Smartphone Trending

Samsung ေကြးညႊတ္ ဖုန္းရဲ႕ ဓါတ္ပံု ထြက္ေပၚလာ

ဆမ္ေဆာင္းက ၿပီးခဲ့တဲ့တစ္ပတ္က က်င္းပခဲ့တဲ့ သူ႔ရဲ႕ Developer Conference (SCD) မွာ ေကြးညႊတ္ ႏုိင္တဲ့ Infinity Flex Display ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေကြးညႊတ္ ဖုန္းမ်ားမွာ သာမက သာမာန္ ဖုန္းမ်ားမွာလည္း ထည့္သြင္းမွာပါ။ ဆမ္ေဆာင္းက ပြဲမွာ စြမ္းရည္ျပည့္ ေကြးညႊတ္ ဖုန္းကို ျပသခဲ့ျခင္း မရွိေပမယ့္ နမူနာေမာ္ဒယ္ကို ျပသခဲ့ပါတယ္။ ဒါေပမယ့္ ဖုန္းကို ျပသျခင္း မရွိဘဲ ဓါတ္ပံုကိုသာ ျပသခဲ့တာပါ။

အခုေတာ့ LetsGoDigital က အဲဒီ ဖုန္းရဲ႕ ဒီဇိုင္းကို အေသးစိတ္ျပသထားတဲ့ ဓါတ္ပံုကို မွ်ေ၀လိုက္ပါတယ္။ အဲဒီပံုဟာ ဆမ္ေဆာင္းရဲ႕ တရား၀င္ပုံျဖစ္ႏုိင္ပါတယ္။ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္မ်ားကို လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ Mobile World Congress မွာ ပိုၿပီး သိရမွာပါ။ ဆမ္ေဆာင္းက သူ႔ရဲ႕ ေစ်းႏႈန္းကို မေျပာေသးေပမယ့္ ၁၇၇၀ ေဒၚလာ ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။ မတ္လမွာ ေရာင္းခ်မွာျဖစ္ပါတယ္။

သူ႔ကို ျဖန္႔ၿပီး တက္ဘလက္လို သံုးရင္ ၇.၃ လက္မ မ်က္ႏွာျပင္ကို သံုးႏုိင္မွာပါ။ ေခါက္ခ်ိဳးထားရင္ ၄.၅၈ လက္မ မ်က္ႏွာျပင္ကို အသံုးျပဳႏိုင္မွာပါ။ မ်က္နွာျပင္ အခ်ိဳးက အလြန္ ရွည္လ်ားပါတယ္။ အဲဒီအတြက္ လက္တစ္ဖက္ထဲနဲ႔ စကရင္ေအာက္ဘက္ျခမ္းမွာ App မ်ားကို အသံုးျပဳႏုိင္မယ့္ One UI ကုိ ဖန္တီးထားပါတယ္။ ဆမ္ေဆာင္းက One UI ကို Google နဲ႔ Android Developer မ်ားနဲ႔ နီးကပ္စြာ ပူးေပါင္း ဖန္တီးထားတာပါ။

တက္ဘလက္လို သံုးသံုး၊ ဖုန္းလို သံုးသံုး One UI က Content မ်ားကို အဆင္ေျပစြာ ျပသေပးမွာပါ။ One UI မွာ App ၃ ခုကို တစ္ၿပိဳင္နက္ သံုးႏုိင္တဲံ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ ေကြးညႊတ္ ဖုန္း မ်က္ႏွာျပင္ရဲ႕ Pixel သိပ္သည္းဆက ၄၂၀ ျဖစ္တဲ့ ထိပ္တန္းဖုန္းမ်ားေလာက္ေတာ့ မျမင့္မားပါဘူး။

unicode

Samsung ကွေးညွှတ် ဖုန်းရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

ဆမ်ဆောင်းက ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ သူ့ရဲ့ Developer Conference (SCD) မှာ ကွေးညွှတ် နိုင်တဲ့ Infinity Flex Display ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ကွေးညွှတ် ဖုန်းများမှာ သာမက သာမာန် ဖုန်းများမှာလည်း ထည့်သွင်းမှာပါ။ ဆမ်ဆောင်းက ပွဲမှာ စွမ်းရည်ပြည့် ကွေးညွှတ် ဖုန်းကို ပြသခဲ့ခြင်း မရှိပေမယ့် နမူနာမော်ဒယ်ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းကို ပြသခြင်း မရှိဘဲ ဓါတ်ပုံကိုသာ ပြသခဲ့တာပါ။

အခုတော့ LetsGoDigital က အဲဒီ ဖုန်းရဲ့ ဒီဇိုင်းကို အသေးစိတ်ပြသထားတဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။ အဲဒီပုံဟာ ဆမ်ဆောင်းရဲ့ တရားဝင်ပုံဖြစ်နိုင်ပါတယ်။ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်များကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ပိုပြီး သိရမှာပါ။ ဆမ်ဆောင်းက သူ့ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် ၁၇၇၀ ဒေါ်လာ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ မတ်လမှာ ရောင်းချမှာဖြစ်ပါတယ်။

သူ့ကို ဖြန့်ပြီး တက်ဘလက်လို သုံးရင် ၇.၃ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် အချိုးက အလွန် ရှည်လျားပါတယ်။ အဲဒီအတွက် လက်တစ်ဖက်ထဲနဲ့ စကရင်အောက်ဘက်ခြမ်းမှာ App များကို အသုံးပြုနိုင်မယ့် One UI ကို ဖန်တီးထားပါတယ်။ ဆမ်ဆောင်းက One UI ကို Google နဲ့ Android Developer များနဲ့ နီးကပ်စွာ ပူးပေါင်း ဖန်တီးထားတာပါ။

တက်ဘလက်လို သုံးသုံး၊ ဖုန်းလို သုံးသုံး One UI က Content များကို အဆင်ပြေစွာ ပြသပေးမှာပါ။ One UI မှာ App ၃ ခုကို တစ်ပြိုင်နက် သုံးနိုင်တဲံ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ကွေးညွှတ် ဖုန်း မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆက ၄၂၀ ဖြစ်တဲ့ ထိပ်တန်းဖုန်းများလောက်တော့ မမြင့်မားပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.