RED Auction အတြက္ စိန္လက္စြပ္ကို ဒီဇိုင္းထုတ္ခဲ့တဲ့ Jony Ive

0
572

Apple ရဲ႕ ဒီဇိုင္းဌာနမွ အႀကီးအကဲ ျဖစ္သူ Jony Ive ဟာ iPad Pro , MacBook Air နဲ႔ Mac Mini ေၾကညာပြဲမွာ ေပ်ာက္ေနပါတယ္။ အေၾကာင္းအရင္းကေတာ့ သူဟာ Masterpiece တစ္ခုကို ဖန္တီးေနလို႔ ျဖစ္ပါတယ္။ အဲဒါကေတာ့ ကြန္ျပဴတာ ၊ စမတ္ဖုန္း၊ တက္ဘလက္မ်ား မဟုတ္ပါဘူး။ လက္စြပ္တစ္ခု ျဖစ္ပါတယ္။

သူဟာ စိန္လက္စြပ္တစ္ခုကို သူငယ္ခ်င္းမ်ား၊ လုပ္ေဖာ္ကိုင္ဖက္ ဒီဇိုင္နာ Marc Newson တို႔နဲ႔ အတူ ဒီဇိုင္းထုတ္ခဲ့တာပါ။ အဲဒီ စိန္လက္စြပ္ကို RED ေလလံပြဲအတြက္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ေလလံပြဲမွ ရတဲ့ ေငြမ်ားကို အာဖရိက ၈ ႏိုင္ငံမွာ HIV/AIDS ေရာဂါကို တိုက္ဖ်က္ဖို႔ အသံုးျပဳမွာ ျဖစ္ပါတယ္။

ေလလံပြဲမွာ အႏုိင္ရသူအတြက္ သူ႔ရဲ႕ လက္အတိုင္းအတာနဲ႔ ကိုက္ညီေအာင္ လက္စြပ္ကို ဖန္တီးေပးမွာ ျဖစ္ပါတယ္။ အဲဒီ လက္စြပ္ကို ေဒၚလာ ၁၅၀ ၀၀၀ နဲ႔ ၂၅၀ ၀၀၀ အၾကားမွာ ေရာင္းခ်ႏိုင္ပါတယ္။ ေလလံပြဲကို ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ မိုင္ယာမီမွာ ျပဳလုပ္မွာ ျဖစ္ပါတယ္။

unicode

RED Auction အတွက် စိန်လက်စွပ်ကို ဒီဇိုင်းထုတ်ခဲ့တဲ့ Jony Ive

Apple ရဲ့ ဒီဇိုင်းဌာနမှ အကြီးအကဲ ဖြစ်သူ Jony Ive ဟာ iPad Pro , MacBook Air နဲ့ Mac Mini ကြေညာပွဲမှာ ပျောက်နေပါတယ်။ အကြောင်းအရင်းကတော့ သူဟာ Masterpiece တစ်ခုကို ဖန်တီးနေလို့ ဖြစ်ပါတယ်။ အဲဒါကတော့ ကွန်ပြူတာ ၊ စမတ်ဖုန်း၊ တက်ဘလက်များ မဟုတ်ပါဘူး။ လက်စွပ်တစ်ခု ဖြစ်ပါတယ်။


သူဟာ စိန်လက်စွပ်တစ်ခုကို သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက် ဒီဇိုင်နာ Marc Newson တို့နဲ့ အတူ ဒီဇိုင်းထုတ်ခဲ့တာပါ။ အဲဒီ စိန်လက်စွပ်ကို RED လေလံပွဲအတွက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေလံပွဲမှ ရတဲ့ ငွေများကို အာဖရိက ၈ နိုင်ငံမှာ HIV/AIDS ရောဂါကို တိုက်ဖျက်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။

လေလံပွဲမှာ အနိုင်ရသူအတွက် သူ့ရဲ့ လက်အတိုင်းအတာနဲ့ ကိုက်ညီအောင် လက်စွပ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အဲဒီ လက်စွပ်ကို ဒေါ်လာ ၁၅၀ ၀၀၀ နဲ့ ၂၅၀ ၀၀၀ အကြားမှာ ရောင်းချနိုင်ပါတယ်။ လေလံပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ မိုင်ယာမီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Leave a Reply