထားတဲ့ အေပၚ မူတည္ၿပီး App မ်ားကို အဆင္ေျပေအာင္ျပသေပးမွာ ျဖစ္ပါတယ္။

ဟြာေ၀းက ဆမ္ေဆာင္းထက္ ေစာစြာ ေကြးညႊတ္ စမတ္ဖုန္းကို ေရာင္းခ်မယ္လို႔လညး္ သတင္းမ်ားထြက္ေနပါတယ္။ ETNews က ဟြာေ၀းက သူ႔ရဲ႕ ဖုန္းကို လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ MWC ပြဲမွာ ေၾကညာမယ္လို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားဟာ 5G ကြန္ယက္ကို အေစာဆံုး တည္ေထာင္ႏို္င္မယ့္ ႏိုင္ငံမ်ားထဲမွ တစ္ခု ျဖစ္တဲ့ အတြက္ ဟြာေ၀းဟာ ေတာင္ကိုရီးယားမွ Carrier မ်ားကို သူ႔ရဲ႕ ဖုန္းအား ျပသတယ္ဆိုတာ သဘာ၀ က်ပါတယ္။ ေတာင္ကိုရီးယားမွ Carrier မ်ားဟာ လာမယ့္ႏွစ္ မတ္လမွာ 5G ကြန္ယက္ကို စတင္ ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။

unicode

MWC 2019 မှာ ကြေညာမယ့် Huawei ရဲ့ 5G Foldable Phone

Huawei က 5G Foldable Phone ကို အောင်မြင်စွာ ဖန်တီးနိုင်ပြီလို့ သတင်းထွက်လာပါတယ်။ ETNews က ဟွာဝေးဟာ ကိုရီးယားရဲ့ Carriers များရဲ့ အရာရှိများကို ဖုန်းအား ပြသထားပြီးပြီလို့ ပြောပါတယ်။ ဖုန်းဟာ နမူနာ ပုံစံ မဟုတ်ဘဲ ရောင်းတန်းဝင် အဆင့်ကို ရောက်နေပါပြီ။

ဟွာဝေးရဲ့ 5G Foldable Phone သတင်းများ ယခင်ကလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဟွာဝေးရဲ့ စီအီးအို Richard Yu က အဲဒီ စမတ်ဖုန်းကို ဖန်တီးနေတယ်ဆိုတာ ယခင်က အတည်ပြုထားပါတယ်။ အဲဒီ အချိန်တုန်းကတော့ အဲဒီ ဖုန်းကို အချောသတ်ဖန်တီးပြီးပြီလားဆိုတာ မသိခဲ့ပါဘူး။

ဟွာဝေးရဲ့ ကွေးညွှတ်ဖုန်းကို ဖြန့်ထားရင် ၈ လက်မ မျက်နှာပြင်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကွေးညွှတ် မျက်နှာပြင်ကို တရုတ် ကုမ္ပဏီ BOE က ဖန်တီးပေးထားနိုင်ပါတယ်။ အဲဒီ ဖုန်းမှာ Android Foldable Interface ကို အသုံးပြုထားနိုင်ပါတယ်။ အဲဒီ Interface က ဖုန်းကို ကိုင်ထားတဲ့ အပေါ် မူတည်ပြီး App များကို အဆင်ပြေအောင်ပြသပေးမှာ ဖြစ်ပါတယ်။

ဟွာဝေးက ဆမ်ဆောင်းထက် စောစွာ ကွေးညွှတ် စမတ်ဖုန်းကို ရောင်းချမယ်လို့လည်း သတင်းများထွက်နေပါတယ်။ ETNews က ဟွာဝေးက သူ့ရဲ့ ဖုန်းကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ ကြေညာမယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားဟာ 5G ကွန်ယက်ကို အစောဆုံး တည်ထောင်နိုင်မယ့် နိုင်ငံများထဲမှ တစ်ခု ဖြစ်တဲ့ အတွက် ဟွာဝေးဟာ တောင်ကိုရီးယားမှ Carrier များကို သူ့ရဲ့ ဖုန်းအား ပြသတယ်ဆိုတာ သဘာ၀ ကျပါတယ်။ တောင်ကိုရီးယားမှ Carrier များဟာ လာမယ့်နှစ် မတ်လမှာ 5G ကွန်ယက်ကို စတင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

Leave a Reply