Google Maps တြင္ ယာဥ္တုိက္မႈႏွင့္ အျမန္ႏႈန္းျမင့္မားစြာေမာင္းႏွင္ေနမႈမ်ားအား တင္ျပႏုိင္ရန္ စီစဥ္ထား

0
507

Zawgyi Version

Google လုပ္ငန္းမွ Waze ကို ၀ယ္ယူျပီးေနာက္ပိုင္းမွာ Maps ထဲကို လူၾကိဳက္မ်ားထားတဲ့ feature ေတြေပါင္းထည့္ေတာ့မယ္ဆိုတာ သိထားျပီးသားပါ။ ျပီးခဲ့တဲ့လေတြမွာ APK Teardown ဆီကေန သတင္းတစ္ခုၾကားရတာကေတာ့ Google ဟာ Maps ထဲကို report ေတြေပါင္းထည့္ဖို႕ လုပ္ေနပါသတဲ့။ အခုဆုိရင္ေတာ့ ဒီfeature ေလးက Maps သံုးစြဲသူအခ်ိဳ႕ဆီမွာေတာင္ ရေနပါျပီ။

Reddit သံုးစြဲသူတစ္ေယာက္ကေတာ့ ဒီလုပ္ေဆာင္္ခ်က္ေလးကို သတိျပဳမိသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း လုပ္ေဆာင္ခ်က္ကေတာ့ သံုးစြဲသူအနည္းငယ္ေလာက္မွာသာ ေတြ႕ျမင္ရေသးတဲ့အေနအထားပါ။ Maps UI ကိုေျပးၾကည့္လုိက္ပါ။ ေအာက္ေျခနားေလးမွာ report button အသစ္ေလး ပါေကာင္းပါေနႏုိင္ပါတယ္။ ႏွိပ္ၾကည့္လိုက္ပါ။ ယာဥ္တုိက္မႈျဖစ္ေနတာျဖစ္ျဖစ္၊ လမ္းက်ပ္ေနတာျဖစ္ျဖစ္ Google ကို အေၾကာင္းၾကားႏုိင္ပါတယ္။ ဒါက လက္ရွိမွာ navigation mode အတြင္းမွာသာ အလုပ္လုပ္ႏုိင္ေသးတာပါ။ စမ္းသပ္ေနဆဲကာလျဖစ္ပါတယ္။

reporting feature ကို လူမ်ားစုမရႏုိင္ေသးတဲ့အတြက္ေၾကာင့္ အက်ိဳးေက်းဇူးကိုေတာ့ ခံစားႏုိင္မွာ မဟုတ္ေသးပါဘူး။ တကယ္လို႕မ်ား လူတုိင္းအတြက္ ထုတ္ေပးလိုက္မယ္ဆုိရင္ေတာ့ Maps က သင့္ရဲ႕သြားလာမႈကို ခရီးတြင္ေစမယ့္အရာေလးတစ္ခုအျဖစ္ ပတ္သတ္လာပါလိမ့္မယ္။

Download Google Maps

Unicode Version

Google လုပ်ငန်းမှ Waze ကို ဝယ်ယူပြီးနောက်ပိုင်းမှာ Maps ထဲကို လူကြိုက်များထားတဲ့ feature တွေပေါင်းထည့်တော့မယ်ဆိုတာ သိထားပြီးသားပါ။ ပြီးခဲ့တဲ့လတွေမှာ APK Teardown ဆီကနေ သတင်းတစ်ခုကြားရတာကတော့ Google ဟာ Maps ထဲကို report တွေပေါင်းထည့်ဖို့ လုပ်နေပါသတဲ့။ အခုဆိုရင်တော့ ဒီfeature လေးက Maps သုံးစွဲသူအချို့ဆီမှာတောင် ရနေပါပြီ။


Reddit သုံးစွဲသူတစ်ယောက်ကတော့ ဒီလုပ်ဆောင်ချက်လေးကို သတိပြုမိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လုပ်ဆောင်ချက်ကတော့ သုံးစွဲသူအနည်းငယ်လောက်မှာသာ တွေ့မြင်ရသေးတဲ့အနေအထားပါ။ Maps UI ကိုပြေးကြည့်လိုက်ပါ။ အောက်ခြေနားလေးမှာ report button အသစ်လေး ပါကောင်းပါနေနိုင်ပါတယ်။ နှိပ်ကြည့်လိုက်ပါ။ ယာဉ်တိုက်မှုဖြစ်နေတာဖြစ်ဖြစ်၊ လမ်းကျပ်နေတာဖြစ်ဖြစ် Google ကို အကြောင်းကြားနိုင်ပါတယ်။ ဒါက လက်ရှိမှာ navigation mode အတွင်းမှာသာ အလုပ်လုပ်နိုင်သေးတာပါ။ စမ်းသပ်နေဆဲကာလဖြစ်ပါတယ်။
reporting feature ကို လူများစုမရနိုင်သေးတဲ့အတွက်ကြောင့် အကျိုးကျေးဇူးကိုတော့ ခံစားနိုင်မှာ မဟုတ်သေးပါဘူး။ တကယ်လို့များ လူတိုင်းအတွက် ထုတ်ပေးလိုက်မယ်ဆိုရင်တော့ Maps က သင့်ရဲ့သွားလာမှုကို ခရီးတွင်စေမယ့်အရာလေးတစ်ခုအဖြစ် ပတ်သတ်လာပါလိမ့်မယ်။

Download Google Maps

Leave a Reply