
0
756





unicode

အပူလွန်ကဲမှုကြောင့် အလိုအလျှောက် Shut Down ဖြစ်နေတဲ့ Google Pixel 3 Phone များ

Google Pixel 3 ဟာ စတင် ရောင်းချပြီး ကတည်းက ဓါတ်ပုံများ သိမ်းမရခြင်း၊ မန်မိုရီ စီမံခန့်ခွဲမှု ပြဿနာများနဲ့ ဒုတိယ Notch ပေါ်လာခြင်းတို့ အပါအဝင် ပြဿနာများစွာ ဖြစ်ခဲ့ပါတယ်။ အခုတော့ နောက်ထပ် ပြဿနာ ပေါ်လာပါတယ်။ အဲဒါကတော့ အားသွင်းနေတဲ့ အခါများမှာ အပူလွန်ကဲခြင်းကြောင့် ဖုန်း ဟာ အလိုအလျှောက် Shut Down ဖြစ်နေပါတယ်။

Pixel User Community Forum ၊ Reddit နဲ့ လူမှုကွန်ရက်များမှာ ဒီပြဿနာကို ပြောကြားနေကြပါတယ်။ အားသွင်းနေစဉ်မှာ ဖုန်း သုံးတဲ့ အခါမှာ ဒီလို ဖြစ်သွားတာလို့ ပြောကြပါတယ်။ ဒီပြဿနာ မဖြစ်ပွားခင်မှာ ဖုန်းဟာ အလွန် ပူလာပြီဖြစ်ပြီး ဖုန်း အေးမြစေဖို့ အချို့လုပ်ဆောင်ချက်များကို ကန့်သတ်ထားတယ်လို့ Notification ကနေ သတိပေးပါတယ်။ အဲဒီနောက်မှာ အားသွင်းနှုန်းက နှေးကွေးလာပါတယ်။

ဖုန်းက ဒီပြဿနာကို မဖြေရှင်းနိုင်ရင်တော့ အလိုအလျှောက် Shut Down ဖြစ်သွားပါတယ်။ Reboot တက်လာတဲ့ အခါမှာ ဖုန်းဟာ အပူလွန်ကဲမှုကြောင့် ပိတ်သွားတာလို့ စာသားပေါ်လာပါတယ်။ အချို့ ဖုန်း ပိုင်ရှင်များကလည်း Pixel 3 ကို Pixel Stand , Third-Party Wireless Charger , USB Type-C Cable များကနေ အားသွင်းရင် ဒီပြဿနာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂူဂယ်လ်က ဒီပြဿနာနဲ့ ပတ်သက်ပြီး တုန့်ပြန်ခြင်း မရှိသေးပါဘူး။ Software Update လုပ်ခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ လက်ရှိမှာ ဒီပြဿနာကို ဖြေရှင်းချင်ရင် ဖုန်းကို သွားလဲရမှာပါ။

Leave a Reply