Samsung က စြမ္းရည္ျမင့္ ေခါက္ဖုန္းကို ေၾကညာ

0
881

ဆမ္ေဆာင္းက W2018 Flip Phone ကို ေရာင္းခ်ၿပီး တစ္ႏွစ္အၾကာမွာ သူ႔ရဲ႕ မ်ိဳးဆက္ W2019 Flip Phone ကို ေၾကညာလိုက္ပါတယ္။ ယခင္မ်ိဳးဆက္မ်ားလိုပဲ W2019 ကို အာရွမွာသာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူ႔ကို အလူမီနီယမ္ျဖင့္ တည္ေဆာက္ထားၿပီး အဆက္က တစ္မူထူးျခားပါတယ္။ အေရွ႕နဲ႔ အေနာက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္ကို Corning Gorilla Glass ျဖင့္ တည္ေဆာက္ထားပါတယ္။

ဖုန္းရဲ႕ ေဘးဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ Bixby Button ကို ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 12MP Camera ၂ လံုး ပါပါတယ္။ ကင္မရာမ်ားမွာ OIS , 2x Optical Zoom မ်ား ပါပါတယ္။ 4K 60fps Video နဲ႔ Slow-motion 960fps Video မ်ားကို ဖမ္းယူေပးႏိုင္ပါတယ္။ သူ႔မွာ Super AMOLED မ်က္ႏွာျပင္ ႏွစ္ခုပါပါတယ္။ ေခါက္ခ်ိဳးထားရင္ ၾကည့္ႏိုင္မယ့္ မ်က္ႏွာျပင္တစ္ခုနဲ႔ ျဖန္႔ထားရင္ေတာ့ မ်က္ႏွာျပင္တစ္ခုနဲ႔ အတူ Physical Keyboard တစ္ခုကို ေတြ႕ရမွာပါ။

မ်က္ႏွာျပင္မ်ားရဲ႕ အရြယ္အစားဟာ ၄.၂ လက္မ ျဖစ္ၿပီး 1080x1920p Resolution ျဖစ္ပါတယ္။ နားၾကပ္ေပါက္ မပါပါဘူး။ Qualcomm Snapdragon 845 Chipset , 6GB RAM , 128GB or 256GB Storage မ်ား ပါပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ ဘက္ထရီက 3070mAh ပါ။ Android 8.1 Oreo ပါၿပီး Android 9 Pie ရရွိႏုိင္ပါတယ္။

သူ႕ရဲ႕ ေစ်းႏႈန္းကို မသိရေသးေပမယ့္ ယြမ္ ၁၀ ၀၀၀ ေက်ာ္ ( ၁၄၃၉ ေဒၚလာ) ျဖင့္ ေရာင္းခ်ႏုိင္ပါတယ္။ အဲဒီအတြက္ ယြမ္ ၆၉၉၉ ( ၁၀၀၉ ေဒၚလာ) ရိွတဲ့ Galaxy Note 9 ထက္ ေစ်းမ်ားမွာပါ။

Ref : androidauthority

[Unicode]

Samsung က စွမ်းရည်မြင့် ခေါက်ဖုန်းကို ကြေညာ

ဆမ်ဆောင်းက W2018 Flip Phone ကို ရောင်းချပြီး တစ်နှစ်အကြာမှာ သူ့ရဲ့ မျိုးဆက် W2019 Flip Phone ကို ကြေညာလိုက်ပါတယ်။ ယခင်မျိုးဆက်များလိုပဲ W2019 ကို အာရှမှာသာ ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပြီး အဆက်က တစ်မူထူးခြားပါတယ်။ အရှေ့နဲ့ အနောက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်ကို Corning Gorilla Glass ဖြင့် တည်ဆောက်ထားပါတယ်။

ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Bixby Button ကို ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 12MP Camera ၂ လုံး ပါပါတယ်။ ကင်မရာများမှာ OIS , 2x Optical Zoom များ ပါပါတယ်။ 4K 60fps Video နဲ့ Slow-motion 960fps Video များကို ဖမ်းယူပေးနိုင်ပါတယ်။ သူ့မှာ Super AMOLED မျက်နှာပြင် နှစ်ခုပါပါတယ်။ ခေါက်ချိုးထားရင် ကြည့်နိုင်မယ့် မျက်နှာပြင်တစ်ခုနဲ့ ဖြန့်ထားရင်တော့ မျက်နှာပြင်တစ်ခုနဲ့ အတူ Physical Keyboard တစ်ခုကို တွေ့ရမှာပါ။

မျက်နှာပြင်များရဲ့ အရွယ်အစားဟာ ၄.၂ လက်မ ဖြစ်ပြီး 1080x1920p Resolution ဖြစ်ပါတယ်။ နားကြပ်ပေါက် မပါပါဘူး။ Qualcomm Snapdragon 845 Chipset , 6GB RAM , 128GB or 256GB Storage များ ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 3070mAh ပါ။ Android 8.1 Oreo ပါပြီး Android 9 Pie ရရှိနိုင်ပါတယ်။

သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ယွမ် ၁၀ ၀၀၀ ကျော် ( ၁၄၃၉ ဒေါ်လာ) ဖြင့် ရောင်းချနိုင်ပါတယ်။ အဲဒီအတွက် ယွမ် ၆၉၉၉ ( ၁၀၀၉ ဒေါ်လာ) ရှိတဲ့ Galaxy Note 9 ထက် ဈေးများမှာပါ။

Ref : androidauthority

Leave a Reply