Facebook က TikTok ကို ယွဥ္ၿပိဳင္မယ့္ Lasso App ကို ျဖန္႔ခ်ီ

0
598

Facebook က TikTok လို ေပ်ာ္စရာ ေကာင္းတဲ့ ဗီဒီယို အတိုမ်ားကို ဖန္တီး မွ်ေ၀ႏုိင္တဲ့ Lasso App ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ လက္ရွိမွာ အေမရိကန္မွာသာ အသံုးျပဳႏိုင္ေသးၿပီး အျခား ႏုိင္ငံမ်ားမွာ ျဖန္႔ခ်ီမယ့္ အခ်ိန္ကို မသိရေသးပါဘူး။ ျဖစ္ပါတယ္။ Lasso ဟာ လူငယ္မ်ားအတြက္ ရည္ရြယ္ ထုတ္လုပ္ထားတာပါ။

Lasso မွာ သင္ဖန္တီးထားတဲ့ ဗီဒီယိုမ်ားကို Facebook Stories မ်ားအျဖစ္ မွ်ေ၀ႏို္င္ပါတယ္။ Instagram Stories မ်ား အျဖစ္ မွ်ေ၀ႏိုင္မယ့္ လုပ္ေဆာင္ခ်က္ကို ေနာက္ပိုင္းမွာ ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။ Lasso မွာ TikTok မွာလိုပဲ သီခ်င္းမ်ားကို Lip-syncing ျပဳလုပ္ျခင္း၊ ကျခင္းမ်ားကို ဗီဒီယိုမ်ား ဖမ္းယူႏိုင္မွာပါ။ သင္ ႏွစ္သက္မယ့္ ဗီဒီယိုမ်ားကို အၾကံျပဳျပသေပးထားတဲ့ Feed တစ္ခုလည္း ပါပါတယ္။ TikTok မွာလိုပဲ Scroll ျပဳလုပ္ရင္ ဗီဒီယိုမ်ားကို အလိုအေလွ်ာက္ ျပသေပးမွာ ျဖစ္ပါတယ္။

ေအာက္ေျခမွာ Hashtags မ်ားကို ျပသထားပါတယ္။ Tags မ်ားျဖင့္ ဗီဒီယိုမ်ားကို ရွာေဖြႏိုင္ပါတယ္။ Facebook က Lasso App ကို ျဖန္႔ခ်ီလိုက္ေၾကာင္းကို တရား၀င္ ေၾကညာျခင္း မရွိေပမယ့္ ကုမၸဏီရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ ျဖစ္သူ Bowen Pan က Lasso ကို ျဖန္႔ခ်ီလိုက္ေၾကာင္း တြစ္တာမွာ ပို႔စ္တင္ထားပါတယ္။ ပို႔စ္မွာ Android နဲ႔ iOS App Store မ်ားရဲ႕ Download Link မ်ားလည္း ထည့္သြင္းထားပါတယ္။

စာေရးသူ Play Store ရဲ႕ Lasso Page ထဲသြားၾကည့္တဲ့ အခါမွာေတာ့ အင္စေတာ လုပ္လို႔ မရေသးဘူးလို႔ ေျပာပါတယ္။ TikTok ဟာ ျမန္မာျပည္မွာလည္း လူႀကိဳက္မ်ားေနတဲ့ App ျဖစ္ပါတယ္။ Lasso ကို ျမန္မာျပည္အတြက္ ျဖန္႔ခ်ီရင္လည္း လူသံုးမ်ားမယ္လို႔ ထင္ရပါတယ္။ အထူးသျဖင့္ Lasso Video မ်ားကို Facebook Stories အျဖစ္ မွ်ေ၀ႏိုင္တာက သူ႔ရဲ႕ အားသာခ်က္ ျဖစ္လာႏိုင္ပါတယ္။

unicode

Facebook က TikTok ကို ယှဉ်ပြိုင်မယ့် Lasso App ကို ဖြန့်ချီ

Facebook က TikTok လို ပျော်စရာ ကောင်းတဲ့ ဗီဒီယို အတိုများကို ဖန်တီး မျှဝေနိုင်တဲ့ Lasso App ကို ဖြန့်ချီပေးလိုက်ပါတယ်။ လက်ရှိမှာ အမေရိကန်မှာသာ အသုံးပြုနိုင်သေးပြီး အခြား နိုင်ငံများမှာ ဖြန့်ချီမယ့် အချိန်ကို မသိရသေးပါဘူး။ ဖြစ်ပါတယ်။ Lasso ဟာ လူငယ်များအတွက် ရည်ရွယ် ထုတ်လုပ်ထားတာပါ။

Lasso မှာ သင်ဖန်တီးထားတဲ့ ဗီဒီယိုများကို Facebook Stories များအဖြစ် မျှဝေနိုင်ပါတယ်။ Instagram Stories များ အဖြစ် မျှဝေနိုင်မယ့် လုပ်ဆောင်ချက်ကို နောက်ပိုင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Lasso မှာ TikTok မှာလိုပဲ သီချင်းများကို Lip-syncing ပြုလုပ်ခြင်း၊ ကခြင်းများကို ဗီဒီယိုများ ဖမ်းယူနိုင်မှာပါ။ သင် နှစ်သက်မယ့် ဗီဒီယိုများကို အကြံပြုပြသပေးထားတဲ့ Feed တစ်ခုလည်း ပါပါတယ်။ TikTok မှာလိုပဲ Scroll ပြုလုပ်ရင် ဗီဒီယိုများကို အလိုအလျှောက် ပြသပေးမှာ ဖြစ်ပါတယ်။

အောက်ခြေမှာ Hashtags များကို ပြသထားပါတယ်။ Tags များဖြင့် ဗီဒီယိုများကို ရှာဖွေနိုင်ပါတယ်။ Facebook က Lasso App ကို ဖြန့်ချီလိုက်ကြောင်းကို တရားဝင် ကြေညာခြင်း မရှိပေမယ့် ကုမ္ပဏီရဲ့ ထုတ်ကုန် မန်နေဂျာ ဖြစ်သူ Bowen Pan က Lasso ကို ဖြန့်ချီလိုက်ကြောင်း တွစ်တာမှာ ပို့စ်တင်ထားပါတယ်။ ပို့စ်မှာ Android နဲ့ iOS App Store များရဲ့ Download Link များလည်း ထည့်သွင်းထားပါတယ်။

စာရေးသူ Play Store ရဲ့ Lasso Page ထဲသွားကြည့်တဲ့ အခါမှာတော့ အင်စတော လုပ်လို့ မရသေးဘူးလို့ ပြောပါတယ်။ TikTok ဟာ မြန်မာပြည်မှာလည်း လူကြိုက်များနေတဲ့ App ဖြစ်ပါတယ်။ Lasso ကို မြန်မာပြည်အတွက် ဖြန့်ချီရင်လည်း လူသုံးများမယ်လို့ ထင်ရပါတယ်။ အထူးသဖြင့် Lasso Video များကို Facebook Stories အဖြစ် မျှဝေနိုင်တာက သူ့ရဲ့ အားသာချက် ဖြစ်လာနိုင်ပါတယ်။

Leave a Reply