
0
703




unicode

EA က ပီစီများအတွက် မူလ Command & Conquer Game ကို 4K ထုတ်ပေးမည်

Command & Conquer Fans များအတွက် ဝမ်းသာစရာ သတင်းပါ။ EA က ပီစီများအတွက် မူလ Command & Conquer Game ကို 4K ထုတ်ပေးဖို့ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Command & Conquer: Tiberian Dawn နဲ့ Command & Conquer: Red Alert ၂ ခု စလုံးအတွက် 4K ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ဖို့ အတွက် EA က Command & Conquer ကို ဖန်တီးထားတဲ့ Petroglyph Games နဲ့ ပူးပေါင်းထားပါတယ်။ ဂိမ်း ၂ ခု စလုံးအတွက် တေးဂီတကို ဖန်တီးပေးထာတဲ့ Frank Klepacki လည်း ပါဝင်ထားပါတယ်။

ဒါ့အပြင် EA က ဂရပ်ဖစ်အပိုင်းကို 4K ပြောင်းဖို့ အတွက် Lemon Sky Studio နဲ့ ပူးပေါင်းထားပါတယ်။ Lemon Sky Studio ဟာ အခြား ပီစီ ဂိမ်း ဖြစ်တဲ့ StarCraft ကိုလည်း 4K ဖြစ်ဖို့ ယခင်နှစ်က ပြုလုပ်ပေးခဲ့ပါတယ်။ အခမဲ့ ကစားနိုင်တဲ့ Command & Conquer : Rivals ကို လာမယ့်လမှာ iOS နဲ့ Android တို့အတွက် ဖြန့်ချီပေးမှာဖြစ်ပါတယ်။

Leave a Reply