သင့္ရဲ႕အီးအီးကို scan ဖတ္ျပီး ခံစားေနရတဲ့ေ၀ဒနာေတြကို စစ္ေဆးမယ့္ AI အိမ္သာ

0
803

Zawgyi Version

Micron ရဲ႕ စီအီးအို Mehrotra ကေတာ့ ကၽြန္ေတာ္တို႕ရဲ႕အနာဂတ္အတြက္ လိုအပ္မယ့္ပစၥည္းေတြကို ေရာင္းခ်ဖို႕စဥ္းစားထားပါတယ္။

သင့္အေမရဲ႕မ်က္ႏွာကို ဖတ္ႏုိင္တဲ့ AI ဆိုတာ ၂၀၁၇ မွာ က်န္ခဲ့ျပီ။ ေဒါက္တာဆီသြားစရာမလိုဘဲ မနက္ခင္းခ်ိန္ခါ ကိစၥရွင္းရင္းနဲ႕ ဘယ္လိုေ၀ဒနာေတြ ခံစားေနရသလဲဆိုတာ စစ္ေဆးေပးႏုိင္တဲ့ စမတ္အိမ္သာေတြအတြက္ အသင့္ျပင္ထားလိုက္ပါေတာ့။

မမ္မိုရီ chip ျပားထုတ္လုပ္တဲ့ Micron Technology ရဲ႕ အမႈေဆာင္ Sanjay Mehrotra ကေတာ့ ကၽြန္ေတာ္တို႕ဘ၀အစိတ္အပိုင္းတစ္ခုအျဖစ္နဲ႕ ပါ၀င္ပတ္သတ္လာလိမ့္မယ္လို႕ေမွ်ာ္မွန္းထားပါတယ္တဲ့။

“ေဆးပညာပိုင္းမွာဆိုရင္လည္း တိက်တဲ့ကုသမႈေတြ၊ က်န္းမာေရးနဲ႕သက္ဆုိင္တဲ့ ေဆး၀ါးေတြကို ေပးစြမ္းႏုိင္ေအာင္ လုပ္ေဆာင္ေနၾကပါတယ္”လို႕ ဆန္ဖရန္စစၥကိုမွာက်င္းပခဲ့တဲ့ Techonomy 2018 conference မွာ ေျပာခဲ့ဖူးပါတယ္။ စမတ္အိမ္သာေတြရဲ႕အနာဂတ္ကေတာ့ လူတုိင္းနဲ႕သက္ဆုိင္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ မနက္တုိင္းမွာ အခ်ိန္ကုန္ဆံုးတဲ့ေနရာတစ္ခုျဖစ္ေနလို႕ပါပဲ။ ေျခာက္လတစ္ၾကိမ္ ေဒါက္တာဆီမွာျပသစရာမလုိေတာ့ပါဘူး။ တစ္ခုခုေရာဂါလကၡဏာျပသလာတာနဲ႕ သင့္ကို အသိေပးႏုိင္မွာပါ။ ဆီး၊ ၀မ္း စစ္ေဆးမႈေတြကေနတစ္ဆင့္ အေၾကာင္းျပန္ေပးသြားမွာ ျဖစ္ပါတယ္။

ေဆးပညာေတြကလည္း AI ရဲ႕ေျပာင္းလဲမႈကို ခံေနရတာျဖစ္ပါတယ္။ pattern အမ်ိဳးအစားေပၚမွာမူတည္ျပီးေတာ့ နည္းပညာေတြနဲ႕ေပါင္းစပ္ကာ သင့္ရဲ႕က်န္းမာေရးအေျခအေနကို စစ္ေဆးေပးသြားမွာ ျဖစ္ပါတယ္။ လက္ေတြ႕အခ်က္အလက္ေတြနဲ႕ ေလ့က်င့္ေပးျပီးေနာက္မွာေတာ့ သိသာထင္ရွားတဲ့ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါေတြကို သိရွိႏုိင္ေတာ့မွာပါ။

AI ပိုင္းမွာ Mehrotra ကေတာ့ စိတ္၀င္စားမႈျမင့္တက္ေနပါတယ္။ လက္ထဲမွာကိုင္ထားလို႕ရႏုိင္တဲ့ စမတ္ဖုန္းေလးေတြမွတစ္ဆင့္ ၾကီးမားတဲ့ေဒတာစင္တာေတြအထိ ရႏုိင္ေအာင္ ရည္မွန္းထားတဲ့လုပ္ငန္းတစ္ခုျဖစ္ပါတယ္။

တစ္ခ်က္ေတာ့ စဥ္းစားၾကည့္မိတယ္။ ေတာ္ၾကာ scan ဖတ္ျပီးေတာ့ ေရာဂါအေျခအေနေတြ ေပါက္ၾကားကုန္တာမ်ိဳးေတြျဖစ္ကုန္မွျဖင့္။ စမတ္ဖုန္းနဲ႕ခ်ိတ္ဆက္ျပီးေတာ့ app ကေနတစ္ဆင့္ၾကည့္ရမယ္လို႕ ေမွ်ာ္မွန္းရပါတယ္။ ဒါေပမယ့္လည္း ျမန္မာႏုိင္ငံအတြက္ကေတာ့ ျဖစ္လာမွာ မဟုတ္ေလာက္ဘူးဆိုေတာ့ စိတ္ေအးပါတယ္။

Unicode Version

Micron ရဲ့ စီအီးအို Mehrotra ကတော့ ကျွန်တော်တို့ရဲ့အနာဂတ်အတွက် လိုအပ်မယ့်ပစ္စည်းတွေကို ရောင်းချဖို့စဉ်းစားထားပါတယ်။
သင့်အမေရဲ့မျက်နှာကို ဖတ်နိုင်တဲ့ AI ဆိုတာ ၂၀၁၇ မှာ ကျန်ခဲ့ပြီ။ ဒေါက်တာဆီသွားစရာမလိုဘဲ မနက်ခင်းချိန်ခါ ကိစ္စရှင်းရင်းနဲ့ ဘယ်လိုဝေဒနာတွေ ခံစားနေရသလဲဆိုတာ စစ်ဆေးပေးနိုင်တဲ့ စမတ်အိမ်သာတွေအတွက် အသင့်ပြင်ထားလိုက်ပါတော့။
မမ်မိုရီ chip ပြားထုတ်လုပ်တဲ့ Micron Technology ရဲ့ အမှုဆောင် Sanjay Mehrotra ကတော့ ကျွန်တော်တို့ဘဝအစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပါဝင်ပတ်သတ်လာလိမ့်မယ်လို့မျှော်မှန်းထားပါတယ်တဲ့။
“ဆေးပညာပိုင်းမှာဆိုရင်လည်း တိကျတဲ့ကုသမှုတွေ၊ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆေးဝါးတွေကို ပေးစွမ်းနိုင်အောင် လုပ်ဆောင်နေကြပါတယ်”လို့ ဆန်ဖရန်စစ္စကိုမှာကျင်းပခဲ့တဲ့ Techonomy 2018 conference မှာ ပြောခဲ့ဖူးပါတယ်။ စမတ်အိမ်သာတွေရဲ့အနာဂတ်ကတော့ လူတိုင်းနဲ့သက်ဆိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ မနက်တိုင်းမှာ အချိန်ကုန်ဆုံးတဲ့နေရာတစ်ခုဖြစ်နေလို့ပါပဲ။ ခြောက်လတစ်ကြိမ် ဒေါက်တာဆီမှာပြသစရာမလိုတော့ပါဘူး။ တစ်ခုခုရောဂါလက္ခဏာပြသလာတာနဲ့ သင့်ကို အသိပေးနိုင်မှာပါ။ ဆီး၊ ဝမ်း စစ်ဆေးမှုတွေကနေတစ်ဆင့် အကြောင်းပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ဆေးပညာတွေကလည်း AI ရဲ့ပြောင်းလဲမှုကို ခံနေရတာဖြစ်ပါတယ်။ pattern အမျိုးအစားပေါ်မှာမူတည်ပြီးတော့ နည်းပညာတွေနဲ့ပေါင်းစပ်ကာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။ လက်တွေ့အချက်အလက်တွေနဲ့ လေ့ကျင့်ပေးပြီးနောက်မှာတော့ သိသာထင်ရှားတဲ့ ဆီးချို၊ သွေးတိုးရောဂါတွေကို သိရှိနိုင်တော့မှာပါ။
AI ပိုင်းမှာ Mehrotra ကတော့ စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ လက်ထဲမှာကိုင်ထားလို့ရနိုင်တဲ့ စမတ်ဖုန်းလေးတွေမှတစ်ဆင့် ကြီးမားတဲ့ဒေတာစင်တာတွေအထိ ရနိုင်အောင် ရည်မှန်းထားတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
တစ်ချက်တော့ စဉ်းစားကြည့်မိတယ်။ တော်ကြာ scan ဖတ်ပြီးတော့ ရောဂါအခြေအနေတွေ ပေါက်ကြားကုန်တာမျိုးတွေဖြစ်ကုန်မှဖြင့်။ စမတ်ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ app ကနေတစ်ဆင့်ကြည့်ရမယ်လို့ မျှော်မှန်းရပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအတွက်ကတော့ ဖြစ်လာမှာ မဟုတ်လောက်ဘူးဆိုတော့ စိတ်အေးပါတယ်။

Leave a Reply