
0
617





unicode

Dual Rear Camera နဲ့ အရွယ်ကြီး ဘက်ထရီ ပါတဲ့ Vivo Y95

Vivo က ပြီးခဲ့တဲ့ ၂ ပတ်က Y93 ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက် Y95 ကို ဖိလစ်ပိုင်မှာ မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ အနောက်ကင်မရာ ၂ လုံးကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ Waterdrop Notch ပါပါတယ်။ ကင်မရာ အပိုင်းမှာ အဆင့်မြှင့်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Y93 မှာ အဲဒီ ကိရိယာ မပါပါဘူး။

ဖိလစ်ပိုင် ငွေ ၁၃ ၉၉၉ သတ်မှတ်ထားပြီး ၂၆၃ ဒေါ်လာ ဝန်းကျင်သာ ရှိပါတယ်။ Starry Black နဲ့ Aurora Red အရောင်များ ရွေးချယ်နိုင်ပါတယ်။ Vivo Store များစွာမှာ ဝယ်ယူနိုင်ပါတယ်။ Lazada ကနေလည်း ရောင်းချပေးပါတယ်။ သူ့မှာ ၆.၂၂ လက်မ IPS HD+ (720×1520 pixels) Display ထည့်သွင်းထားပါတယ်။

1.9GHz 64-bit Snapdragon 439 Octa-core SoC မောင်းနှင်ထားပါတယ်။ 4GB RAM , 64GB Storage ပါပြီး micorSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ 2MP Secondary Camera များ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါပါတယ်။ AI ထောက်ကူထားတဲ့ Face Unlock , Face Beauty , Selfie Flash ပါပါတယ်။

4030mAh Battery က တော်တော် အသုံးခံမှာပါ။ Android 8.1 Oreo အခြေပြု Funtouch OS 4.5 ထည့်သွင်းထားပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို Vivo က မပြောကြားသေးပါဘူး။

Leave a Reply