Apple က iPhone X နဲ႔ MacBook Model အခ်ိဳ႕မွာ အရည္အေသြး မျပည့္မွီတဲ့ျပႆနာ ရွိတယ္လို႔ ေျပာ

0
642

Apple က iPhone X နဲ႔ ၁၃ လက္မ MacBook Pro Model အခ်ိဳ႕မွာ အရည္အေသြး မျပည့္မွီတဲ့ ျပႆနာ ျဖစ္ပြားေနတယ္လို႔ ႏို၀င္ဘာလ ၉ ရက္ေန႔က ေျပာပါတယ္။ ကုမၸဏီက အဲဒီ အလံုးမ်ားကို အခမဲ့ ျပဳျပင္ေပးမယ္လို႔ ေျပာပါတယ္။ Apple က သူ႔ရဲ႕ လက္ပ္ေတာ့၊ တက္ဘလက္နဲ႔ ဖုန္းမ်ားအတြက္ ျပဳျပင္စားရိတ္မ်ားကို တိုးျမွင့္ထားၿပီး ယခုလို အရည္အေသြး မျပည့္မွီမႈေၾကာင့္ အခမဲ့ ျပဳျပင္ေပးမႈဟာ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္းမွာ ဒါဟာ ပထမဆံုး အႀကိမ္ ျဖစ္လာပါတယ္။

စြမ္းရည္ျမင့္ အိုင္ဖုန္းကို ၁၄၄၉ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ အိုင္ပတ္မ်ားကို ၁၈၉၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးထားပါတယ္။ Apple က ၂၀၁၇ ခုႏွစ္ထုတ္ ၉၉၉ ေဒၚလာတန္ iPhone X ရဲ႕ မ်က္ႏွာျပင္ဟာ Touch ျပႆနာ ျဖစ္ပြားေနၿပီး သူတို႔ကို အခမဲ့ လဲလွယ္ ျပဳျပင္ေပးမယ္လို႔ ေျပာပါတယ္။ Apple က ဒီျပႆနာဟာ iPhone X မွာသာ ျဖစ္ပြားေနတာ ျဖစ္ၿပီး သူ႔မ်ိဳးဆက္မ်ား ျဖစ္တဲ့ iPhone XS နဲ႔ iPhone XR တို႔မွာ မျဖစ္ပြားဘူးလို႔ ေျပာပါတယ္။

ျပႆနာ ျဖစ္ပြားေနတဲ့ ဖုန္းမ်ားရဲ႕ စကရင္မ်ားဟာ ထိေတြ႕အသံုးျပဳတဲ့ အခါမွာ မွန္ကန္စြာ မတုန္႔ျပန္ဘူးလို႔ သိရပါတယ္။ တစ္ခါတစ္ေလမွာ ထိေတြ႕ျခင္း မရွိရင္လည္း အလိုလို အလုပ္မ်ား လုပ္ေနတာ ျဖစ္ပါတယ္။ ၁၃ လက္မ MacBook Pro မွာ Storage Drive ပ်က္ဆီးမႈေၾကာင့္ ေဒတာမ်ား ဆံုးရႈံးေနပါတယ္။ Apple က အဲဒီ အလံုးမ်ားကို အခမဲ့ ျပင္ဆင္ေပးမွာပါ။

၂၀၁၇ ခုႏွစ္ ဇြန္လနဲ႔ ၂၀၁၈ ခုႏွစ္ ဇြန္လအတြင္းမွာ ေရာင္းခ်တဲ့ 128 နဲ႔ 256GB SSD ပါတဲ့ MacBook Pro မ်ားမွာ ဒီျပႆနာ ျဖစ္ပြားေနတာျဖစ္ပါတယ္။ Apple က ၂၀၁၅ ခုႏွစ္မွာ လက္ပ္ေတာ့မ်ားတြင္ ထည့္သြင္းေပးခဲ့တဲ့ ကီးဘုတ္မ်ားဟာ စာရိုက္တဲ့ အခါမွာ အသံေတာ္ေတာ္ထြက္ၿပီး အလုပ္ေကာင္းစြာ မလုပ္တဲ့ ျပႆနာ ျဖစ္ပြားခဲ့တဲ့အတြက္ ယခုႏွစ္ ဇြန္လမွာ Apple က အဲဒီ ကီးဘုတ္မ်ားကို အခမဲ့ လဲလွယ္ေပးတဲ့ အစီအစဥ္ကိုျပဳလုပ္ေပးခဲ့ရပါတယ္။

unicode

Apple က iPhone X နဲ့ MacBook Model အချို့မှာ အရည်အသွေး မပြည့်မှီတဲ့ပြဿနာ ရှိတယ်လို့ ပြော

Apple က iPhone X နဲ့ ၁၃ လက်မ MacBook Pro Model အချို့မှာ အရည်အသွေး မပြည့်မှီတဲ့ ပြဿနာ ဖြစ်ပွားနေတယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့က ပြောပါတယ်။ ကုမ္ပဏီက အဲဒီ အလုံးများကို အခမဲ့ ပြုပြင်ပေးမယ်လို့ ပြောပါတယ်။ Apple က သူ့ရဲ့ လက်ပ်တော့၊ တက်ဘလက်နဲ့ ဖုန်းများအတွက် ပြုပြင်စားရိတ်များကို တိုးမြှင့်ထားပြီး ယခုလို အရည်အသွေး မပြည့်မှီမှုကြောင့် အခမဲ့ ပြုပြင်ပေးမှုဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်လာပါတယ်။

စွမ်းရည်မြင့် အိုင်ဖုန်းကို ၁၄၄၉ ဒေါ်လာနဲ့ စွမ်းရည်မြင့် အိုင်ပတ်များကို ၁၈၉၉ ဒေါ်လာဖြင့် ရောင်းချပေးထားပါတယ်။ Apple က ၂၀၁၇ ခုနှစ်ထုတ် ၉၉၉ ဒေါ်လာတန် iPhone X ရဲ့ မျက်နှာပြင်ဟာ Touch ပြဿနာ ဖြစ်ပွားနေပြီး သူတို့ကို အခမဲ့ လဲလှယ် ပြုပြင်ပေးမယ်လို့ ပြောပါတယ်။ Apple က ဒီပြဿနာဟာ iPhone X မှာသာ ဖြစ်ပွားနေတာ ဖြစ်ပြီး သူ့မျိုးဆက်များ ဖြစ်တဲ့ iPhone XS နဲ့ iPhone XR တို့မှာ မဖြစ်ပွားဘူးလို့ ပြောပါတယ်။

ပြဿနာ ဖြစ်ပွားနေတဲ့ ဖုန်းများရဲ့ စကရင်များဟာ ထိတွေ့အသုံးပြုတဲ့ အခါမှာ မှန်ကန်စွာ မတုန့်ပြန်ဘူးလို့ သိရပါတယ်။ တစ်ခါတစ်လေမှာ ထိတွေ့ခြင်း မရှိရင်လည်း အလိုလို အလုပ်များ လုပ်နေတာ ဖြစ်ပါတယ်။ ၁၃ လက်မ MacBook Pro မှာ Storage Drive ပျက်ဆီးမှုကြောင့် ဒေတာများ ဆုံးရှုံးနေပါတယ်။ Apple က အဲဒီ အလုံးများကို အခမဲ့ ပြင်ဆင်ပေးမှာပါ။

၂၀၁၇ ခုနှစ် ဇွန်လနဲ့ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ ရောင်းချတဲ့ 128 နဲ့ 256GB SSD ပါတဲ့ MacBook Pro များမှာ ဒီပြဿနာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ Apple က ၂၀၁၅ ခုနှစ်မှာ လက်ပ်တော့များတွင် ထည့်သွင်းပေးခဲ့တဲ့ ကီးဘုတ်များဟာ စာရိုက်တဲ့ အခါမှာ အသံတော်တော်ထွက်ပြီး အလုပ်ကောင်းစွာ မလုပ်တဲ့ ပြဿနာ ဖြစ်ပွားခဲ့တဲ့အတွက် ယခုနှစ် ဇွန်လမှာ Apple က အဲဒီ ကီးဘုတ်များကို အခမဲ့ လဲလှယ်ပေးတဲ့ အစီအစဉ်ကိုပြုလုပ်ပေးခဲ့ရပါတယ်။

Leave a Reply