Samsung က အနာဂတ္ ဖုန္းမ်ားမွာ Notch ထည့္သြင္းမည္

0
506

ၿပိဳင္ဖက္ စမတ္ဖုန္း ကုမၸဏီေတြက Notch ပါတဲ့ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ေနေပမယ့္ ဆမ္ေဆာင္းကေတာ့ အခုထက္ထိ ဒီ Trend ကို မလိုက္ေသးပါဘူး။ အခုေတာ့ ဆမ္ေဆာင္းက သူ႔ရဲ႕ Developer Conference မွာ အဲဒီ Trend ကို လိုက္ေတာ့မယ္လို႔ ေၾကညာလုိက္ပါတယ္။ ပြဲမွာ Notch Design မ်ားကိုလည္း Slide ျဖင့္ ျပသခဲ့ပါတယ္။ အဲဒီ Notch Design မ်ားပါတဲ့ ဖုန္းမ်ားကို လာမယ့္ႏွစ္မွာ ေရာင္းခ်ႏုိင္ပါတယ္။

ဒီဇိုင္းမ်ားကို Infinity-U, Infinity-V, Infinity-O လို႔ အမည္ေပးထားၿပီး Notch မ်ားရဲ႕ ပံုသ႑ာန္ဟာ သူ႔ရဲ႕ အမည္မ်ားအတိုင္း ျဖစ္ပါတယ္။ ဒါ့အျပင္ New Infinity ကိုပါ ျပသခဲ့ပါတယ္။

• Infinity U : သူက Essential Phone ရဲ႕ Notch Design နဲ႔ တူပါတယ္။ U ပံုသ႑ာန္ ျဖစ္ၿပီး မ်က္ႏွာျပင္ရဲ႕ အထက္ အလယ္ပိုင္းမွာ ထည့္သြင္းထားပါတယ္။
• Infinity V : သူ႔ကိုလည္း မ်က္ႏွာျပင္ရဲ႕ အထက္ အလယ္ပိုင္းမွာ ထည့္သြင္းထားၿပီး V ပံုသ႑ာန္ ျဖစ္ပါတယ္။
• Infinity O : သူက စက္၀ိုင္း ပံုသ႑ာန္ ျဖစ္ၿပီး မ်က္ႏွာျပင္ရဲ႕ အထက္ ဘယ္ဘက္ေထာင့္မွာ ထည့္သြင္းထားပါတယ္။
• New Infinity : သူကေတာ့ Notch မပါတဲ့ မ်က္ႏွာျပင္ ျဖစ္ပါတယ္။ သူ႔အေၾကာင္းကိုေတာ့ ကုမၸဏီက မေျပာသြားခဲ့ပါဘူး။ အဲဒီအတြက္ ဒီနည္းပညာကို ကုမၸဏီက မဖန္တီးႏိုင္ေသးဘူးလို႔ ထင္ရပါတယ္။ Slider ပါတဲ့ ဖုန္း ျဖစ္ႏုိင္ပါတယ္။
ဆမ္ေဆာင္းက ယခင္ႏွစ္က iPhone X မွာ မိတ္ဆက္ခဲ့တဲ့ Notch ကို ေလွာင္ေျပာင္ခဲ့ပါေသးတယ္။ iPhone X ရဲ႕ Notch ဟာ ႀကီးမားတဲ့ အတြက္ မ်က္ႏွာျပင္ ဧရိယာ က်ဥ္းသြားေစတယ္လုိ႔ ေျပာပါတယ္။

unicode

Samsung က အနာဂတ် ဖုန်းများမှာ Notch ထည့်သွင်းမည်

ပြိုင်ဖက် စမတ်ဖုန်း ကုမ္ပဏီတွေက Notch ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေပေမယ့် ဆမ်ဆောင်းကတော့ အခုထက်ထိ ဒီ Trend ကို မလိုက်သေးပါဘူး။ အခုတော့ ဆမ်ဆောင်းက သူ့ရဲ့ Developer Conference မှာ အဲဒီ Trend ကို လိုက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ပွဲမှာ Notch Design များကိုလည်း Slide ဖြင့် ပြသခဲ့ပါတယ်။ အဲဒီ Notch Design များပါတဲ့ ဖုန်းများကို လာမယ့်နှစ်မှာ ရောင်းချနိုင်ပါတယ်။

ဒီဇိုင်းများကို Infinity-U, Infinity-V, Infinity-O လို့ အမည်ပေးထားပြီး Notch များရဲ့ ပုံသဏ္ဍာန်ဟာ သူ့ရဲ့ အမည်များအတိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် New Infinity ကိုပါ ပြသခဲ့ပါတယ်။

• Infinity U : သူက Essential Phone ရဲ့ Notch Design နဲ့ တူပါတယ်။ U ပုံသဏ္ဍာန် ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက် အလယ်ပိုင်းမှာ ထည့်သွင်းထားပါတယ်။
• Infinity V : သူ့ကိုလည်း မျက်နှာပြင်ရဲ့ အထက် အလယ်ပိုင်းမှာ ထည့်သွင်းထားပြီး V ပုံသဏ္ဍာန် ဖြစ်ပါတယ်။
• Infinity O : သူက စက်ဝိုင်း ပုံသဏ္ဍာန် ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်ထောင့်မှာ ထည့်သွင်းထားပါတယ်။
• New Infinity : သူကတော့ Notch မပါတဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ သူ့အကြောင်းကိုတော့ ကုမ္ပဏီက မပြောသွားခဲ့ပါဘူး။ အဲဒီအတွက် ဒီနည်းပညာကို ကုမ္ပဏီက မဖန်တီးနိုင်သေးဘူးလို့ ထင်ရပါတယ်။ Slider ပါတဲ့ ဖုန်း ဖြစ်နိုင်ပါတယ်။
ဆမ်ဆောင်းက ယခင်နှစ်က iPhone X မှာ မိတ်ဆက်ခဲ့တဲ့ Notch ကို လှောင်ပြောင်ခဲ့ပါသေးတယ်။ iPhone X ရဲ့ Notch ဟာ ကြီးမားတဲ့ အတွက် မျက်နှာပြင် ဧရိယာ ကျဉ်းသွားစေတယ်လို့ ပြောပါတယ်။

Leave a Reply