Enterprise Social Trending

မျိုးဆက်သစ် iPhone များအတွက် ကိုယ်ပိုင် modem ဖန်တီးသွားမယ့် Apple

Zawgyi Version




Unicode Version

Apple-Qualcomm ဆက်ဆံရေးကတော့ သိပ်မကောင်းလှပါဘူး။ patent နဲ့ သစ္စာတရားစတာတွေက ကွယ်ပျောက်လုနီးပါး ဖြစ်နေပါတယ်။ Apple က Intel ကို 2018 iPhone တွေရဲ့ modem ထောက်ပံ့သူအဖြစ် ရွေးချယ်ခဲ့ပါတယ်။ Qualcomm model တွေကို မသုံးသလောက်ဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးရထားတဲ့သတင်းအရဆိုရင်တော့ Intel-Apple ပူးပေါင်းမှုကလည်း သက်တမ်းတိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မျိုးဆက်သစ်ဖုန်းတွေအတွက် ကိုယ်ပိုင် modem ကို ဒီဇိုင်းထုတ်နေပါသတဲ့။
Apple ဟာ San Diego မှာရှိတဲ့ အင်ဂျင်နီယာအဖွဲ့တစ်ခုကို ငှားရမ်းဖို့ရှာနေပြီးတော့ သူ့ရဲ့ကိုယ်ပိုင် Neural Engine AI chip နဲ့ wireless chip တွေ လုပ်ဆောင်တော့မှာပါ။ ဒါကြောင့် Apple ဟာ သူ့ရဲ့ထောက်ပံ့သူတွေ တဖြည်းဖြည်းဖြုတ်ပစ်တော့မှာပါ။ ဒါဆိုရင် ၂၀၂၀ခုနှစ်မှာ iPhone တွေကို 5G chip တွေနဲ့ တွေ့မြင်နိုင်ဖို့ မျှော်မှန်းထားလို့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.