Samsung ရဲ႕ ေကြးညႊတ္ ဖုန္းဟာ ဘယ္လို ဒီဇုိင္း ျဖစ္မလဲ ?

0
443

Samsung က Developer Conference မွာ ေကြးညႊတ္ ဖုန္းရဲ႕ ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္ရဲ႕ အရြယ္အစားမ်ား၊ App Design မ်ားကို ေျပာသြားခဲ့ပါတယ္။ ဖုန္းကို ေခါက္ခ်ိဳးထားခ်ိန္မွွာ ျမင္ရတဲ့ မ်က္ႏွာျပင္ကို Cover Display လို႔ အမည္ေပးထားၿပီး ၄.၅၈ လက္မ အရြယ္ ျဖစ္ပါတယ္။ Pixel သိပ္သည္းဆမွာ 420dpi ျဖစ္ၿပီး Resolution မွာ 840x1960p ျဖစ္ပါတယ္။ ေခါက္ထားတာကို ျဖန္႔လိုက္ရင္ ၇.၃ လက္မ မ်က္ႏွာျပင္ ျဖစ္သြားၿပီး Resolution မွာ 1536x2152p ျဖစ္ပါတယ္။

Apps မ်ားက Multitasking စြမ္းရည္ အသစ္မ်ားရဲ႕ အကိ်ဳးေက်းဇူးမ်ားကို ခံစားရမွာပါ။ အရြယ္ႀကီး မ်က္ႏွာျပင္မွာ ၀င္းဒိုးမ်ားစြာကို စီမံခန္႔ခြဲႏုိင္မွာပါ။ ဥပမာအားျဖင့္ဗီဒီယို ၾကည့္ေနရင္းနဲ႔ အီးေမး စစ္ႏုိင္ပါတယ္။ ဂူဂယ္လ္က Android Q မွာ ေခါက္ခ်ိဳးဖုန္းမ်ားကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အန္းဒရြိဳက္က App Continuity ကို ေထာက္ပံ့လာမွာပါ။ အဲဒီအတြကန္ ပင္မမ်က္ႏွာျပင္မွာ ဖြင့္ထားတဲ့ App ကို အရြယ္ႀကီး မ်က္ႏွာျပင္မွာ ဆက္သံုးႏိုင္မွာပါ။

Developer Conference မွာ ျပသခဲ့တဲ့ ေခါက္ခ်ိဳး ဖုန္းဟာ Concept အဆင့္သာ ရွိပါေသးတယ္။ ဖိုင္နယ္ ဗားရွင္းဟာ ပိုမို ပါးလႊာလာမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

unicode

Samsung ရဲ့ ကွေးညွှတ် ဖုန်းဟာ ဘယ်လို ဒီဇိုင်း ဖြစ်မလဲ ?

Samsung က Developer Conference မှာ ကွေးညွှတ် ဖုန်းရဲ့ ဒီဇိုင်းနဲ့ မျက်နှာပြင်ရဲ့ အရွယ်အစားများ၊ App Design များကို ပြောသွားခဲ့ပါတယ်။ ဖုန်းကို ခေါက်ချိုးထားချိန်မှာ မြင်ရတဲ့ မျက်နှာပြင်ကို Cover Display လို့ အမည်ပေးထားပြီး ၄.၅၈ လက်မ အရွယ် ဖြစ်ပါတယ်။ Pixel သိပ်သည်းဆမှာ 420dpi ဖြစ်ပြီး Resolution မှာ 840x1960p ဖြစ်ပါတယ်။ ခေါက်ထားတာကို ဖြန့်လိုက်ရင် ၇.၃ လက်မ မျက်နှာပြင် ဖြစ်သွားပြီး Resolution မှာ 1536x2152p ဖြစ်ပါတယ်။

Apps များက Multitasking စွမ်းရည် အသစ်များရဲ့ အကျိုးကျေးဇူးများကို ခံစားရမှာပါ။ အရွယ်ကြီး မျက်နှာပြင်မှာ ဝင်းဒိုးများစွာကို စီမံခန့်ခွဲနိုင်မှာပါ။ ဥပမာအားဖြင့်ဗီဒီယို ကြည့်နေရင်းနဲ့ အီးမေး စစ်နိုင်ပါတယ်။ ဂူဂယ်လ်က Android Q မှာ ခေါက်ချိုးဖုန်းများကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်းဒရွိုက်က App Continuity ကို ထောက်ပံ့လာမှာပါ။ အဲဒီအတွကန် ပင်မမျက်နှာပြင်မှာ ဖွင့်ထားတဲ့ App ကို အရွယ်ကြီး မျက်နှာပြင်မှာ ဆက်သုံးနိုင်မှာပါ။

Developer Conference မှာ ပြသခဲ့တဲ့ ခေါက်ချိုး ဖုန်းဟာ Concept အဆင့်သာ ရှိပါသေးတယ်။ ဖိုင်နယ် ဗားရှင်းဟာ ပိုမို ပါးလွှာလာမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Leave a Reply