Posted on Leave a comment

iPhone XR ထုတ္လုပ္မႈရပ္ထားျခင္းမွာ ေရာင္းအားေႏွးျခင္းေၾကာင့္မဟုတ္ဘဲ အျခားအေၾကာင္းရင္းရွိေန

Zawgyi Version

ဒီတစ္ပတ္အေစာပိုင္းမွာ Apple က iPhone XR ထုတ္လုပ္မႈကို ေလွ်ာ့ခ်မယ္လို႕ တင္ျပခ်က္ေတြ ထြက္ေပၚလာပါတယ္။ ေမွ်ာ္လင့္ထားတဲ့၀ယ္လိုအားထက္ ေလ်ာ့က်ေနတယ္လို႕လည္း သတင္းသဲ့သဲ့ထြက္လာခဲ့ပါေသးတယ္။ ထုတ္လုပ္မႈဟာ ၂၅% ေလာက္ကို ေလွ်ာ့ပစ္လုိက္တယ္လို႕ သိရပါတယ္။ ဒီတင္ျပခ်က္ေၾကာင့္ အေျဖထက္ ေမးခြန္းေပါင္းမ်ားစြာ ထြက္ေပၚလာခဲ့ပါတယ္။

ကနဦးအေနနဲ႕ iPhone XR ၀ယ္လိုအားဟာ ေမွ်ာ္မွန္းထားရဲ႕ေအာက္မွာ ရွိေနပါတယ္လို႕ မင္ခ်ီကိုက ဒီဇင္ဘာလအတြက္ ၀ယ္လိုအားကို ခန္႕မွန္းခ်က္ထုတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ Apple က အားလပ္ရက္အေရာင္းရာသီမွာ ထုတ္လုပ္မႈကို ရပ္တံ့လုိက္တာက ဘာေၾကာင့္မ်ားလဲ။ ဒီေတာ့ ဘာေတြျဖစ္ေနတာလဲ။

တကယ္ေတာ့ ထုတ္လုပ္မႈအပိုင္းမွာ အဆင္မေျပျဖစ္သြားခဲ့တာပါ။ ၀ယ္လိုအားက အေၾကာင္းျပခ်က္တစ္ခုမဟုတ္ပါဘူး။ ေလ့လာသူတစ္ေယာက္ျဖစ္တဲ့ Jun ရဲ႕ တင္ျပမႈတစ္ခုမွာေတာ့ iPhone XR ရဲ႕ printed circuit board ေတြရဲ႕ အရည္အေသြးထိန္းခ်ဳပ္မႈေၾကာင့္ ထုတ္လုပ္မႈကို ေႏွာင့္ေႏွးသြားေစခဲ့တာျဖစ္ပါတယ္။

သူ႕ရဲ႕note ကို ေျပာျပရမယ္ဆိုရင္

အတြင္းပိုင္းမွာအသံုးျပဳမယ့္ပစၥည္းေတြက ဒီတစ္ပတ္ထဲမွာ ၀င္ေရာက္လာမႈေႏွးေကြးေနပါတယ္။ Printed Circuit Board (PCB) supplie အခ်ိဳ႕ရဲ႕ ျဖန္႕ခ်ိမႈကလည္း ျမန္ျမန္ဆန္ဆန္ကိုပဲ ထိုးက်သြားပါတယ္။ ဒါေၾကာင့္ iPhone XR production ကလည္း ဒီအခ်က္ေၾကာင့္ ဆံုးျဖတ္လိုက္ရတာ ျဖစ္ႏုိင္ပါတယ္။

အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ မိုးျပိဳတာမဟုတ္ပါဘူး။ iPhone ေရာင္းအားေတြက တအားထိုးက်သြားျခင္းမရွိပါဘူး။ Apple က iPhone ေရာင္းအားေတြကို ေမာ္ဒယ္လ္သံုးမ်ိဳးထုတ္ျပီး အားလပ္ရက္ရာသီအမီအားခဲထားခဲ့တာပါ။ Apple ကေတာ့ iPhone ေရာင္းအားက်သြားလို႕ ထုတ္လုပ္မႈနားထားတယ္ဆိုတာ မဟုတ္ပါဘူးေနာ္။

Apple ကေတာ့ သူ႕ရဲ႕ေရာင္းအားကို အျမင့္ဆံုးျဖစ္ေစခ်င္မွာပါ။ ဒါေပမယ့္လည္း iPhone ထုတ္လုပ္မႈက်ဆင္းသြားျခင္းဟာ Apple ရဲ႕ လုပ္ငန္း က်ဆင္းသြားျခင္းနဲ႕ တုိက္ရိုက္ဆုိင္တယ္လို႕ ေကာက္ခ်က္ခ်ထားတဲ့ တင္ျပခ်က္ကေတာ့ စဥ္းစားစရာပါပဲ။ iPhone XR ဆိုရင္လည္း ေနာက္က်မွာထြက္လာတဲ့အေပၚမွာ အမ်ိဳးမ်ိဳးေျပာခဲ့ေသးတာပဲ မဟုတ္လား။ ဘယ္လိုပဲေနေန iPhone XR ထုတ္လုပ္မႈေႏွးသြားတယ္၊ ေအာ္ဒါနားထားတယ္ဆိုတာကေတာ့ ေရာင္းအားမေကာင္းလို႕ လံုး၀လံုး၀မဟုတ္ရပါဘူး။

Unicode Version

ဒီတစ်ပတ်အစောပိုင်းမှာ Apple က iPhone XR ထုတ်လုပ်မှုကို လျှော့ချမယ်လို့ တင်ပြချက်တွေ ထွက်ပေါ်လာပါတယ်။ မျှော်လင့်ထားတဲ့ဝယ်လိုအားထက် လျော့ကျနေတယ်လို့လည်း သတင်းသဲ့သဲ့ထွက်လာခဲ့ပါသေးတယ်။ ထုတ်လုပ်မှုဟာ ၂၅% လောက်ကို လျှော့ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒီတင်ပြချက်ကြောင့် အဖြေထက် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။
ကနဦးအနေနဲ့ iPhone XR ဝယ်လိုအားဟာ မျှော်မှန်းထားရဲ့အောက်မှာ ရှိနေပါတယ်လို့ မင်ချီကိုက ဒီဇင်ဘာလအတွက် ဝယ်လိုအားကို ခန့်မှန်းချက်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Apple က အားလပ်ရက်အရောင်းရာသီမှာ ထုတ်လုပ်မှုကို ရပ်တံ့လိုက်တာက ဘာကြောင့်များလဲ။ ဒီတော့ ဘာတွေဖြစ်နေတာလဲ။
တကယ်တော့ ထုတ်လုပ်မှုအပိုင်းမှာ အဆင်မပြေဖြစ်သွားခဲ့တာပါ။ ဝယ်လိုအားက အကြောင်းပြချက်တစ်ခုမဟုတ်ပါဘူး။ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Jun ရဲ့ တင်ပြမှုတစ်ခုမှာတော့ iPhone XR ရဲ့ printed circuit board တွေရဲ့ အရည်အသွေးထိန်းချုပ်မှုကြောင့် ထုတ်လုပ်မှုကို နှောင့်နှေးသွားစေခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့note ကို ပြောပြရမယ်ဆိုရင်
အတွင်းပိုင်းမှာအသုံးပြုမယ့်ပစ္စည်းတွေက ဒီတစ်ပတ်ထဲမှာ ဝင်ရောက်လာမှုနှေးကွေးနေပါတယ်။ Printed Circuit Board (PCB) supplie အချို့ရဲ့ ဖြန့်ချိမှုကလည်း မြန်မြန်ဆန်ဆန်ကိုပဲ ထိုးကျသွားပါတယ်။ ဒါကြောင့် iPhone XR production ကလည်း ဒီအချက်ကြောင့် ဆုံးဖြတ်လိုက်ရတာ ဖြစ်နိုင်ပါတယ်။
အတိုချုပ်ပြောရမယ်ဆိုရင် မိုးပြိုတာမဟုတ်ပါဘူး။ iPhone ရောင်းအားတွေက တအားထိုးကျသွားခြင်းမရှိပါဘူး။ Apple က iPhone ရောင်းအားတွေကို မော်ဒယ်လ်သုံးမျိုးထုတ်ပြီး အားလပ်ရက်ရာသီအမီအားခဲထားခဲ့တာပါ။ Apple ကတော့ iPhone ရောင်းအားကျသွားလို့ ထုတ်လုပ်မှုနားထားတယ်ဆိုတာ မဟုတ်ပါဘူးနော်။
Apple ကတော့ သူ့ရဲ့ရောင်းအားကို အမြင့်ဆုံးဖြစ်စေချင်မှာပါ။ ဒါပေမယ့်လည်း iPhone ထုတ်လုပ်မှုကျဆင်းသွားခြင်းဟာ Apple ရဲ့ လုပ်ငန်း ကျဆင်းသွားခြင်းနဲ့ တိုက်ရိုက်ဆိုင်တယ်လို့ ကောက်ချက်ချထားတဲ့ တင်ပြချက်ကတော့ စဉ်းစားစရာပါပဲ။ iPhone XR ဆိုရင်လည်း နောက်ကျမှာထွက်လာတဲ့အပေါ်မှာ အမျိုးမျိုးပြောခဲ့သေးတာပဲ မဟုတ်လား။ ဘယ်လိုပဲနေနေ iPhone XR ထုတ်လုပ်မှုနှေးသွားတယ်၊ အော်ဒါနားထားတယ်ဆိုတာကတော့ ရောင်းအားမကောင်းလို့ လုံးဝလုံးဝမဟုတ်ရပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.