Xiaomi Mi 8 Lite ရဲ့ 4GB RAM / 128GB Storage Model ထွက်လာ

0
755




unicode

Xiaomi Mi 8 Lite ရဲ့ 4GB RAM / 128GB Storage Model ထှကျလာ

ရှောင်မီက Mi 8 Lite အတွက် မော်ဒယ် သုံးခု ထုတ်လုပ်ပေးထားပါတယ်။ 6/64 , 6/128 နဲ့ 4/64GB များ ဖြစ်ပါတယ်။ အခုတော့ တရုတ်မှာ နောက်ထပ် မော်ဒယ် တစ်ခုကို ရောင်းချပေးတော့မှာ ဖြစ်ပြီး သူ့မှာ 4/128GB များ ပါပါတယ်။ သူ့ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ တရုတ်မှာတော့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြား နိုင်ငံများမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Xiaomi Mi 8 Lite မှာ ၆.၂၆ လက်မ 1080x2280p LCD ထည့်သွင်းထားပါတယ်။ Chipset က Snapdragon 660 ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP + 5MP နဲ့ အရှေ့ဘက်မှာ 24MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ 3,350mAh ထည့်သွင်းထားပါတယ်။

Mi 8 Lite စမတ်ဖုန်းတွေရဲ့ နောက်ကျောဘက်မှာ Fingerprint Scanner ကိုတပ်ဆင်ထားပါတယ်။ Xiaomi က Mi 8 Series များစွာကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အဲဒီအထဲမှာ စွမ်းဆောင်ရည်သင့် Mi 8 Lite လည်း ပါဝင်ပါတယ်။ Mi 8 Pro ကတော့ Mi 8 Lite ထက် ပိုစွမ်းရည်မြင့်မားပါတယ်။

Leave a Reply