ေရာင္းအား ဂြမ္းေနတဲ့ ၂၀၁၈ ခုႏွစ္ထုတ္ iPhone မ်ား

0
999

The Wall Street Journal က Apple ဟာ အိုင္ဖုန္း အသစ္အားလံုးအတြက္ ထုတ္လုပ္မႈကို ေလွ်ာ့ခ်ေနတယ္လို႔ ေျပာပါတယ္။ အိုင္ဖုန္း ၃ လံုးဟာ ထင္သေလာက္ ေရာင္းအား မေကာင္းျဖစ္ေနလို႔ပါ။ အထူးသျဖင့္ iPhone XR ရဲ႕ ေရာင္းအားက အေတာ္ နည္းေနပါတယ္။

Apple Fans ေတြ စိုးရိမ္စရာေတာ့ မလိုပါဘူး။ ဒီလို ေရာင္းအား က်ဆင္းရျခင္းဟာ Apple က ေရာင္းအားတက္ဖို႔ ဖုန္း ေစ်းႏႈန္းကို ေလွ်ာ့ခ်ျခင္းထက္ ေစ်းႏႈန္းမ်ားကို တိုးျမွင့္တဲ့ နည္းဗ်ဴဟာကို မၾကာခင္က ေျပာင္းလဲ က်င့္သံုးခဲ့တဲ့အတြက္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ကြာတားက Apple ဟာ ယခင္ႏွစ္ကထက္ စမတ္ဖုန္း ေရာင္းအား ၂၉ ရာခုိင္ႏႈန္း တိုးတက္ခဲ့ပါတယ္။ နည္းဗ်ဴဟာ အသစ္ေၾကာင့္ ဖုန္းေရာင္းအား က်ဆင္းေပမယ့္ ၀င္ေငြက ပိုေကာင္းေနတာပါ။

ယခင္ႏွစ္ iPhone X တုန္းကလည္း ေရာင္းအား က်မယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ ခန္႔မွန္းမႈေတြဟာ လြဲသြားခဲ့ပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ Apple ရဲ႕ ၂၀၁၈ ခုနွစ္ရဲ႕ ပထမဆံုး ၀င္ေငြစာရင္းမွာ iPhone X ဟာ ၀င္ေငြကို ၁၁ ရာခုိင္ႏႈန္းတိုးတက္ေစခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

စီအီးအို တင္ကြတ္က iPhone X ဟာ ေမွ်ာ္လင့္ထားတာထက္ ေရာင္းအား ေကာင္းခဲ့ၿပီး ႏို၀င္ဘာလက စတင္ ေရာင္းခ်ခဲ့စဥ္ကတည္းက အပတ္တိုင္းမွာ ေရာင္းအား အေကာင္းဆံုး အိုင္ဖုန္း ျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။ iPhone XS , XS Max , XR တို႔မွာလည္း ဒီလို အလားအလာမ်ားကို ျမင္ေနရပါတယ္။

unicode

ရောင်းအား ဂွမ်းနေတဲ့ ၂၀၁၈ ခုနှစ်ထုတ် iPhone များ

The Wall Street Journal က Apple ဟာ အိုင်ဖုန်း အသစ်အားလုံးအတွက် ထုတ်လုပ်မှုကို လျှော့ချနေတယ်လို့ ပြောပါတယ်။ အိုင်ဖုန်း ၃ လုံးဟာ ထင်သလောက် ရောင်းအား မကောင်းဖြစ်နေလို့ပါ။ အထူးသဖြင့် iPhone XR ရဲ့ ရောင်းအားက အတော် နည်းနေပါတယ်။

Apple Fans တွေ စိုးရိမ်စရာတော့ မလိုပါဘူး။ ဒီလို ရောင်းအား ကျဆင်းရခြင်းဟာ Apple က ရောင်းအားတက်ဖို့ ဖုန်း ဈေးနှုန်းကို လျှော့ချခြင်းထက် ဈေးနှုန်းများကို တိုးမြှင့်တဲ့ နည်းဗျူဟာကို မကြာခင်က ပြောင်းလဲ ကျင့်သုံးခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကွာတားက Apple ဟာ ယခင်နှစ်ကထက် စမတ်ဖုန်း ရောင်းအား ၂၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ နည်းဗျူဟာ အသစ်ကြောင့် ဖုန်းရောင်းအား ကျဆင်းပေမယ့် ဝင်ငွေက ပိုကောင်းနေတာပါ။

ယခင်နှစ် iPhone X တုန်းကလည်း ရောင်းအား ကျမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ခန့်မှန်းမှုတွေဟာ လွဲသွားခဲ့ပါတယ်။ ယခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ Apple ရဲ့ ၂၀၁၈ ခုနှစ်ရဲ့ ပထမဆုံး ဝင်ငွေစာရင်းမှာ iPhone X ဟာ ဝင်ငွေကို ၁၁ ရာခိုင်နှုန်းတိုးတက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စီအီးအို တင်ကွတ်က iPhone X ဟာ မျှော်လင့်ထားတာထက် ရောင်းအား ကောင်းခဲ့ပြီး နိုဝင်ဘာလက စတင် ရောင်းချခဲ့စဉ်ကတည်းက အပတ်တိုင်းမှာ ရောင်းအား အကောင်းဆုံး အိုင်ဖုန်း ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ iPhone XS , XS Max , XR တို့မှာလည်း ဒီလို အလားအလာများကို မြင်နေရပါတယ်။

Leave a Reply