Verizon က ဖုန္းတစ္လံုးထဲမွာ ဖုန္းနံပါတ္ ၅ ခု အသံုးျပဳႏုိင္တဲ့ ၀န္ေဆာင္မႈကို စတင္

0
865

Dual-SIM Phone မ်ား ေပၚေနေပမယ့္ အခ်ိဳ႕ေတြအတြက္ေတာ့ သိပ္မလံုေလာက္ေသးဘဲ ဟန္းဆက္မ်ားစြာ ကိုင္ေနရပါေသးတယ္။ အေမရိကန္ နာမည္ႀကီး မိုဘိုင္းေအာ္ပေရတာ တစ္ခု ျဖစ္တဲ့ Verizon က ဒီျပႆနာကို ေျဖရွင္းေပးလိုက္ပါတယ္။ Verizon က iOS နဲ႔ Android တို႔ အတြက္ My Numbers App ကို ျဖန္႔ခ်ီေပးလိုက္ၿပီး ဖုန္းတစ္လံုးထဲမွာ ဖုန္းနံပါတ္ ၅ ခု အသံုးျပဳႏုိင္ပါတယ္။ ကိုယ္ေရး ကိုယ္တာသံုး လိုင္းနဲ႔ အလုပ္ကိစၥသံုးလိုင္း အျဖစ္ ခြဲျခားထားႏိုင္ပါတယ္။

ဒီ၀န္ေဆာင္မႈကို အခမဲ့ အသံုးျပဳလို႔ မရပါဘူး။ ဖုန္းနံပါတ္ အပို တစ္လံုး ထည့္သြင္းရင္ တစ္လလွ်င္ ၁၅ ေဒၚလာ က်သင့္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဟန္းဆက္ အပိုတစ္လံုး ၀ယ္တာထက္ေတာ့ ေစ်းသက္သာပါတယ္။

My Numbers မွ လိုင္းတစ္ခုခ်င္းစီအတြက္ Unlimited Calls နဲ႔ SMS မ်ား အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Call နဲ႔ Message မ်ားကို ဖုန္းမ်ား မတူညီတဲ့ ဖုန္း ၅ လံုးမွာ Sync လုပ္ႏို္င္ပါတယ္။ အလုပ္ကိစၥသံုး လိုင္းဟာ အလုပ္ခ်ိန္မွာသာ Active ျဖစ္ေနၿပီး အဲဒီအခ်ိန္ျပင္ပမွာ Voicemail ထံ ၀င္သြားမွာ ျဖစ္ပါတယ္။ Verizon က အဲဒီ Virtual Phone Numbers မ်ားကို အျခား Carrier မ်ားမွာ ထည့္သြင္း အသံုးျပဳႏိုင္ေအာင္လည္း ပံ့ပိုးေပးထားပါတယ္။

My Numbers App ကို သက္ဆိုင္ရာ App Store မ်ားကေန အင္စေတာ လုပ္ၿပီးရင္ သင့္အေကာင့္နဲ႔ Log In ၀င္ရမွာျဖစ္ၿပီး Subscription Plan ကို ၾကည့္ပါ။ ပံ့ပိုးထားတဲ့ Virtual Numbers မ်ားထဲမွ ႏွစ္သက္ရာကို ေရြးခ်ယ္ရမွာပါ။ ၿပီးရင္ Subscription အသစ္ကို အတည္ျပဳၿပီးရင္ အိုေကပါၿပီ။

unicode

Verizon က ဖုန်းတစ်လုံးထဲမှာ ဖုန်းနံပါတ် ၅ ခု အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို စတင်

Dual-SIM Phone များ ပေါ်နေပေမယ့် အချို့တွေအတွက်တော့ သိပ်မလုံလောက်သေးဘဲ ဟန်းဆက်များစွာ ကိုင်နေရပါသေးတယ်။ အမေရိကန် နာမည်ကြီး မိုဘိုင်းအော်ပရေတာ တစ်ခု ဖြစ်တဲ့ Verizon က ဒီပြဿနာကို ဖြေရှင်းပေးလိုက်ပါတယ်။ Verizon က iOS နဲ့ Android တို့ အတွက် My Numbers App ကို ဖြန့်ချီပေးလိုက်ပြီး ဖုန်းတစ်လုံးထဲမှာ ဖုန်းနံပါတ် ၅ ခု အသုံးပြုနိုင်ပါတယ်။ ကိုယ်ရေး ကိုယ်တာသုံး လိုင်းနဲ့ အလုပ်ကိစ္စသုံးလိုင်း အဖြစ် ခွဲခြားထားနိုင်ပါတယ်။

ဒီဝန်ဆောင်မှုကို အခမဲ့ အသုံးပြုလို့ မရပါဘူး။ ဖုန်းနံပါတ် အပို တစ်လုံး ထည့်သွင်းရင် တစ်လလျှင် ၁၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟန်းဆက် အပိုတစ်လုံး ဝယ်တာထက်တော့ ဈေးသက်သာပါတယ်။

My Numbers မှ လိုင်းတစ်ခုချင်းစီအတွက် Unlimited Calls နဲ့ SMS များ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Call နဲ့ Message များကို ဖုန်းများ မတူညီတဲ့ ဖုန်း ၅ လုံးမှာ Sync လုပ်နိုင်ပါတယ်။ အလုပ်ကိစ္စသုံး လိုင်းဟာ အလုပ်ချိန်မှာသာ Active ဖြစ်နေပြီး အဲဒီအချိန်ပြင်ပမှာ Voicemail ထံ ဝင်သွားမှာ ဖြစ်ပါတယ်။ Verizon က အဲဒီ Virtual Phone Numbers များကို အခြား Carrier များမှာ ထည့်သွင်း အသုံးပြုနိုင်အောင်လည်း ပံ့ပိုးပေးထားပါတယ်။

My Numbers App ကို သက်ဆိုင်ရာ App Store များကနေ အင်စတော လုပ်ပြီးရင် သင့်အကောင့်နဲ့ Log In ဝင်ရမှာဖြစ်ပြီး Subscription Plan ကို ကြည့်ပါ။ ပံ့ပိုးထားတဲ့ Virtual Numbers များထဲမှ နှစ်သက်ရာကို ရွေးချယ်ရမှာပါ။ ပြီးရင် Subscription အသစ်ကို အတည်ပြုပြီးရင် အိုကေပါပြီ။

Leave a Reply