Laptop/PC Trending

Apple ရဲ႕ ေနာက္ဆံုးထုတ္ iPad Pro ကို လက္ျဖင့္ လြယ္ကူစြာ ေကြးခ်ိဳးႏိုင္

စမတ္ဖုန္း၊ တက္ဘလက္မ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုမ်ားကို မွ်ေ၀ေနတဲ့ JerryRigEverything က ေနာက္ဆံုးထုတ္ အိုင္ပတ္ ပရိုကို စမ္းသပ္လိုက္ပါတယ္။ ဗီဒီယိုမွာ တက္ဘလက္ကို လက္ျဖင့္ လြယ္ကူစြာ ေကြးခ်ိဳးႏုိင္တာကို ျမင္ရပါတယ္။ အဲဒီအတြက္ တက္ဘလက္ဟာ သိပ္ၿပီး မာေက်ာမႈ မရွိပါဘူး။ အလယ္ကေန ထက္ပိုင္း ခ်ိဳးခ်သြားတာကို ျမင္ရပါတယ္။

JerryRigEverything ရဲ႕ ဗီဒီယို သာမကဘဲ ဖိုရမ္မ်ားမွာလည္း တက္ဘလက္ အသစ္ကို ၁ ရက္၊ ၂ ရက္ေလာက္သာ သံုးၿပီးတဲ့ အခါမွာ အနည္းငယ္ ေကြးညႊတ္သြားတဲ့ ျပႆနာမ်ားကို ေဆြးေႏြးေနၾကပါတယ္။ အခ်ိဳ႕ကလည္း ေက်ာပိုးအိတ္ထဲ ထည့္သြင္းတာေတာင္ ေကြးညႊတ္သြားတယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ တက္ဘလက္မ်ားဟာ အရြယ္ႀကီးၿပီး ပါးလႊာတဲ့အတြက္ ေကြးခ်ိဳးတဲ့ ဒဏ္ကို သိပ္ၿပီး ခံႏုိင္ရည္ မရွိပါဘူး။ Samsung Galaxy Tab S4 ကိုလည္း ဒီလို ေကြးခ်ိဳးျပခဲ့ဖူးပါတယ္။ Apple ကလည္း တက္ဘလက္ အသစ္ရဲ႕ မာေၾကာမႈကို နည္းလမ္းမ်ားစြာနဲ႔ စမ္းသပ္ထားမွာပါ။ ယခု ျပႆနာကိုေတာ့ ကုမၸဏီက တုန္႔ျပန္ျခင္း မရွိေသးပါဘူး။

အိုင္ပတ္ ပရို အသစ္ကို ၀ယ္ထားသူမ်ား ၊ ၀ယ္မယ့္ သူမ်ားအတြက္ စိတ္ပူစရာ မလိုပါဘူး။ အဲဒီ တက္ဘလက္ အတြက္ Apple ထုတ္ထားတဲ့ Case ကို ၀ယ္ယူ အသံုးျပဳႏုိင္ပါတယ္။ JerryRigEverything ရဲ႕ ဗီဒီယိုကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

unicode

Apple ရဲ့ နောက်ဆုံးထုတ် iPad Pro ကို လက်ဖြင့် လွယ်ကူစွာ ကွေးချိုးနိုင်

စမတ်ဖုန်း၊ တက်ဘလက်များရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုများကို မျှဝေနေတဲ့ JerryRigEverything က နောက်ဆုံးထုတ် အိုင်ပတ် ပရိုကို စမ်းသပ်လိုက်ပါတယ်။ ဗီဒီယိုမှာ တက်ဘလက်ကို လက်ဖြင့် လွယ်ကူစွာ ကွေးချိုးနိုင်တာကို မြင်ရပါတယ်။ အဲဒီအတွက် တက်ဘလက်ဟာ သိပ်ပြီး မာကျောမှု မရှိပါဘူး။ အလယ်ကနေ ထက်ပိုင်း ချိုးချသွားတာကို မြင်ရပါတယ်။

JerryRigEverything ရဲ့ ဗီဒီယို သာမကဘဲ ဖိုရမ်များမှာလည်း တက်ဘလက် အသစ်ကို ၁ ရက်၊ ၂ ရက်လောက်သာ သုံးပြီးတဲ့ အခါမှာ အနည်းငယ် ကွေးညွှတ်သွားတဲ့ ပြဿနာများကို ဆွေးနွေးနေကြပါတယ်။ အချို့ကလည်း ကျောပိုးအိတ်ထဲ ထည့်သွင်းတာတောင် ကွေးညွှတ်သွားတယ်လို့ ပြောပါတယ်။

ဒါပေမယ့် တက်ဘလက်များဟာ အရွယ်ကြီးပြီး ပါးလွှာတဲ့အတွက် ကွေးချိုးတဲ့ ဒဏ်ကို သိပ်ပြီး ခံနိုင်ရည် မရှိပါဘူး။ Samsung Galaxy Tab S4 ကိုလည်း ဒီလို ကွေးချိုးပြခဲ့ဖူးပါတယ်။ Apple ကလည်း တက်ဘလက် အသစ်ရဲ့ မာကြောမှုကို နည်းလမ်းများစွာနဲ့ စမ်းသပ်ထားမှာပါ။ ယခု ပြဿနာကိုတော့ ကုမ္ပဏီက တုန့်ပြန်ခြင်း မရှိသေးပါဘူး။

အိုင်ပတ် ပရို အသစ်ကို ဝယ်ထားသူများ ၊ ဝယ်မယ့် သူများအတွက် စိတ်ပူစရာ မလိုပါဘူး။ အဲဒီ တက်ဘလက် အတွက် Apple ထုတ်ထားတဲ့ Case ကို ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ JerryRigEverything ရဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.