Samsung က Android Go စမတ္ဖုန္း ျဖစ္တဲ့ Galaxy J4 Core ထြက္ရွိမည္

0
169

Zawgyi version

Samsung က Galaxy J4 Core ကိုထုတ္လုပ္ေတာ့မွာပဲ ျဖစ္ပါတယ္။ သူကေတာ့ Android Go စနစ္နဲ႔လာမွာပဲ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ၾသဂုတ္လမွာ မိတ္ဆက္ခဲ့တဲ့ Samsung ရဲ႕ ပထမဦးဆံုး Android Go စမတ္ဖုန္းျဖစ္တ့ဲ Samsung Galaxy J2 Core ကို မိတ္ဆက္တုန္းက မိတ္ဆက္ခဲ့တာပဲ ျဖစ္ပါတယ္။ မိတ္ဆက္ျပီး သိပ္မၾကာခင္မွာပဲ Samsung Galaxy J4 Core ကထြက္ရွိေတာ့မွာပဲ ျဖစ္ပါတယ္။ J2 Core နဲ႔ J4 Core ရဲ႕အဓိက ကြာျခားခ်က္ကေတာ့ ဖုန္းရဲ႕မ်က္နွာျပင္ပဲ ျဖစ္ပါတယ္။

J4 Core က မ်က္နွာျပင္ ၆ လက္မရွိျပီး J2 Core ကေတာ့ မ်က္နွာျပင္ ၅ လက္မပဲ ရွိပါတယ္။ မ်က္နွာျပင္ကြာေပမယ့္လည္း လုပ္ေဆာင္ခ်က္ေတြကေတာ့ အမ်ားၾကီး သိသိသာသာေျပာင္းလဲမသြားပါဘူး။ J4 Core မွာ 1.4GHz quad-core processor ပါ၀င္ျပီး 1GB RAM ကို 16GB storage နဲ႔ထြက္ရွိမွာပဲ ျဖစ္ပါတယ္။ display ပို္င္းကေတာ့ 1,480 x 720 resolution ရွိပါတယ္။ ဘက္ထရီက 3,300mAh ထည့္သြင္းေပးထားပါတယ္။ ကင္မရာပိုင္းကိုေလ့လာၾကည့္မယ္ဆိုရင္ေတာ့ ေနာက္ေက်ာဘက္မွာေတာ့ 8MP ကင္မရာတစ္လံုး ပါရွိျပီး ေရွ႕ဘက္မွာလဲ 5MP ကင္မရာတစ္လံုးပဲ ပါရွိမွာ ျဖစ္ပါတယ္။

ရရွိနို္င္မယ့္ အေရာင္ေတြကေတာ့ အနက္ေရာင္၊ ေရႊေရာင္နဲ႔ အျပာေရာင္တို႔ပဲ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ဘယ္ေန႔မွာထြက္မယ္ဆိုတာနဲ႔ ေစ်းအတိအက်ကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ J2 Core တုန္းကေတာ့ $100 ၀န္းက်င္ေလာက္ရွိပါတယ္

Unicode version

Samsung က Android Go စမတ်ဖုန်း ဖြစ်တဲ့ Galaxy J4 Core ထွက်ရှိမည်
Samsung က Galaxy J4 Core ကိုထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ သူကတော့ Android Go စနစ်နဲ့လာမှာပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ သြဂုတ်လမှာ မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်းဖြစ်တဲ့ Samsung Galaxy J2 Core ကို မိတ်ဆက်တုန်းက မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ Samsung Galaxy J4 Core ကထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။
J2 Core နဲ့ J4 Core ရဲ့အဓိက ကွာခြားချက်ကတော့ ဖုန်းရဲ့မျက်နှာပြင်ပဲ ဖြစ်ပါတယ်။
J4 Core က မျက်နှာပြင် ၆ လက်မရှိပြီး J2 Core ကတော့ မျက်နှာပြင် ၅ လက်မပဲ ရှိပါတယ်။ မျက်နှာပြင်ကွာပေမယ့်လည်း လုပ်ဆောင်ချက်တွေကတော့ အများကြီး သိသိသာသာပြောင်းလဲမသွားပါဘူး။ J4 Core မှာ 1.4GHz quad-core processor ပါဝင်ပြီး 1GB RAM ကို 16GB storage နဲ့ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ display ပိုင်းကတော့ 1,480 x 720 resolution ရှိပါတယ်။ ဘက်ထရီက 3,300mAh ထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ နောက်ကျောဘက်မှာတော့ 8MP ကင်မရာတစ်လုံး ပါရှိပြီး ရှေ့ဘက်မှာလဲ 5MP ကင်မရာတစ်လုံးပဲ ပါရှိမှာ ဖြစ်ပါတယ်။
ရရှိနိုင်မယ့် အရောင်တွေကတော့ အနက်ရောင်၊ ရွှေရောင်နဲ့ အပြာရောင်တို့ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ဘယ်နေ့မှာထွက်မယ်ဆိုတာနဲ့ ဈေးအတိအကျကိုတော့ သေချာမသိရသေးပါဘူး။ J2 Core တုန်းကတော့ $100 ဝန်းကျင်လောက်ရှိပါတယ်

Leave a Reply