Samsung က ေကြးညႊတ္ စမတ္ဖုန္းရဲ႕ နမူနာေမာ္ဒယ္ကို ျပသ

0
684

ဆမ္ေဆာင္းက ႏွစ္စဥ္ က်င္းပတဲ့ သူ႔ရဲ႕ Developer Conference (SCD) မွာ ေကြးညႊတ္ ႏုိင္တဲ့ Infinity Flex Display ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေကြးညႊတ္ ဖုန္းမ်ားမွာ သာမက သာမာန္ ဖုန္းမ်ားမွာလည္း ထည့္သြင္းမွာပါ။ ဆမ္ေဆာင္းက ပြဲမွာ စြမ္းရည္ျပည့္ ေကြးညႊတ္ ဖုန္းကို ျပသခဲ့ျခင္း မရွိေပမယ့္ နမူနာေမာ္ဒယ္ကို ျပသခဲ့ပါတယ္။

သူ႔ကို ျဖန္႔ၿပီး တက္ဘလက္လို သံုးရင္ ၇.၃ လက္မ မ်က္ႏွာျပင္ကို သံုးႏုိင္မွာပါ။ ေခါက္ခ်ိဳးထားရင္ ၄.၅၈ လက္မ မ်က္ႏွာျပင္ကို အသံုးျပဳႏိုင္မွာပါ။ မ်က္နွာျပင္ အခ်ိဳးက အလြန္ ရွည္လ်ားပါတယ္။ အဲဒီအတြက္ လက္တစ္ဖက္ထဲနဲ႔ စကရင္ေအာက္ဘက္ျခမ္းမွာ App မ်ားကို အသံုးျပဳႏုိင္မယ့္ One UI ကုိ ဖန္တီးထားပါတယ္။ ဆမ္ေဆာင္းက One UI ကို Google နဲ႔ Android Developer မ်ားနဲ႔ နီးကပ္စြာ ပူးေပါင္း ဖန္တီးထားတာပါ။

တက္ဘလက္လို သံုးသံုး၊ ဖုန္းလို သံုးသံုး One UI က Content မ်ားကို အဆင္ေျပစြာ ျပသေပးမွာပါ။ One UI မွာ App ၃ ခုကို တစ္ၿပိဳင္နက္ သံုးႏုိင္တဲံ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ ေကြးညႊတ္ ဖုန္း မ်က္ႏွာျပင္ရဲ႕ Pixel သိပ္သည္းဆက ၄၂၀ ျဖစ္တဲ့ ထိပ္တန္းဖုန္းမ်ားေလာက္ေတာ့ မျမင့္မားပါဘူး။

ဆမ္ေဆာင္းရဲ႕ ေကြးညႊတ္ စမတ္ဖုန္း သတင္းအခ်က္အလက္မ်ားကို အခုေလာက္သာ သိရပါေသးတယ္။ ဆမ္ေဆာင္းက သူ႔ကို ေရာင္းခ်မယ့္ အခ်ိန္ကို မေျပာေသးပါဘူး။ ယခင္ကေတာ့ လာမယ့္ႏွစ္ အေစာပိုင္းမွာ ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။

unicode

Samsung က ကွေးညွှတ် စမတ်ဖုန်းရဲ့ နမူနာမော်ဒယ်ကို ပြသ

ဆမ်ဆောင်းက နှစ်စဉ် ကျင်းပတဲ့ သူ့ရဲ့ Developer Conference (SCD) မှာ ကွေးညွှတ် နိုင်တဲ့ Infinity Flex Display ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ကွေးညွှတ် ဖုန်းများမှာ သာမက သာမာန် ဖုန်းများမှာလည်း ထည့်သွင်းမှာပါ။ ဆမ်ဆောင်းက ပွဲမှာ စွမ်းရည်ပြည့် ကွေးညွှတ် ဖုန်းကို ပြသခဲ့ခြင်း မရှိပေမယ့် နမူနာမော်ဒယ်ကို ပြသခဲ့ပါတယ်။

သူ့ကို ဖြန့်ပြီး တက်ဘလက်လို သုံးရင် ၇.၃ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် အချိုးက အလွန် ရှည်လျားပါတယ်။ အဲဒီအတွက် လက်တစ်ဖက်ထဲနဲ့ စကရင်အောက်ဘက်ခြမ်းမှာ App များကို အသုံးပြုနိုင်မယ့် One UI ကို ဖန်တီးထားပါတယ်။ ဆမ်ဆောင်းက One UI ကို Google နဲ့ Android Developer များနဲ့ နီးကပ်စွာ ပူးပေါင်း ဖန်တီးထားတာပါ။

တက်ဘလက်လို သုံးသုံး၊ ဖုန်းလို သုံးသုံး One UI က Content များကို အဆင်ပြေစွာ ပြသပေးမှာပါ။ One UI မှာ App ၃ ခုကို တစ်ပြိုင်နက် သုံးနိုင်တဲံ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ကွေးညွှတ် ဖုန်း မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆက ၄၂၀ ဖြစ်တဲ့ ထိပ်တန်းဖုန်းများလောက်တော့ မမြင့်မားပါဘူး။

ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်း သတင်းအချက်အလက်များကို အခုလောက်သာ သိရပါသေးတယ်။ ဆမ်ဆောင်းက သူ့ကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ ယခင်ကတော့ လာမယ့်နှစ် အစောပိုင်းမှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Leave a Reply