0
651
unicode
Google Pixel 3 အတွက် Night Sight Camera Mode ရပြီ
Google Pixel 3 နဲ့ Pixel 3 XL တို့အတွက် Night Sight အမည်ရ ကင်မရာ လုပ်ဆောင်ချက်ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဟွာဝေးရဲ့ စွမ်းရည်မြင့် ဖုန်းများမှာပါတဲ့ Night Mode နဲ့ တူပြီး အလင်းရောင် နည်းပါးတဲ့အခြေအနေများမှာ ဓါတ်ပုံကောင်းများ ဖန်တီးပေးနိုင်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို Pixel 3 Phone များရဲ့ အနောက်ကင်မရာ သာမက အရှေ့ ကင်မရာ နှစ်လုံးကပါ အသုံးချနိုင်တာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများဟာ အလင်းရောင်နည်းပါးတဲ့ အခြေအနေကို အာရုံခံနိုင်ပြီး Night Sight Mode ကို သုံးဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ စကရင်မှာ ပေါ်လာတာကို နှိပ်ပြီး ဒီလုပ်ဆောင်ချက်ကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။
Shutter Button ကို မနှိပ်ခင်နဲ့ နှိပ်အပြီးမှာ ဖုန်းကို တည်ငြိမ်စွာ ကိုင်ထားဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ ဖုန်းဟာ အလင်းရောင်ကို တတ်နိုင်သလောက် ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ရိုက်မယ့် လူ သို့မဟုတ် အရာဝတ္ထုများကိုလည်း တည်ငြိမ်အောင် ထားမှသာ Blur ကင်းတဲ့ ဓါတ်ပုံကို ရရှိမှာ ဖြစ်ပါတယ်။
ဂူဂယ်လ်က “ Night Sight က သင် Shutter Button ကို မနှိပ်ခင်မှာ သင့်လက်ရဲ့ တုန်ခါမှုနဲ့ ရှုခင်းရဲ့ လှုပ်ရှားမှုများကို တိုင်းတာမှာပါ။ ဖုန်းနဲ့ ရှုခင်းဟာ တည်ငြိမ်နေတယ်ဆိုရင် Night Sight က Noise ကို လျှော့ချဖို့ အတွက် အချိန်ပိုယူနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။
Leave a Reply