5G Modem ပါတဲ့ 7nm Kirin 990 Chipset ကို ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ ျပသမယ့္ Huawei

0
644

လာမယ့္ႏွစ္မွာေတာ့ 5G Smartphone မ်ားထြက္ေပၚလာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားမွာ 5G ဆက္သြယ္မႈကို ရရွိဖို႔ အတြက္ 5G Modem ပါတဲ့ Chipset မ်ားကို ထည့္သြင္းထားၾကတာ ျဖစ္ပါတယ္။ အခုလည္း တရုတ္က ထြက္ေပၚလာတဲ့ သတင္းအရ Kirin 990 လို႔ အမည္ေပးထားတဲ့ HiSilicon SoC အသစ္ကို ဟြာေ၀းက ၂၀၁၉ ခုႏွစ္ ပထမ ကြာတားမွာ ျပသေတာ့မယ္လို႔ သိရပါတယ္။

Kirin 990 ကို ဒုတိယမ်ိဳးဆက္ 7nm Process နည္းပညာျဖင့္ ဖန္တီးထားမွာ ျဖစ္ပါတယ္။ ဟြာေ၀းရဲ႕ Semiconductor ကုမၸဏီျဖစ္တဲ့ HiSilicon နဲ႔ ထိုင္၀မ္ ကုမၸဏီ TSMC တို႔က အဲဒီ SoC ကို ပူးေပါင္း စမ္းသပ္ေနပါတယ္။ Kirin 990 ကို TSMC ရဲ႕ ပထမမ်ိဳးဆက္ 7nm Chipset နဲ႔ ႏိႈင္းယွဥ္ရင္ Transistor သိပ္သည္းဆဟာ ၂၀ ရာခိုင္ႏႈန္း ပိုမ်ားလာမွာပါ။ စြမ္းအင္ စားသံုးမႈ အပုိင္းမွာ ၁၀ ရာခိုင္ႏႈန္း ေလ်ာ့နည္းသြားမွာပါ။ စြမ္းေဆာင္ရည္အပိုင္းမွာ ၁၀ ရာခုိင္ႏႈန္း ပိုတိုးတက္လာပါတယ္။ ကုမၸဏီ ၂ ခု ရဲ႕ စမ္းသပ္မႈဟာ တစ္ႀကိမ္လွ်င္ ေဒၚလာ ၂၉ သန္းနီးပါး ရွိတယ္လို႔ ဆိုပါတယ္။

ယခင္ သတင္းမ်ားအရ Kirin 990 Chipset မွာ Kirin 980 ရဲ႕ ARM Cortex A76 64-bit CPUs ပါမယ္လို႔ သိခဲ့ရပါတယ္။ အဲဒီအတြက္ Chipset ၂ ခုရဲ႕ စြမ္းေဆာင္ရည္ဟာ သိပ္ကြာျခားမွာ မဟုတ္ပါဘူး။ အဓိက ကြာျခားခ်က္မွာ Kirin 990 SoC မွာ Balong 5000 5G Modem ပါတာ ျဖစ္ပါတယ္။ Huawei က IFA 2018 ပြဲမွာ Kirin 980 Chipset နဲ႔အတူ Balong 5000 Modem ကို ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Ref : androidheadlines

unicode

5G Modem ပါတဲ့ 7nm Kirin 990 Chipset ကို ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ပြသမယ့် Huawei

လာမယ့်နှစ်မှာတော့ 5G Smartphone များထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းများမှာ 5G ဆက်သွယ်မှုကို ရရှိဖို့ အတွက် 5G Modem ပါတဲ့ Chipset များကို ထည့်သွင်းထားကြတာ ဖြစ်ပါတယ်။ အခုလည်း တရုတ်က ထွက်ပေါ်လာတဲ့ သတင်းအရ Kirin 990 လို့ အမည်ပေးထားတဲ့ HiSilicon SoC အသစ်ကို ဟွာဝေးက ၂၀၁၉ ခုနှစ် ပထမ ကွာတားမှာ ပြသတော့မယ်လို့ သိရပါတယ်။

Kirin 990 ကို ဒုတိယမျိုးဆက် 7nm Process နည်းပညာဖြင့် ဖန်တီးထားမှာ ဖြစ်ပါတယ်။ ဟွာဝေးရဲ့ Semiconductor ကုမ္ပဏီဖြစ်တဲ့ HiSilicon နဲ့ ထိုင်ဝမ် ကုမ္ပဏီ TSMC တို့က အဲဒီ SoC ကို ပူးပေါင်း စမ်းသပ်နေပါတယ်။ Kirin 990 ကို TSMC ရဲ့ ပထမမျိုးဆက် 7nm Chipset နဲ့ နှိုင်းယှဉ်ရင် Transistor သိပ်သည်းဆဟာ ၂၀ ရာခိုင်နှုန်း ပိုများလာမှာပါ။ စွမ်းအင် စားသုံးမှု အပိုင်းမှာ ၁၀ ရာခိုင်နှုန်း လျော့နည်းသွားမှာပါ။ စွမ်းဆောင်ရည်အပိုင်းမှာ ၁၀ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။ ကုမ္ပဏီ ၂ ခု ရဲ့ စမ်းသပ်မှုဟာ တစ်ကြိမ်လျှင် ဒေါ်လာ ၂၉ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

ယခင် သတင်းများအရ Kirin 990 Chipset မှာ Kirin 980 ရဲ့ ARM Cortex A76 64-bit CPUs ပါမယ်လို့ သိခဲ့ရပါတယ်။ အဲဒီအတွက် Chipset ၂ ခုရဲ့ စွမ်းဆောင်ရည်ဟာ သိပ်ကွာခြားမှာ မဟုတ်ပါဘူး။ အဓိက ကွာခြားချက်မှာ Kirin 990 SoC မှာ Balong 5000 5G Modem ပါတာ ဖြစ်ပါတယ်။ Huawei က IFA 2018 ပွဲမှာ Kirin 980 Chipset နဲ့အတူ Balong 5000 Modem ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref : androidheadlines

Leave a Reply