Smartphone Trending

iPhone XS ကို အေၾကြေစ့မ်ားနဲ႔ ၀ယ္တဲ့ ရုရွားမွ ဘေလာ့ဂါ

ဒီေန႔ေခတ္မွာ ေစ်း၀ယ္တဲ့ အခါ လြယ္ကူ လွ်င္ျမန္တဲ့ ကဒ္မ်ားကို သံုးေနၾကပါၿပီ။ ဒါေပမယ့္ ရုရွား ဘေလာ့ဂါ တစ္ဦး ျဖစ္သူ Svyatoslav Kovalenko ကေတာ့ တစ္မူထူးျခားပါတယ္။ သူက iPhone XS ကို အေၾကြေစ့မ်ားနဲ႔ ၀ယ္ယူခဲ့တာပါ။ အေၾကြေစ့မ်ားကို ေရခ်ိဳးကန္ထဲမွာ အျပည့္ထည့္ ယူလာၿပီး ဆိုင္မွာ ေငြရွင္းခဲ့တာပါ။ အဲဒီ အေၾကြေစ့မ်ားဟာ ၃၅၀ ကီလိုဂရမ္ အေလးခ်ိန္ရွိပါတယ္။ အေၾကြေစ့မ်ားဟာ ရူဘယ္ေငြ ၁၀၀ ၀၀၀ ရွိၿပီး အေမရိကန္ ေဒၚလာ ၁၅၀၀ နဲ႔ တူ့ပါတယ္။

Apple Store ၀န္ထမ္းမ်ားက အေၾကြေစ့မ်ားကို စိတ္ရွည္စြာ ေရတြက္ေပးၿပီး ေရာင္းခ်ေပးခဲ့ပါတယ္။ ေရတြက္ဖို႔အတြက္ အခ်ိန္ ၂ နာရီ ယူခဲ့ရပါတယ္။ ၃၅၀ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ အေၾကြေစ့နဲ႔ ေရခ်ိဳးကန္ကို စတိုးကို အလြယ္တကူ ယူလာႏုိင္တာေတာ့ မဟုတ္ပါဘူး။ လံုျခံဳေရး ၀န္ထမ္း ၂ ဦးရဲ႕ အကူအညီနဲ႔ ေမာ္စကို အလယ္ပိုင္း Evropeisky Mall ရွိ Apple Store ထဲကို ယူေဆာင္လာရတာပါ။

“ ဒါဟာ စားသံုးသူမ်ားကို တန္ဖိုးထားတာပါ။ စားသံုးသူက အိုင္ဖုန္း ၀ယ္ဖို႔ ေရခ်ိဳးကန္ု အျပည့္ အေၾကြေစ့မ်ားကို ယူလာရင္လည္း ၀န္ထမ္းမ်ားက စိိတ္ရွည္စြာ ေရတြက္ ေပးပါတယ္။ “ လိို႔ Apple ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Lyudmila Semushina က ေရးသားထားပါတယ္။

ရုရွားမွာ အေၾကြေစ့မ်ားနဲ႔ အိုင္ဖုန္း ၀ယ္တဲ့ ျဖစ္ရပ္ဟာ ဒါ ပထမဆံုး မဟုတ္ပါဘူး။ ရုရွားမွ စတိုးဆိုင္မ်ားဟာ အေၾကြေစ့မ်ားကို လက္မခံခ်င္ၾကတဲ့ အတြက္ Kovalenko က စတန္႔ထြင့္ၿပီး ဒီလိုလုပ္ခဲ့တာ ျဖစ္ပါတယ္။

unicode

iPhone XS ကို အကြွေစေ့များနဲ့ ဝယ်တဲ့ ရုရှားမှ ဘလော့ဂါ

ဒီနေ့ခေတ်မှာ ဈေးဝယ်တဲ့ အခါ လွယ်ကူ လျှင်မြန်တဲ့ ကဒ်များကို သုံးနေကြပါပြီ။ ဒါပေမယ့် ရုရှား ဘလော့ဂါ တစ်ဦး ဖြစ်သူ Svyatoslav Kovalenko ကတော့ တစ်မူထူးခြားပါတယ်။ သူက iPhone XS ကို အကြွေစေ့များနဲ့ ဝယ်ယူခဲ့တာပါ။ အကြွေစေ့များကို ရေချိုးကန်ထဲမှာ အပြည့်ထည့် ယူလာပြီး ဆိုင်မှာ ငွေရှင်းခဲ့တာပါ။ အဲဒီ အကြွေစေ့များဟာ ၃၅၀ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ အကြွေစေ့များဟာ ရူဘယ်ငွေ ၁၀၀ ၀၀၀ ရှိပြီး အမေရိကန် ဒေါ်လာ ၁၅၀၀ နဲ့ တူ့ပါတယ်။

Apple Store ဝန်ထမ်းများက အကြွေစေ့များကို စိတ်ရှည်စွာ ရေတွက်ပေးပြီး ရောင်းချပေးခဲ့ပါတယ်။ ရေတွက်ဖို့အတွက် အချိန် ၂ နာရီ ယူခဲ့ရပါတယ်။ ၃၅၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အကြွေစေ့နဲ့ ရေချိုးကန်ကို စတိုးကို အလွယ်တကူ ယူလာနိုင်တာတော့ မဟုတ်ပါဘူး။ လုံခြုံရေး ဝန်ထမ်း ၂ ဦးရဲ့ အကူအညီနဲ့ မော်စကို အလယ်ပိုင်း Evropeisky Mall ရှိ Apple Store ထဲကို ယူဆောင်လာရတာပါ။

“ ဒါဟာ စားသုံးသူများကို တန်ဖိုးထားတာပါ။ စားသုံးသူက အိုင်ဖုန်း ဝယ်ဖို့ ရေချိုးကန်ု အပြည့် အကြွေစေ့များကို ယူလာရင်လည်း ဝန်ထမ်းများက စိတ်ရှည်စွာ ရေတွက် ပေးပါတယ်။ “ လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ Lyudmila Semushina က ရေးသားထားပါတယ်။

ရုရှားမှာ အကြွေစေ့များနဲ့ အိုင်ဖုန်း ဝယ်တဲ့ ဖြစ်ရပ်ဟာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ရုရှားမှ စတိုးဆိုင်များဟာ အကြွေစေ့များကို လက်မခံချင်ကြတဲ့ အတွက် Kovalenko က စတန့်ထွင့်ပြီး ဒီလိုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.