Facebook Messenger မွာ ပို႕ထားျပီးတဲ့မက္ေဆ့ခ်္ကိုျပန္ဖ်က္ႏုိင္ေသာ feature ထည့္သြင္းမည္

0
851

Zawgyi Version

WhatsApp ကေတာ့ လုပ္ခြင့္ေပးထားပါတယ္။ မက္ေဆ့ခ်္ကို မွားပို႕မိတယ္ဆိုၾကပါစို႕။ အခ်ိန္အတုိင္းအတာတစ္ခုအတြင္း သင့္ကိုျပန္ဖ်က္ခြင့္ေပးထားပါတယ္။ Gmail မွာလည္း ‘undo send’ လုပ္ဖို႕ စကၠန္႕အနည္းငယ္ ေပးထားပါတယ္။

Facebook လည္း ေနာက္ဆံုးေတာ့ လုိက္လုပ္ဖို႕ ဆံုးျဖတ္လုိက္ဟန္တူပါတယ္။ Messenger app မွာ စတင္လုပ္ေဆာင္မွာျဖစ္ပါတယ္။ ဒီေၾကညာခ်က္ကိုေတာ့ Twitter သံုးစြဲသူတစ္ေယာက္ျဖစ္တဲ့ @MattNavarra က iOS အတြက္ 191.0 versio ထြက္ရွိတဲ့note ေလးမွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ “coming soon” ဆိုျပီးေတာ့ ေရးသားထားတာေတြ႕ရပါတယ္။

Facebook ပုိင္တဲ့ WhatsApp မွာေတာင္ တစ္နာရီအတုိင္းအတာအထိ ပို႕ထားျပီးတဲ့မက္ေဆ့ခ်္ကို ျပန္ဖ်က္ခြင့္ေပးထားပါတယ္။ Messenger ကေတာ့ အဲဒီေလာက္မမ်ားဘူးလို႕ သိရပါတယ္။ သင့္မွာ အခ်ိန္10မိနစ္ပဲရပါတယ္။ ပံုပဲျဖစ္ျဖစ္၊ စာသားပဲျဖစ္ျဖစ္ လူမွားပို႕တယ္ဆိုရင္ေတာ့ ျပန္ဖ်က္လို႕ရႏုိင္မွာပါ။

Facebook က ဧျပီလေနာက္ပိုင္းမွာ ပို႕ထားတဲ့စာသားေတြကို ျပန္ဖ်က္ခြင့္ေပးရမလားဆိုျပီးေတာ့ စီအီးအို မက္ဇူကာဘတ္နဲ႕ အမႈေဆာင္ေတြရရဲ႕ မက္ေဆ့ခ်္ေပးပို႕မႈပဋိပကၡေလးအျပီးမွာ စဥ္းစားခဲ့ၾကတာ ျဖစ္ပါတယ္။

အခ်ိန္၁၀မိနစ္ဆိုတာကလည္း မရတာထက္စာရင္ေတာ့ ပိုေကာင္းလာပါတယ္။ feature အသစ္ေလးကေတာ့ ဘယ္လိုပဲေနေန ၾကိဳဆုိရမွာပဲမဟုတ္လား။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ထြက္လာမလဲဆိုတာကေတာ့ မေၾကညာထားေသးတဲ့အတြက္ေၾကာင့္ စိတ္ပ်က္စရာေတာ့ေကာင္းသား။

Unicode Version

WhatsApp ကတော့ လုပ်ခွင့်ပေးထားပါတယ်။ မက်ဆေ့ချ်ကို မှားပို့မိတယ်ဆိုကြပါစို့။ အချိန်အတိုင်းအတာတစ်ခုအတွင်း သင့်ကိုပြန်ဖျက်ခွင့်ပေးထားပါတယ်။ Gmail မှာလည်း ‘undo send’ လုပ်ဖို့ စက္ကန့်အနည်းငယ် ပေးထားပါတယ်။
Facebook လည်း နောက်ဆုံးတော့ လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်ဟန်တူပါတယ်။ Messenger app မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီကြေညာချက်ကိုတော့ Twitter သုံးစွဲသူတစ်ယောက်ဖြစ်တဲ့ @MattNavarra က iOS အတွက် 191.0 versio ထွက်ရှိတဲ့note လေးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “coming soon” ဆိုပြီးတော့ ရေးသားထားတာတွေ့ရပါတယ်။

Facebook ပိုင်တဲ့ WhatsApp မှာတောင် တစ်နာရီအတိုင်းအတာအထိ ပို့ထားပြီးတဲ့မက်ဆေ့ချ်ကို ပြန်ဖျက်ခွင့်ပေးထားပါတယ်။ Messenger ကတော့ အဲဒီလောက်မများဘူးလို့ သိရပါတယ်။ သင့်မှာ အချိန်10မိနစ်ပဲရပါတယ်။ ပုံပဲဖြစ်ဖြစ်၊ စာသားပဲဖြစ်ဖြစ် လူမှားပို့တယ်ဆိုရင်တော့ ပြန်ဖျက်လို့ရနိုင်မှာပါ။
Facebook က ဧပြီလနောက်ပိုင်းမှာ ပို့ထားတဲ့စာသားတွေကို ပြန်ဖျက်ခွင့်ပေးရမလားဆိုပြီးတော့ စီအီးအို မက်ဇူကာဘတ်နဲ့ အမှုဆောင်တွေရရဲ့ မက်ဆေ့ချ်ပေးပို့မှုပဋိပက္ခလေးအပြီးမှာ စဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။
အချိန်၁၀မိနစ်ဆိုတာကလည်း မရတာထက်စာရင်တော့ ပိုကောင်းလာပါတယ်။ feature အသစ်လေးကတော့ ဘယ်လိုပဲနေနေ ကြိုဆိုရမှာပဲမဟုတ်လား။ ဒါပေမယ့် ဘယ်အချိန်မှာ ထွက်လာမလဲဆိုတာကတော့ မကြေညာထားသေးတဲ့အတွက်ကြောင့် စိတ်ပျက်စရာတော့ကောင်းသား။

Leave a Reply