မက္ဇူကာဘတ္က Facebook အမႈေဆာင္မ်ားအား Android ပဲသံုးရန္ေျပာၾကား

0
1234

Zawgyi Version

ဒီျဖစ္ရပ္ကေတာ့ Apple စီအီးအိုျဖစ္သူ တင္ကြတ္ရဲ႕ ေ၀ဖန္သံုးသပ္ခ်က္ေတြ ထြက္ေပၚအျပီးမွာ ျဖစ္ခဲ့တာပါ။

မတ္ဇူကာဘတ္ကေတာ့ ရန္ျငိဳးရန္စေတြ ထားလိုက္ျပီနဲ႕တူပါတယ္။

The New York Times ရဲ႕ တင္ျပခ်က္အရ Apple စီအီးအို တင္ကြတ္ဟာ သူတို႕ရဲ႕ အရွဳပ္ေတာ္ပံုတစ္ခုျဖစ္တဲ့ Cambridge Analytica ကိစၥကို ေ၀ဖန္သံုးသပ္ခ်က္တစ္ခုျပဳလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ အမႈေဆာင္ေတြကို Android ဖုန္းေတြသာ အသံုးျပဳဖုိ႕ ေျပာၾကားလိုက္တယ္ဆိုတဲ့သတင္းလည္း ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႕ဟာ သင့္ရဲ႕ကိုယ္ပုိင္ဘ၀ထဲကို ၀င္ေရာက္စြက္ဖက္မွာ မဟုတ္ပါဘူး”ဆိုတဲ့အေၾကာင္းကို MSNBC နဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။ “Privacy ဆိုတာ ကၽြန္ေတာ္တို႕အတြက္ကေတာ့ လူ႕အခြင့္အေရးတစ္ခုပါ။ ဒါဟာ အမ်ားျပည္သူေတြနဲ႕သက္ဆုိင္တဲ့ လြတ္လပ္မႈတစ္ခုပါပဲ။”

အဲဒီလိုေျပာၾကားအျပီးေနာက္မွာ ဇူကာဘတ္ဟာ သူ႕ရဲ႕အမႈေဆာင္ေတြကို Android ဖုန္းေတြသာ အသံုးျပဳဖို႕ ေျပာဆိုခဲ့ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ Apple ရဲ႕ iPhone OS ထက္ ကမာၻတစ္၀န္းမွာ အသံုးျပဳေနၾကတဲ့ OS တစ္ခုျဖစ္လို႕ပါ။ ဇူကာဘတ္ရဲ႕ အမႈေဆာင္ေတြက Android ေျပာင္းသံုးခဲ့သလားဆိုတာကေတာ့ မျမင္သာပါဘူး။ Facebook ကလည္း ဒီအေၾကာင္းကို တံု႕ျပန္ေျပာဆိုထားျခင္း မရွိေသးပါဘူး။

Facebook ဟာ Cambridge Analytica ရဲ႕ဖြင့္ထုတ္မႈေၾကာင့္ ထိခိုက္ထားတဲ့အေကာင့္ေတြနဲ႕ပတ္သတ္ျပီးေတာ့ သံုးစြဲသူ၈၇သန္းအေကာင့္ေတြကို ဘယ္လိုလုပ္ေပးမလဲဆိုတာ The Guardian နဲ႕ The New York Times တို႕က ဖိအားေတြေပးခဲ့ပါတယ္။

Apple ကလည္း user privacy နဲ႕ပတ္သတ္လာတဲ့အတြက္ေၾကာင့္ ၀င္ပါျဖစ္တာျဖစ္ႏုိင္ပါတယ္။ ကြတ္ကလည္း အင္တာဗ်ဴးအေတာ္မ်ားမ်ားမွာ သတိေပးထားပါတယ္။ MSNBC interview မွာ ကြတ္က သူ႕ရဲ႕လုပ္ငန္းဟာ သံုးစြဲသူေတြရဲ႕အသိမပါဘဲ အခ်က္အလက္ေရာင္းခ်ျခင္းေတြ မလုပ္သြားဘူးလို႕ ေျပာထားပါတယ္။

“အမွန္ကေတာ့ ကၽြန္ေတာ္တို႕ရဲ႕သံုးစြဲသူေတြကို ေငြသားအျဖစ္နဲ႕ေျပာင္းလဲမယ္ဆိုရင္ ေငြသားအေတာ္မ်ားမ်ားရႏုိင္မွာပါ။ ဒါဆိုရင္ ကၽြန္ေတာ္တို႕သံုးစြဲသူေတြက ကၽြန္ေတာ္တို႕အတြက္ ထုတ္ကုန္တစ္ခုျဖစ္လာမွာပါ။ ကၽြန္ေတာ္တို႕ ဒါမ်ိဳး မလုပ္ပါဘူး။”

Unicode Version

ဒီဖြစ်ရပ်ကတော့ Apple စီအီးအိုဖြစ်သူ တင်ကွတ်ရဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်အပြီးမှာ ဖြစ်ခဲ့တာပါ။
မတ်ဇူကာဘတ်ကတော့ ရန်ငြိုးရန်စတွေ ထားလိုက်ပြီနဲ့တူပါတယ်။
The New York Times ရဲ့ တင်ပြချက်အရ Apple စီအီးအို တင်ကွတ်ဟာ သူတို့ရဲ့ အရှုပ်တော်ပုံတစ်ခုဖြစ်တဲ့ Cambridge Analytica ကိစ္စကို ဝေဖန်သုံးသပ်ချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမှုဆောင်တွေကို Android ဖုန်းတွေသာ အသုံးပြုဖို့ ပြောကြားလိုက်တယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ သင့်ရဲ့ကိုယ်ပိုင်ဘဝထဲကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး”ဆိုတဲ့အကြောင်းကို MSNBC နဲ့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ “Privacy ဆိုတာ ကျွန်တော်တို့အတွက်ကတော့ လူ့အခွင့်အရေးတစ်ခုပါ။ ဒါဟာ အများပြည်သူတွေနဲ့သက်ဆိုင်တဲ့ လွတ်လပ်မှုတစ်ခုပါပဲ။”
အဲဒီလိုပြောကြားအပြီးနောက်မှာ ဇူကာဘတ်ဟာ သူ့ရဲ့အမှုဆောင်တွေကို Android ဖုန်းတွေသာ အသုံးပြုဖို့ ပြောဆိုခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Apple ရဲ့ iPhone OS ထက် ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေကြတဲ့ OS တစ်ခုဖြစ်လို့ပါ။ ဇူကာဘတ်ရဲ့ အမှုဆောင်တွေက Android ပြောင်းသုံးခဲ့သလားဆိုတာကတော့ မမြင်သာပါဘူး။ Facebook ကလည်း ဒီအကြောင်းကို တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။
Facebook ဟာ Cambridge Analytica ရဲ့ဖွင့်ထုတ်မှုကြောင့် ထိခိုက်ထားတဲ့အကောင့်တွေနဲ့ပတ်သတ်ပြီးတော့ သုံးစွဲသူ၈၇သန်းအကောင့်တွေကို ဘယ်လိုလုပ်ပေးမလဲဆိုတာ The Guardian နဲ့ The New York Times တို့က ဖိအားတွေပေးခဲ့ပါတယ်။
Apple ကလည်း user privacy နဲ့ပတ်သတ်လာတဲ့အတွက်ကြောင့် ဝင်ပါဖြစ်တာဖြစ်နိုင်ပါတယ်။ ကွတ်ကလည်း အင်တာဗျူးအတော်များများမှာ သတိပေးထားပါတယ်။ MSNBC interview မှာ ကွတ်က သူ့ရဲ့လုပ်ငန်းဟာ သုံးစွဲသူတွေရဲ့အသိမပါဘဲ အချက်အလက်ရောင်းချခြင်းတွေ မလုပ်သွားဘူးလို့ ပြောထားပါတယ်။
“အမှန်ကတော့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို ငွေသားအဖြစ်နဲ့ပြောင်းလဲမယ်ဆိုရင် ငွေသားအတော်များများရနိုင်မှာပါ။ ဒါဆိုရင် ကျွန်တော်တို့သုံးစွဲသူတွေက ကျွန်တော်တို့အတွက် ထုတ်ကုန်တစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့ ဒါမျိုး မလုပ်ပါဘူး။”

Leave a Reply