Smartphone Trending

Selfie အသားေပး Meitu Phone Company နဲ႔ ပူးေပါင္းလိုက္တဲ့ Xiaomi

တရုတ္ စမတ္ဖုန္း ကုမၸဏီငယ္ Meitu က ေရွာင္မီနဲ႔ ပူးေပါင္းလိုက္ေၾကာင္း ေၾကညာလိုက္ပါတယ္။ ေရွာင္မီက မီတူးရဲ႕ စမတ္ဖုန္းမ်ားကို ဖန္တီးေရာင္းခ်မွာ ျဖစ္ပါတယ္။ မီတူးက ကင္မရာ ေဆာ့ဖ္၀ဲ အပိုင္းကို ဖန္တီးမွာ ျဖစ္ပါတယ္။ မီတူဟာ သူ႔ရဲ႕ ဆဲလ္ဖီး အသားေပးဖုန္းမ်ားနဲ႔ Selfie App ေၾကာင့္ တရုတ္မွာ နာမည္ႀကီးပါတယ္။

ေရွာင္မီက မီတူးရဲ႕ ဖုန္းမ်ားကို ဒီဇိုင္းထုတ္ျခင္း၊ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးကို ျပဳလုပ္ျခင္း၊ ထုတ္လုပ္ေရာင္းခ်ျခင္း၊ ေစ်းကြက္ျဖန္႔ခ်ီျခင္းမ်ားကို ကိုင္တြယ္မွာ ျဖစ္ပါတယ္။ ေရွာင္မီက မီတူးကို ထိန္းခ်ဳပ္လိုက္တယ္ဆိုေပမယ့္ ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ မေပးရဘူးလို႔ သိရပါတယ္။ ေရွာင္မီက လာမယ့္ ငါးႏွစ္အထိ ေရာင္းခ်ရတဲ့ မီတူးဖုန္း တစ္လံုးအတြက္ အျမတ္ေငြရဲ႕ ၁၀ ရာခုိင္ႏႈန္းကို မီတူးအား ေပးမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာ ေရွာင္မီဟာ တစ္ႏွစ္လွ်င္ ေဒၚလာ ၁၀ သန္း မီတူးအားေပးမွာပါ။

မီတူးဟာ စမတ္ဖုန္း ေစ်းကြက္မွာ ရုန္းကန္ေနရပါတယ္။ မီတူးဟာ ဒီႏွစ္မွာ စမတ္ဖုန္း တစ္လံုးသာ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ၅ လံုး ေရာင္းခ်ထားခဲ့တာပါ။ ဒီႏွစ္ထဲမွာ ေဒၚလာ ၁၃၇ ကေန ၁၇၃ သန္း အၾကားမွာ ဆံုးရႈံးသြားပါတယ္။

ေရွာင္မီက မီတူး ဆက္လက္ ရပ္တည္ႏိုင္ဖို႔ ကူညီေပးမွာပါ။ “ ဒီလို နည္းဗ်ဴဟာေျမာက္ ပူးေပါင္းမႈေၾကာင့္ ေနာက္မ်ိဳးဆက္ Image Processing နည္းပညာမ်ားကို ဖန္တီးဖို႔ မီတူးက အာရံုစိုက္ႏိုင္မွာပါ။ တစ္ဖက္ကလည္း ေရွာင္မီက ဖုန္း ဖန္တီး ေရာင္းခ်တာကို ကိုင္တြယ္မွာ ျဖစ္ပါတယ္။ “ လို႔ မီတူးက ေျပာပါတယ္။

unicode

Selfie အသားပေး Meitu Phone Company နဲ့ ပူးပေါင်းလိုက်တဲ့ Xiaomi

တရုတ် စမတ်ဖုန်း ကုမ္ပဏီငယ် Meitu က ရှောင်မီနဲ့ ပူးပေါင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ရှောင်မီက မီတူးရဲ့ စမတ်ဖုန်းများကို ဖန်တီးရောင်းချမှာ ဖြစ်ပါတယ်။ မီတူးက ကင်မရာ ဆော့ဖ်ဝဲ အပိုင်းကို ဖန်တီးမှာ ဖြစ်ပါတယ်။ မီတူဟာ သူ့ရဲ့ ဆဲလ်ဖီး အသားပေးဖုန်းများနဲ့ Selfie App ကြောင့် တရုတ်မှာ နာမည်ကြီးပါတယ်။

ရှောင်မီက မီတူးရဲ့ ဖုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးကို ပြုလုပ်ခြင်း၊ ထုတ်လုပ်ရောင်းချခြင်း၊ ဈေးကွက်ဖြန့်ချီခြင်းများကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ရှောင်မီက မီတူးကို ထိန်းချုပ်လိုက်တယ်ဆိုပေမယ့် ငွေကြေး တစ်ပြားတစ်ချပ်မှ မပေးရဘူးလို့ သိရပါတယ်။ ရှောင်မီက လာမယ့် ငါးနှစ်အထိ ရောင်းချရတဲ့ မီတူးဖုန်း တစ်လုံးအတွက် အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို မီတူးအား ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရှောင်မီဟာ တစ်နှစ်လျှင် ဒေါ်လာ ၁၀ သန်း မီတူးအားပေးမှာပါ။

မီတူးဟာ စမတ်ဖုန်း ဈေးကွက်မှာ ရုန်းကန်နေရပါတယ်။ မီတူးဟာ ဒီနှစ်မှာ စမတ်ဖုန်း တစ်လုံးသာ ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၅ လုံး ရောင်းချထားခဲ့တာပါ။ ဒီနှစ်ထဲမှာ ဒေါ်လာ ၁၃၇ ကနေ ၁၇၃ သန်း အကြားမှာ ဆုံးရှုံးသွားပါတယ်။

ရှောင်မီက မီတူး ဆက်လက် ရပ်တည်နိုင်ဖို့ ကူညီပေးမှာပါ။ “ ဒီလို နည်းဗျူဟာမြောက် ပူးပေါင်းမှုကြောင့် နောက်မျိုးဆက် Image Processing နည်းပညာများကို ဖန်တီးဖို့ မီတူးက အာရုံစိုက်နိုင်မှာပါ။ တစ်ဖက်ကလည်း ရှောင်မီက ဖုန်း ဖန်တီး ရောင်းချတာကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ “ လို့ မီတူးက ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.