Posted on Leave a comment

wireless earbuds အစစ္အမွန္ကို ေစ်းသက္သက္သာသာနွင့္ရလိုသူမ်ားအတြက္ Xiaomi AirDots

Zawgyi Version

flagship ဖုန္းေစ်းေတြက တက္လာသလို wireless earbuds ေတြကလည္း အမ်ားတတ္ႏုိင္ေလာက္တဲ့ေစ်းတစ္ခု ျဖစ္လာပါျပီ။ Xiaomi ရဲ႕ ထုတ္ကုန္အသစ္ျဖစ္တဲ့ AirDots ကို ရွဳစားၾကည့္ပါဦး။ Bluetooth 5.0 ကို အသံုးျပဳထားျပီးေတာ့ earbud touch panel ေလးမွတစ္ဆင့္ ဖြင့္၊ပိတ္၊ရပ္ စတဲ့လုပ္ေဆာင္ခ်က္မ်ား၊ ဖုန္းေခၚဆိုမႈမ်ားကို လုပ္ေဆာင္ႏုိင္ေစမွာပါ။ အားသြင္း case ေလးလည္း ပါ၀င္မွာ ျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ၾကည့္လိုက္တဲ့အခါမွာေတာ့ ဘတ္ထရီသက္တမ္းဟာ ေလးနာရီခံျပီးေတာ့ charging case က ၁၂ၾကာေအာင္ သီခ်င္းနားဆင္ခြင့္ေပးထားမွာပါ။ ေနာက္တစ္ခုကေတာ့ earbud တစ္ခုခ်င္းစီမွာ 7.2mm dynamic driver နဲ႕ 4.2 gram ေလးပါတယ္။

Earbud ေတြဟာ တရုတ္ယြမ္ ၁၉၉ က်သင့္မွာျဖစ္တဲ့အတြက္ ေဒၚလာအားျဖင့္ ၃၀ ေလာက္ရွိပါတယ္။ ထြက္ရွိမယ့္ရက္ေတြလည္း သတ္မွတ္ထားျပီးေနပါျပီတဲ့။ ဒီေတာ့ ယူအက္စ္ကိုမ်ားေရာက္လာခဲ့ရင္ေရာ ေနရာတစ္ေနရာ ရႏုိင္မလားဆိုတဲ့အခ်က္က စိတ္၀င္စားစရာမို႕ ေစာင့္ၾကည့္ရမွာပါ။ ျပီးေတာ့review ေလးလည္း ထပ္မံတင္ဆက္ေပးဖို႕ရွိတယ္ဆိုေတာ့ ေစာင့္ေမွ်ာ္ဖတ္ရွဳေပးၾကပါဦး။

Unicode Version

flagship ဖုန်းဈေးတွေက တက်လာသလို wireless earbuds တွေကလည်း အများတတ်နိုင်လောက်တဲ့ဈေးတစ်ခု ဖြစ်လာပါပြီ။ Xiaomi ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ AirDots ကို ရှုစားကြည့်ပါဦး။ Bluetooth 5.0 ကို အသုံးပြုထားပြီးတော့ earbud touch panel လေးမှတစ်ဆင့် ဖွင့်၊ပိတ်၊ရပ် စတဲ့လုပ်ဆောင်ချက်များ၊ ဖုန်းခေါ်ဆိုမှုများကို လုပ်ဆောင်နိုင်စေမှာပါ။ အားသွင်း case လေးလည်း ပါဝင်မှာ ဖြစ်ပါတယ်။


အသေးစိတ်အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာတော့ ဘတ်ထရီသက်တမ်းဟာ လေးနာရီခံပြီးတော့ charging case က ၁၂ကြာအောင် သီချင်းနားဆင်ခွင့်ပေးထားမှာပါ။ နောက်တစ်ခုကတော့ earbud တစ်ခုချင်းစီမှာ 7.2mm dynamic driver နဲ့ 4.2 gram လေးပါတယ်။


Earbud တွေဟာ တရုတ်ယွမ် ၁၉၉ ကျသင့်မှာဖြစ်တဲ့အတွက် ဒေါ်လာအားဖြင့် ၃၀ လောက်ရှိပါတယ်။ ထွက်ရှိမယ့်ရက်တွေလည်း သတ်မှတ်ထားပြီးနေပါပြီတဲ့။ ဒီတော့ ယူအက်စ်ကိုများရောက်လာခဲ့ရင်ရော နေရာတစ်နေရာ ရနိုင်မလားဆိုတဲ့အချက်က စိတ်ဝင်စားစရာမို့ စောင့်ကြည့်ရမှာပါ။ ပြီးတော့review လေးလည်း ထပ်မံတင်ဆက်ပေးဖို့ရှိတယ်ဆိုတော့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

 

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.