Posted on Leave a comment

LG က မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ကင္မရာ ျမွပ္ထားတဲ့ ဖုန္း ဒီဇိုင္းကို မွတ္ပံုတင္

ဆမ္ေဆာင္းက မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ကင္မရာ ျမွပ္ထားတဲ့ Full Screen Smartphone ကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား သိပ္မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ LG ကလည္း အလားတူ စမတ္ဖုန္း ဒီဇိုင္းကို မွတ္ပံုတင္လိုက္ပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ ကင္မရာကို ျမွပ္ႏွံထားတဲ့ အတြက္ Notch မလိုေတာ့တဲ့ Full Screen Smartphone ကို ဖန္တီးႏုိင္မွာ ျဖစ္ပါတယ္။

Patent ကို ေတာင္ကိုရီးယားမွာ မွတ္ပံုတင္ထားတာ ျဖစ္ၿပီး ဒီဇိုင္း ၂ ခု ပါပါတယ္။ တစ္ခုမွာ မ်က္ႏွာျပင္ေဘးဘက္မ်ားက ေကြးညႊတ္ၿပီး ေနာက္တစ္ခုကေတာ့ Flat ျဖစ္ပါတယ္။ ၂ မ်ိဳးစလံုးရဲ႕ အေရွ႕ ကင္မရာ ဒီဇိုင္းကေတာ့ တူညီၿပီး စကရင္ရဲ႕ ညာဘက္အေပၚထိပ္မွ ဘဲဥပံုသ႑ာန္ အေပါက္ထဲမွာ အေရွ႕ ကင္မရာကို ျမွပ္ႏွွံထားတာ ျဖစ္ပါတယ္။ အဲဒီမွာ ကင္မရာ ၁ လံုး သို႔မဟုတ္ ၂ လံုးနဲ႔ အတူ Proximity , Ambient လုုိ ဆန္ဆာမ်ားကိုပါ ထည့္သြင္းထားႏုိင္ပါတယ္။ ဒါဟာ မွတ္ပံုတင္ထားတဲ့ Patent တစ္ခုသာ ရွိပါေသးတယ္။ စမတ္ဖုန္း ကုမၸဏီမ်ားဟာ Patent မ်ားစြာကို မွတ္ပံုတင္ထားေပမယ့္ အခ်ိဳ႕ကို တကယ္ ဖန္တီးေရာင္းခ်ျခင္း မရွိခဲ့ပါဘူး။

ဆမ္ေဆာင္းက ၿပီးခဲ့တဲ့လက Galaxy A9s နဲ႔ A6s မိတ္ဆက္ပြဲမွာ Galaxy A8s မွာ ပါမယ့္ နည္းပညာ အသစ္ကို အရိပ္အျမြက္ ျပသခဲ့ပါတယ္။ အဲဒီ ဖုန္းမွာ စကရင္ရဲ႕ အထက္တြင္ အေပါက္ေဖာက္ထားၿပီး အေရွ႕ကင္မရာ ျမွပ္ႏွံထားတာ ျဖစ္ပါတယ္။ သူဟာ ဒီနည္းပညာကို သံုးထားတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။ အေရွ႕ ကင္မရာ အျပင္ Proximity နဲ႔ Ambient Light Sensors မ်ားကိုလည္း ထည့္သြင္းထားႏုိင္ပါတယ္။

UNICODE

LG က မျက်နှာပြင်အောက်မှာ အရှေ့ကင်မရာ မြှပ်ထားတဲ့ ဖုန်း ဒီဇိုင်းကို မှတ်ပုံတင်

ဆမ်ဆောင်းက မျက်နှာပြင်အောက်မှာ အရှေ့ကင်မရာ မြှပ်ထားတဲ့ Full Screen Smartphone ကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ သိပ်မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ LG ကလည်း အလားတူ စမတ်ဖုန်း ဒီဇိုင်းကို မှတ်ပုံတင်လိုက်ပါတယ်။ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံထားတဲ့ အတွက် Notch မလိုတော့တဲ့ Full Screen Smartphone ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Patent ကို တောင်ကိုရီးယားမှာ မှတ်ပုံတင်ထားတာ ဖြစ်ပြီး ဒီဇိုင်း ၂ ခု ပါပါတယ်။ တစ်ခုမှာ မျက်နှာပြင်ဘေးဘက်များက ကွေးညွှတ်ပြီး နောက်တစ်ခုကတော့ Flat ဖြစ်ပါတယ်။ ၂ မျိုးစလုံးရဲ့ အရှေ့ ကင်မရာ ဒီဇိုင်းကတော့ တူညီပြီး စကရင်ရဲ့ ညာဘက်အပေါ်ထိပ်မှ ဘဲဥပုံသဏ္ဍာန် အပေါက်ထဲမှာ အရှေ့ ကင်မရာကို မြှပ်နှံထားတာ ဖြစ်ပါတယ်။ အဲဒီမှာ ကင်မရာ ၁ လုံး သို့မဟုတ် ၂ လုံးနဲ့ အတူ Proximity , Ambient လို ဆန်ဆာများကိုပါ ထည့်သွင်းထားနိုင်ပါတယ်။ ဒါဟာ မှတ်ပုံတင်ထားတဲ့ Patent တစ်ခုသာ ရှိပါသေးတယ်။ စမတ်ဖုန်း ကုမ္ပဏီများဟာ Patent များစွာကို မှတ်ပုံတင်ထားပေမယ့် အချို့ကို တကယ် ဖန်တီးရောင်းချခြင်း မရှိခဲ့ပါဘူး။

ဆမ်ဆောင်းက ပြီးခဲ့တဲ့လက Galaxy A9s နဲ့ A6s မိတ်ဆက်ပွဲမှာ Galaxy A8s မှာ ပါမယ့် နည်းပညာ အသစ်ကို အရိပ်အမြွက် ပြသခဲ့ပါတယ်။ အဲဒီ ဖုန်းမှာ စကရင်ရဲ့ အထက်တွင် အပေါက်ဖောက်ထားပြီး အရှေ့ကင်မရာ မြှပ်နှံထားတာ ဖြစ်ပါတယ်။ သူဟာ ဒီနည်းပညာကို သုံးထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ အရှေ့ ကင်မရာ အပြင် Proximity နဲ့ Ambient Light Sensors များကိုလည်း ထည့်သွင်းထားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.