Sharp က notch ၂ ခုပါတဲ့ ဖုန်းကိုထုတ်လုပ်မည်

0
580

zawgyi version




unicode version

Sharpကုမ္ပဏီကမနှစ်က fingerprint sensor နဲ့ notch ပါဝင်ပြီးဘေးဘောင်သေးတဲ့ Aquos Rဆိုတဲ့စမတ်ဖုန်းကိုထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူကနာမည်တော့ထင်သလောက်မကြီးခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ဆန်းပြားတဲ့ဒီဇိုင်းနဲ့ စမတ်ဖုန်းအသစ်ကိုထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ဒီဇိုင်းလို့လဲ ပြောလို့ရပါတယ်။ အသစ်ထွက်ရှိမယ့် Aquos R2 စမတ်ဖုန်းမှာတော့ notch အသစ်နောက်တစ်ခုပါဝင်လာမှာပဲ ဖြစ်ပါတယ်။ notch က ဖုန်းရဲ့ထိပ်မှာတစ်ခု ဖုန်းမျက်နှာပြင်ရဲ့ အောက်ခြေမှာတစ်ခုပါဝင်လာမှာပဲ ဖြစ်ပါတယ်။


ဖုန်းရဲ့ မျက်နှာပြင်က 5.2လက်မပဲရှိတာဆိုတော့ အနည်းငယ်တော့ သေးပါတယ်။ 2280 x 108 IGZO LCD နဲ့ပြုလုပ်ထားပြီး သူက processor ပိုင်းကတော်တော်မြင့်တယ်လို့ပြောရပါတယ်။ Snapdragon 845 ကြီးကိုတောင် အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ RAM က 4GB ရှိပြီး ကင်မရာပိုင်းက 22.6-megapixel ရှိပါတယ်။ Android version ကတော့ Android 9 Pie ကိုအသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းသုံးထားတာကတော့ တော်တော်အားမရပါဘူး။ Processor ပိုင်းကိုအမြင့်သုံးထားပြီး ဘက်ထရီပိုင်းကျမှ အားနည်းသွားသလိုခံစားရပါတယ်။ ဘက်ထရီက 2,500mAh ပဲ ပါဝင်ပါတယ်။


အရင်တုန်းက ထွက်ရှိခဲ့တဲ့ Aquos R ကိုတော့ processor ပိုင်းအနေဖြင့် Snapdragon 660 ကိုအသုံးပြုခဲ့ပါတယ်။ ခုထုတ်လုပ်မယ့်ဖုန်းကတော့ processor ပိုင်းပိုမြင့်လာပြီး ဖုန်းရဲ့ထိပ်မှာပါတဲ့ notch ကလဲ ပိုသေးသွားပါတယ်။ ဘေးဘောင်တွေကျဉ်းလာပြီး မျက်နှာပြင်အပြည့်နီးပါးဒီဇိုင်း ဖြစ်လာပါတယ်။

Leave a Reply