Posted on Leave a comment

Notch ေရစီးေၾကာင္းထဲမွာ တင္းမခံႏုိင္ပဲေမ်ာပါသြားတဲ့ ဆမ္ေဆာင္း

Zawgyi Version

တစ္ခု၊ ႏွစ္ခုမကတဲ့ အမ်ိဳးအစားသံုးမ်ိဳးအထိ ဒီဇုိင္းခ်ထားေပးပါတယ္။

ဆမ္ေဆာင္းက အျခားစမတ္ဖုန္းလုပ္ငန္းရွင္ေတြ notch ကို ထည့္သြင္းေနခ်ိန္မွာ မလုပ္ေဆာင္ပဲတင္းခံေနတဲ့ ထူးျခားတဲ့လုပ္ငန္းတစ္ခုအျဖစ္နဲ႕ ဒီႏွစ္ပိုင္းမွာ ရပ္တည္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပီးခဲ့တဲ့ရက္ကက်င္းပခဲ့တဲ့ developer conference မွာေတာ့ ဒီေရစီးေၾကာင္းကို လိုက္ပါေတာ့မယ္ဆိုတဲ့အေၾကာင္း အတည္ျပဳလိုက္ပါတယ္။  keynote တစ္ေလွ်ာက္မွာလည္း ဆမ္ေဆာင္းဖုန္းေတြမွာ အသံုးျပဳသြားမယ့္ notch design ေတြကို ထုတ္ေဖာ္ျပသေပးသြားပါတယ္။ အဲဒီ ဒီဇုိင္းေတြကိုေတာ့ ၂၀၁၉ နဲ႕ ေနာက္ႏွစ္ေတြမွာ အသံုးျပဳသြားမွာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းရဲ႕ ထုတ္ကုန္မားကတ္တင္းဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ ဟက္ဆန္ကေတာ့ တစ္ႏွစ္ျပီးတစ္ႏွစ္ ေဘာင္ေတြေလွ်ာ့ခ်ျပီးေတာ့ display အရြယ္အစားကို က်ယ္ျပန္႕ေအာင္ ဘယ္လိုလုပ္ေဆာင္ခဲ့သလဲဆုိတာကိုလည္း ေျပာၾကားသြားခဲ့ပါတယ္။ အခုႏွစ္မွာလည္း Infinity U, V, and O displays ဆိုျပီးေတာ့ အမ်ိဳးအစားအသစ္ေတြကို ဖန္တီးထားပါတယ္။ အဲဒီconcept အသစ္ေတြကလည္း ေရာက္လာေတာ့မွာပါ။ ကၽြန္ေတာ္ေျပာျပခ်င္ေနပါျပီဆိုျပီးေတာ့ ေျပာၾကားသြားခဲ့ပါတယ္။

  • Infinity U: Essential Phone ရဲ႕ notch design နဲ႕ ထပ္တူက်ပါတယ္။ displayရဲ႕ထိပ္ အလယ္နားေလာက္မွာ ဘဲဥျခမ္းပံုစံေလးနဲ႕ ဆင္တူပါတယ္။
  • Infinity V: Infinity U နဲ႕ ဆင္တူပါတယ္။ ဒါေပမယ့္လည္း ဘဲဥျခမ္းထက္ အနားေလးစြန္း ျဖစ္သြားပါတယ္။
  • Infinity O: ဒါကေတာ့ မ်က္ႏွာျပင္ေပၚမွာ စက္၀ုိင္းပံုစံေလး ျဖတ္ေတာက္ထားလိုက္သလိုပဲေပါ့။ ဒီေတာ့ notch ကို မၾကီးေစေတာ့ပါဘူး။ ဒါေပမယ့္လည္း အေကာင္းဘက္ဆန္တဲ့ တံု႕ျပန္မႈေတြကို ယူေဆာင္ေပးႏုိင္လိမ့္မယ္လို႕ ေမွ်ာ္မွန္းရပါတယ္။ Asus ကလည္း ZenFone 6 မွာ အဲဒီလိုအယူအဆကို အသံုးျပဳထထားပါတယ္။ ဒါေပမယ့္ တံု႕ျပန္မႈကေတာ့ အေတာ္ေလးဆိုးရြားခဲ့ပါတယ္။
  • New Infinity: ဒါကေတာ့ notchless display ပါပဲ။ ဒီအေၾကာင္းကိုေတာ့ စင္ေပၚမွာတင္ျပသြားျခင္း မရွိပါဘူး။ ဒီနည္းပညာက အသင့္မျဖစ္ေသးဘူးနဲ႕တူပါတယ္။ ဆမ္ေဆာင္းကေတာ့ ဆယ္လ္ဖီကင္မရာနဲ႕ အျခားအစိတ္အပိုင္းေတြကို အျပင္ဘက္္ေနရာမွာ ပံုမွန္အတုိင္းထားႏုိင္ဖို႕အတြက္ slide ဖုန္းလုပ္ဖို႕လည္း စမ္းသပ္ေနတယ္လို႕ သိရပါတယ္။

Galaxy S9 နဲ႕ Note 9 ကေတာ့ ဆမ္ေဆာင္းရဲ႕ notch မသံုးထားတဲ့ဒီဇုိင္းမွာ ေနာက္ဆံုးမ်ိဳးဆက္ေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ notch မၾကိဳက္တဲ့သူေတြအတြက္ အ၀ကိုင္ထားလို႕ ေျပာခ်င္ပါတယ္။

ဆမ္ေဆာင္းကေတာ့ Apple ကို notch နဲ႕ပတ္သတ္ျပီးေတာ့ ေလွာင္ခဲ့ဖူးပါေသးတယ္။ ယူဆရတာကေတာ့ အဲဒီလိုေလွာင္ခဲ့တဲ့အတြက္ေၾကာင့္ မ်က္ႏွာျပင္အေနအထားပိုမိုက်ယ္ျပန္႕ေအာင္ အခုလိုဒီဇုိင္းေတြကို ဖန္တီးခဲ့တာျဖစ္ႏုိင္ပါတယ္။

သင္ခန္းစာယူရမွာကေတာ့ notch ကို လ်စ္လ်ဴရွဳထားလို႕မရပါဘူး။ notch ေတြက အႏုိင္ရသြားပါျပီ။ မ်က္ႏွာျပင္အျပည့္ မဖန္တီးႏုိင္ခင္အထိေပါ့။

Unicode Version

တစ်ခု၊ နှစ်ခုမကတဲ့ အမျိုးအစားသုံးမျိုးအထိ ဒီဇိုင်းချထားပေးပါတယ်။
ဆမ်ဆောင်းက အခြားစမတ်ဖုန်းလုပ်ငန်းရှင်တွေ notch ကို ထည့်သွင်းနေချိန်မှာ မလုပ်ဆောင်ပဲတင်းခံနေတဲ့ ထူးခြားတဲ့လုပ်ငန်းတစ်ခုအဖြစ်နဲ့ ဒီနှစ်ပိုင်းမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ developer conference မှာတော့ ဒီရေစီးကြောင်းကို လိုက်ပါတော့မယ်ဆိုတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။ keynote တစ်လျှောက်မှာလည်း ဆမ်ဆောင်းဖုန်းတွေမှာ အသုံးပြုသွားမယ့် notch design တွေကို ထုတ်ဖော်ပြသပေးသွားပါတယ်။ အဲဒီ ဒီဇိုင်းတွေကိုတော့ ၂၀၁၉ နဲ့ နောက်နှစ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဆမ်ဆောင်းရဲ့ ထုတ်ကုန်မားကတ်တင်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဟက်ဆန်ကတော့ တစ်နှစ်ပြီးတစ်နှစ် ဘောင်တွေလျှော့ချပြီးတော့ display အရွယ်အစားကို ကျယ်ပြန့်အောင် ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာကိုလည်း ပြောကြားသွားခဲ့ပါတယ်။ အခုနှစ်မှာလည်း Infinity U, V, and O displays ဆိုပြီးတော့ အမျိုးအစားအသစ်တွေကို ဖန်တီးထားပါတယ်။ အဲဒီconcept အသစ်တွေကလည်း ရောက်လာတော့မှာပါ။ ကျွန်တော်ပြောပြချင်နေပါပြီဆိုပြီးတော့ ပြောကြားသွားခဲ့ပါတယ်။
• Infinity U: Essential Phone ရဲ့ notch design နဲ့ ထပ်တူကျပါတယ်။ displayရဲ့ထိပ် အလယ်နားလောက်မှာ ဘဲဥခြမ်းပုံစံလေးနဲ့ ဆင်တူပါတယ်။
• Infinity V: Infinity U နဲ့ ဆင်တူပါတယ်။ ဒါပေမယ့်လည်း ဘဲဥခြမ်းထက် အနားလေးစွန်း ဖြစ်သွားပါတယ်။
• Infinity O: ဒါကတော့ မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံစံလေး ဖြတ်တောက်ထားလိုက်သလိုပဲပေါ့။ ဒီတော့ notch ကို မကြီးစေတော့ပါဘူး။ ဒါပေမယ့်လည်း အကောင်းဘက်ဆန်တဲ့ တုံ့ပြန်မှုတွေကို ယူဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ Asus ကလည်း ZenFone 6 မှာ အဲဒီလိုအယူအဆကို အသုံးပြုထထားပါတယ်။ ဒါပေမယ့် တုံ့ပြန်မှုကတော့ အတော်လေးဆိုးရွားခဲ့ပါတယ်။
• New Infinity: ဒါကတော့ notchless display ပါပဲ။ ဒီအကြောင်းကိုတော့ စင်ပေါ်မှာတင်ပြသွားခြင်း မရှိပါဘူး။ ဒီနည်းပညာက အသင့်မဖြစ်သေးဘူးနဲ့တူပါတယ်။ ဆမ်ဆောင်းကတော့ ဆယ်လ်ဖီကင်မရာနဲ့ အခြားအစိတ်အပိုင်းတွေကို အပြင်ဘက်နေရာမှာ ပုံမှန်အတိုင်းထားနိုင်ဖို့အတွက် slide ဖုန်းလုပ်ဖို့လည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။
Galaxy S9 နဲ့ Note 9 ကတော့ ဆမ်ဆောင်းရဲ့ notch မသုံးထားတဲ့ဒီဇိုင်းမှာ နောက်ဆုံးမျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် notch မကြိုက်တဲ့သူတွေအတွက် အဝကိုင်ထားလို့ ပြောချင်ပါတယ်။
ဆမ်ဆောင်းကတော့ Apple ကို notch နဲ့ပတ်သတ်ပြီးတော့ လှောင်ခဲ့ဖူးပါသေးတယ်။ ယူဆရတာကတော့ အဲဒီလိုလှောင်ခဲ့တဲ့အတွက်ကြောင့် မျက်နှာပြင်အနေအထားပိုမိုကျယ်ပြန့်အောင် အခုလိုဒီဇိုင်းတွေကို ဖန်တီးခဲ့တာဖြစ်နိုင်ပါတယ်။
သင်ခန်းစာယူရမှာကတော့ notch ကို လျစ်လျူရှုထားလို့မရပါဘူး။ notch တွေက အနိုင်ရသွားပါပြီ။ မျက်နှာပြင်အပြည့် မဖန်တီးနိုင်ခင်အထိပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.