Android ေမာင္းႏွင္ထားတဲ့ ကမာၻ႕ ပထမဆံုး Satellite Smartphone ထြက္လာၿပီ

0
1471

Thuraya က Android ေမာင္းႏွင္ထားတဲ့ ကမာၻ႕ ပထမဆံုး Satellite Smartphone ကို ေၾကညာလိုက္ပါတယ္။ Thuraya X5-Touch မွာ Android OS ထည့္သြင္းထားၿပီး ၿဂိဳလ္တု ကြန္ယက္နဲ႔ အခ်ိန္ျပည့္ ဆက္သြယ္မႈ ရွိပါတယ္။ ဒါ့အျပင္ သူ႔မွာ သာမာန္ 2G/3G/4G ကြန္ယက္မ်ားကို သံုးႏုိင္မယ့္ SIM Slot အပိုတစ္ခု ပါပါေသးတယ္။

သူ႔ကို စတာလင္ေပါင္ ၉၉၉ ျဖင့္ ဥေရာပ ႏုိင္ငံမ်ားမွာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူဟာ Specs မ်ားအရ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ကို အၾကမ္းခံေအာင္ ျပဳလုပ္ထားၿပီး ၿဂိဳလ္တုဖုန္း ျဖစ္တဲ့ အတြက္ ကမာၻရဲ႕ ဘယ္ေနရာကေန မဆုိ လိုင္းမိေနမွာ ျဖစ္ပါတယ္။

သူ႔မွာ ၅.၂ လက္မ IPS LCD Screen ထည့္သြင္းထားၿပီး Resolution မွာ 1920x1080p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 16:9 ျဖစ္ၿပီး Bezel-less Smartphone Design ေခတ္စားေနခ်ိန္မွာ သူ႔ရဲ႕ မ်က္ႏွာျပင္ေဘးေဘာင္မ်ားက ထူပါတယ္။ ၂၆၂ ဂရမ္ အေလးခ်ိန္ရွိတဲ့ အတြက္ စမတ္ဖုန္း တစ္လံုးအေနနဲ႔ ေတာ္ေတာ္ ေလးပါတယ္။ IP67 စံႏႈန္းရွိၿပီး ေရစိုခံသလို ဖုန္မ၀င္ေအာင္ ကာကြယ္ေပးပါတယ္။ MIL-STD-810 Certification ရရွိထားၿပီး အၾကမ္းခံပါတယ္။ အလြန္ ဆိုးရြားတဲ့ ရာသီဥတုဒဏ္ကို ခံႏုိင္ပါတယ္။

တည္ေနရာ ညႊန္ျပမႈ အတြက္ GPS, BeiDou , GLONASS မ်ားနဲ႔ ဆက္သြယ္မႈ အတြက္ Bluetooth, WiFi, NFC မ်ား ပါပါတယ္။ Snapdragon 625 Chipset ေမာင္းႏွင္ထားပါတယ္။ 2GB RAM , 16GB Storage မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 8MP နဲ႔ အေရွ႕ဘက္မွာ 2MP Camera မ်ား ပါပါတယ္။ ဘက္ထရီက 3800mAh ျဖစ္ပါတယ္။ Stock Android 7.1 Nougat ထည့္သြင္းထားပါတယ္။

unicode

Android မောင်းနှင်ထားတဲ့ ကမ္ဘာ့ ပထမဆုံး Satellite Smartphone ထွက်လာပြီ

Thuraya က Android မောင်းနှင်ထားတဲ့ ကမ္ဘာ့ ပထမဆုံး Satellite Smartphone ကို ကြေညာလိုက်ပါတယ်။ Thuraya X5-Touch မှာ Android OS ထည့်သွင်းထားပြီး ဂြိုလ်တု ကွန်ယက်နဲ့ အချိန်ပြည့် ဆက်သွယ်မှု ရှိပါတယ်။ ဒါ့အပြင် သူ့မှာ သာမာန် 2G/3G/4G ကွန်ယက်များကို သုံးနိုင်မယ့် SIM Slot အပိုတစ်ခု ပါပါသေးတယ်။

သူ့ကို စတာလင်ပေါင် ၉၉၉ ဖြင့် ဥရောပ နိုင်ငံများမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူဟာ Specs များအရ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို အကြမ်းခံအောင် ပြုလုပ်ထားပြီး ဂြိုလ်တုဖုန်း ဖြစ်တဲ့ အတွက် ကမ္ဘာရဲ့ ဘယ်နေရာကနေ မဆို လိုင်းမိနေမှာ ဖြစ်ပါတယ်။

သူ့မှာ ၅.၂ လက်မ IPS LCD Screen ထည့်သွင်းထားပြီး Resolution မှာ 1920x1080p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 16:9 ဖြစ်ပြီး Bezel-less Smartphone Design ခေတ်စားနေချိန်မှာ သူ့ရဲ့ မျက်နှာပြင်ဘေးဘောင်များက ထူပါတယ်။ ၂၆၂ ဂရမ် အလေးချိန်ရှိတဲ့ အတွက် စမတ်ဖုန်း တစ်လုံးအနေနဲ့ တော်တော် လေးပါတယ်။ IP67 စံနှုန်းရှိပြီး ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးပါတယ်။ MIL-STD-810 Certification ရရှိထားပြီး အကြမ်းခံပါတယ်။ အလွန် ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ပါတယ်။

တည်နေရာ ညွှန်ပြမှု အတွက် GPS, BeiDou , GLONASS များနဲ့ ဆက်သွယ်မှု အတွက် Bluetooth, WiFi, NFC များ ပါပါတယ်။ Snapdragon 625 Chipset မောင်းနှင်ထားပါတယ်။ 2GB RAM , 16GB Storage များ ပါပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 2MP Camera များ ပါပါတယ်။ ဘက်ထရီက 3800mAh ဖြစ်ပါတယ်။ Stock Android 7.1 Nougat ထည့်သွင်းထားပါတယ်။

Leave a Reply