0
706
unicode
Xiaomi က Mi Laser Android TV Projector ကို Walmart တွင် ရောင်းချ
Xiaomi က အမေရိကန်မှာ Walmart Exclusive အနေနဲ့ ထုတ်ကုန် အသစ်များကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီအထဲမှာ Xiaomi Mi Laser 150” Android TV Projector ပါဝင်ပါတယ်။ အဲဒီမော်ဒယ်ရဲ့ ဈေးနှုန်းက လန်ထွက်နေပြီး ဒေါ်လာ ၂၀၀၀ တန်ကြေးရှိပါတယ်။ သူက 1920×2080 Resolution ကို ထုတ်လုပ်ပေးပါတယ်။
သူ့ှမှာ Advanced Laser Display (ALPD) နည်းပညာကို သုံးထားပြီး Full HD Resolution ဖြင့် ၁၅၀ လက်မ စကရင်ကို ဖန်တီးပေးပါတယ်။ ၁၅ ပေါင်ကျော် အလေးချိန်ရှိပြီး ဒီဇိုင်းက လန်းပါတယ်။ နံရံနဲ့ ပေ ၂၀ အကွာအဝေးမှာ ထားရှိ အသုံးပြုရမှာပါ။ သူ့မှာ လုပ်ဆောင်ချက်များစွာ ထည့်သွင်းထားပါတယ်။ 16GB eMMC မြန်နှုန်းမြင့် Flash Storage ပါပါတယ်။ 30 watts output ပါတဲ့ စတီရီယို စပီကာ စနစ်ပါပါတယ်။ Bluetooth Remote Control , Smart Temperature Control နဲ့ Auto-shutdown Protection များ ထည့်သွင်းထားပါတယ်။
သူ့မှာ Android TV မောင်းနှင်ထားပြီး Google Play Apps နဲ့ Google Cast များကို အသုံးပြုနိုင်ပါတယ်။ HDR Video များကိုလည်း ထောက်ပံ့ပါတယ်။ 60 နဲ့ 120Hz Refresh Rate နှစ်ခုစလုံး ပါပါတယ်။ အနည်းဆုံး Picture Size က ၈၀ လက်မ ဖြစ်ပါတယ်။
Leave a Reply