Huawei က လာမယ့္ႏွစ္မွာ အေနာက္ကင္မရာ ၄ လံုး ပါတဲ့ ဖုန္းကို ေရာင္းမည္

0
555

Huawei က P20 Pro မွာ အေနာက္ကင္မရာ ၃ လံုးကို ထည့္သြင္းေပးခဲ့ပါတယ္။ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ Mate 20 Series မ်ားမွာလည္း ကင္မရာ ၃ လံုး ထည့္သြင္းေပးထားပါတယ္။ ဟြာေ၀းရဲ႕ အရာရွိ Walter Ji က လာမယ့္ႏွစ္ထုတ္ ဖုန္း ၂ လံုးမွာ အေနာက္ကင္မရာ ၄ လံုး ပါၿပီး 10x Zoom ကို ေထာက္ပံ့မယ္လို႔ ေျပာပါတယ္။

သူက “ လာမယ့္ႏွစ္ထုတ္ ဖုန္းမ်ားမွာ ကင္မရာကို အဓိက တီထြင္ဆန္းသစ္ထားမွာျဖစ္ၿပီး အခုေတာ့ အေနာက္ကင္မရာ ၃ လံုးနဲ႔ ေနာက္ႏွစ္မွာ ၄ လံုး ထည့္သြင္းလာႏိုင္ပါတယ္။ လက္ရွိ ၃ ဆ၊ ၅ ဆ Zoom မ်ားက မလံုေလာက္ပါဘူး။ ၁၀ ဆ Zoom စြမ္းရည္က တကယ္ေကာင္းမွာပါ။ စားသံုးသူမ်ား အံ့အားသင့္ေစမွာပါ။ “ လို႔ ေျပာပါတယ္။

တန္ဖိုးနည္း ဖုန္းမ်ား ထုတ္လုပ္ေရာင္းခ်တာနဲ႔ ပတ္သက္ၿပီး သူက “ စြမ္းရည္နိမ့္ ဖုန္းမ်ားမွာ User Experience ဟာ သိပ္မေကာင္းပါဘူး။ အဲဒီအတြက္ ဟြာေ၀း ဘရန္းအတြက္ သိပ္မေကာင္းပါဘူး။ “ လို႔ ေျပာပါတယ္။ အဲဒီအတြက္ ဟြာေ၀းရဲ႕ Sub-brand ျဖစ္တဲ့ Honor ကေနသာ တန္ဖိုးနည္း ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။

ေနာက္ဆံုးမွာေတာ့ သူက Android One Device မ်ား ထုတ္လုပ္ေရာင္းခ်ျခင္းနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။ သူက အဲဒီ ဖုန္းေတြကို စမ္းသပ္ ေရာင္းခ်ေပးခဲ့ေပမယ့္ လူသိပ္မႀကိဳက္ဘူးလို႔ ထင္ေၾကာင္း ေျပာပါတယ္။

unicode

Huawei က လာမယ့်နှစ်မှာ အနောက်ကင်မရာ ၄ လုံး ပါတဲ့ ဖုန်းကို ရောင်းမည်

Huawei က P20 Pro မှာ အနောက်ကင်မရာ ၃ လုံးကို ထည့်သွင်းပေးခဲ့ပါတယ်။ နောက်ဆုံးထုတ် စွမ်းရည်မြင့် Mate 20 Series များမှာလည်း ကင်မရာ ၃ လုံး ထည့်သွင်းပေးထားပါတယ်။ ဟွာဝေးရဲ့ အရာရှိ Walter Ji က လာမယ့်နှစ်ထုတ် ဖုန်း ၂ လုံးမှာ အနောက်ကင်မရာ ၄ လုံး ပါပြီး 10x Zoom ကို ထောက်ပံ့မယ်လို့ ပြောပါတယ်။

သူက “ လာမယ့်နှစ်ထုတ် ဖုန်းများမှာ ကင်မရာကို အဓိက တီထွင်ဆန်းသစ်ထားမှာဖြစ်ပြီး အခုတော့ အနောက်ကင်မရာ ၃ လုံးနဲ့ နောက်နှစ်မှာ ၄ လုံး ထည့်သွင်းလာနိုင်ပါတယ်။ လက်ရှိ ၃ ဆ၊ ၅ ဆ Zoom များက မလုံလောက်ပါဘူး။ ၁၀ ဆ Zoom စွမ်းရည်က တကယ်ကောင်းမှာပါ။ စားသုံးသူများ အံ့အားသင့်စေမှာပါ။ “ လို့ ပြောပါတယ်။

တန်ဖိုးနည်း ဖုန်းများ ထုတ်လုပ်ရောင်းချတာနဲ့ ပတ်သက်ပြီး သူက “ စွမ်းရည်နိမ့် ဖုန်းများမှာ User Experience ဟာ သိပ်မကောင်းပါဘူး။ အဲဒီအတွက် ဟွာဝေး ဘရန်းအတွက် သိပ်မကောင်းပါဘူး။ “ လို့ ပြောပါတယ်။ အဲဒီအတွက် ဟွာဝေးရဲ့ Sub-brand ဖြစ်တဲ့ Honor ကနေသာ တန်ဖိုးနည်း ဖုန်းများကို ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။

နောက်ဆုံးမှာတော့ သူက Android One Device များ ထုတ်လုပ်ရောင်းချခြင်းနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ သူက အဲဒီ ဖုန်းတွေကို စမ်းသပ် ရောင်းချပေးခဲ့ပေမယ့် လူသိပ်မကြိုက်ဘူးလို့ ထင်ကြောင်း ပြောပါတယ်။

Leave a Reply