8K Video ဖမ္းယူႏိုင္ၿပီး AI ပါတဲ့ Mobile Chip အသစ္ကို မိတ္ဆက္လိုက္တဲ့ Samsung

0
645

Samsung က သူ႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ မိုဘိုင္း ခ်စ္ပ္ အသစ္ျဖစ္တဲ့ Exynos 9820 ကို ေၾကညာလိုက္ပါတယ္။ သူဟာ Neural Processing Unit (NPU) ပါတဲ့ ဆမ္ေဆာင္းရဲ႕ ပထမဆံုး ခ်စ္ပ္ ျဖစ္သလို 8nm နည္းပညာကို အသံုးျပဳ ဖန္တီးထားတဲ့ ပထမဆံုး ပေရာ္ဆက္ဆာလည္း ျဖစ္ပါတယ္။ သူဟာ Galaxy S9 မွာ သံုးထားတဲ့ Chip ထက္ Multi-core စြမ္းေဆာင္ရည္ အပိုင္းမွာ ၁၅ ရာခုိင္ႏႈန္းတိုးတက္လာၿပီး စြမ္းအင္ စားသံုးမႈ အပိုင္းမွာ ၄၀ ရာခုိင္ႏႈန္း သက္သာလာပါတယ္။

စြမ္းေဆာင္ရည္ တိုးတက္လာတဲ့ အျပင္ Exynos 9820 မွာ 8K Video မ်ားကို ရိုက္ကူးဖို႔ ေထာက္ပံ့လာႏုိင္ပါတယ္။ App နဲ႔ ဖုိင္မ်ား ဖြင့္ရင္ အလြန္ လွ်င္ျမန္လာတဲ့ UFS 3.0 Storage ကို ေထာက္ပံ့လာပါတယ္။ 2Gbps Download Speed ရရွိေစတဲ့ Modem ပါပါတယ္။ ယခင္မ်ိဳးဆက္ Modem က 1.2Gbps ကိုသာ ေထာက္ပံ့ပါတယ္။

ဒါေပမယ့္ မိုဒမ္ဟာ 5G ကို မေထာက္ပံ့ေသးပါဘူး။ ေနာက္ထုတ္မယ့္ ေကြးညႊတ္ Galaxy F နဲ႔ Galaxy S10 မ်ားမွာ အဲဒီ Chip ကို အသံုးျပဳလာႏုိင္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ သတင္းမ်ားက S10 မွာ 5G စြမ္းရည္ပါလာမယ္လို႔ ေျပာေနတဲ့ အတြက္ အဲဒီဖုန္းမွာ Qualcomm Processor ကို သံုးထားႏုိင္ပါတယ္။

Samsung ဟာ Apple နဲ႔ Huawei တို႔ၿပီးေနာက္ AI ပါတဲ့ Chip Trend ကို ဖန္တီးတဲ့ ကုမၸဏီ ျဖစ္လာပါတယ္။ ဆမ္ေဆာင္းရဲ႕ NPU ဟာ ဖုန္း ကင္မရာကေန အရာ၀တၳဳနဲ႔ ရႈခင္းမ်ားကို ခြဲျခမ္းစိတ္ျဖာၿပီး ဓါတ္ပံုေကာင္းမ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ AR, VR မ်ားကိုလည္း ေထာက္ပံ့ေပးမွာပါ။ ယခုႏွစ္ကုန္မွာ အေျမာက္အမ်ားထုတ္လုပ္မွာပါ။

unicode

8K Video ဖမ်းယူနိုင်ပြီး AI ပါတဲ့ Mobile Chip အသစ်ကို မိတ်ဆက်လိုက်တဲ့ Samsung

Samsung က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် မိုဘိုင်း ချစ်ပ် အသစ်ဖြစ်တဲ့ Exynos 9820 ကို ကြေညာလိုက်ပါတယ်။ သူဟာ Neural Processing Unit (NPU) ပါတဲ့ ဆမ်ဆောင်းရဲ့ ပထမဆုံး ချစ်ပ် ဖြစ်သလို 8nm နည်းပညာကို အသုံးပြု ဖန်တီးထားတဲ့ ပထမဆုံး ပရော်ဆက်ဆာလည်း ဖြစ်ပါတယ်။ သူဟာ Galaxy S9 မှာ သုံးထားတဲ့ Chip ထက် Multi-core စွမ်းဆောင်ရည် အပိုင်းမှာ ၁၅ ရာခိုင်နှုန်းတိုးတက်လာပြီး စွမ်းအင် စားသုံးမှု အပိုင်းမှာ ၄၀ ရာခိုင်နှုန်း သက်သာလာပါတယ်။

စွမ်းဆောင်ရည် တိုးတက်လာတဲ့ အပြင် Exynos 9820 မှာ 8K Video များကို ရိုက်ကူးဖို့ ထောက်ပံ့လာနိုင်ပါတယ်။ App နဲ့ ဖိုင်များ ဖွင့်ရင် အလွန် လျှင်မြန်လာတဲ့ UFS 3.0 Storage ကို ထောက်ပံ့လာပါတယ်။ 2Gbps Download Speed ရရှိစေတဲ့ Modem ပါပါတယ်။ ယခင်မျိုးဆက် Modem က 1.2Gbps ကိုသာ ထောက်ပံ့ပါတယ်။

ဒါပေမယ့် မိုဒမ်ဟာ 5G ကို မထောက်ပံ့သေးပါဘူး။ နောက်ထုတ်မယ့် ကွေးညွှတ် Galaxy F နဲ့ Galaxy S10 များမှာ အဲဒီ Chip ကို အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် အချို့ သတင်းများက S10 မှာ 5G စွမ်းရည်ပါလာမယ်လို့ ပြောနေတဲ့ အတွက် အဲဒီဖုန်းမှာ Qualcomm Processor ကို သုံးထားနိုင်ပါတယ်။

Samsung ဟာ Apple နဲ့ Huawei တို့ပြီးနောက် AI ပါတဲ့ Chip Trend ကို ဖန်တီးတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ဆမ်ဆောင်းရဲ့ NPU ဟာ ဖုန်း ကင်မရာကနေ အရာဝတ္ထုနဲ့ ရှုခင်းများကို ခွဲခြမ်းစိတ်ဖြာပြီး ဓါတ်ပုံကောင်းများကို ဖန်တီးပေးနိုင်ပါတယ်။ AR, VR များကိုလည်း ထောက်ပံ့ပေးမှာပါ။ ယခုနှစ်ကုန်မှာ အမြောက်အများထုတ်လုပ်မှာပါ။

Leave a Reply