Posted on Leave a comment

AirDots အမည္ရ AirPods Clone ကို ေၾကညာလိုက္တဲ့ Xiaomi

Xiaomi က တန္ဖိုးခ်ိဳသာတဲ့ စမတ္ဖုန္းမ်ား အျပင္ Accessories မ်ားကို ထုတ္လုပ္ေရာင္းခ်တဲ့ အတြက္ နာမည္ႀကီးပါတယ္။ အခုလည္း AirPods နဲ႔ ဒီဇိုင္း ဆင္တူတဲ့ Wireless Earbuds ကို ေၾကညာလိုက္ပါတယ္။ ေစ်းကလည္း သက္သာၿပီး ၃၀ ေဒၚလာသာ ရွိပါတယ္။ သူ႔ရဲ႕ အမည္က AirDots ျဖစ္ၿပီး AirPods ရဲ႕ စြမ္းရည္မ်ား ပါပါတယ္။ အဲဒီအထဲမွာ လက္ျဖင့္ တို႔ထိ၍ ထိန္းခ်ဳပ္ႏုိင္ျခင္းနဲ႔ က်စ္လစ္တဲ့ Charging Case မ်ား ပါပါတယ္။ AirPods နဲ႔ မတူတာက AirDots မွာ ဆီလီကြန္ ကိုယ္ထည္ကို အသံုးျပဳထားတာပါ။ နားၾကပ္မွာ Bluetooth 5.0 ဆက္သြယ္မႈ ထည့္သြင္းထားပါတယ္။

တရုတ္မွာ ၁၉၉ ယြမ္ျဖင့္ ေရာင္းခ်ေပးမွာပါ။ လက္ရွိမွာ ႀကိဳတင္မွာယူႏိုင္ပါၿပီ။ ႏုိ၀င္ဘာလ ၁၁ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူဟာ အသံ အရည္အေသြးနဲ႔ စြမ္းရည္ အပိုင္းမွာ AirPods ကိုေတာ့ မွီမွာ မဟုတ္ပါဘူး။ ထိေတြ႕ ထိန္းခ်ဳပ္ႏိုင္တဲ့ ဧရိယာကေန Music Player ကို ထိန္းခ်ဳပ္ျခင္း၊ အ၀င္ဖုန္းမ်ားကို ေျဖဆိုျခင္း၊ ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ကို ဆင့္ေခၚျခင္းမ်ားကို ျပဳလုပ္ႏိုင္ပါတယ္။

တစ္ခါအား အျပည့္သြင္းထားရင္ ၄ နာရီၾကာ အသံုးျပဳႏိုင္ပါတယ္။ နားၾကပ္အတြက္ ဖန္တီးထားတဲ့ Case မွာလည္း ဘက္ထရီ ပါရွိၿပီး ဘက္ထရီ သက္တမ္းကို ၁၂ နာရီၾကာ တိုးျမွင့္ေပးပါတယ္။

unicode

AirDots အမည်ရ AirPods Clone ကို ကြေညာလိုက်တဲ့ Xiaomi

Xiaomi က တန်ဖိုးချိုသာတဲ့ စမတ်ဖုန်းများ အပြင် Accessories များကို ထုတ်လုပ်ရောင်းချတဲ့ အတွက် နာမည်ကြီးပါတယ်။ အခုလည်း AirPods နဲ့ ဒီဇိုင်း ဆင်တူတဲ့ Wireless Earbuds ကို ကြေညာလိုက်ပါတယ်။ ဈေးကလည်း သက်သာပြီး ၃၀ ဒေါ်လာသာ ရှိပါတယ်။ သူ့ရဲ့ အမည်က AirDots ဖြစ်ပြီး AirPods ရဲ့ စွမ်းရည်များ ပါပါတယ်။ အဲဒီအထဲမှာ လက်ဖြင့် တို့ထိ၍ ထိန်းချုပ်နိုင်ခြင်းနဲ့ ကျစ်လစ်တဲ့ Charging Case များ ပါပါတယ်။ AirPods နဲ့ မတူတာက AirDots မှာ ဆီလီကွန် ကိုယ်ထည်ကို အသုံးပြုထားတာပါ။ နားကြပ်မှာ Bluetooth 5.0 ဆက်သွယ်မှု ထည့်သွင်းထားပါတယ်။

တရုတ်မှာ ၁၉၉ ယွမ်ဖြင့် ရောင်းချပေးမှာပါ။ လက်ရှိမှာ ကြိုတင်မှာယူနိုင်ပါပြီ။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူဟာ အသံ အရည်အသွေးနဲ့ စွမ်းရည် အပိုင်းမှာ AirPods ကိုတော့ မှီမှာ မဟုတ်ပါဘူး။ ထိတွေ့ ထိန်းချုပ်နိုင်တဲ့ ဧရိယာကနေ Music Player ကို ထိန်းချုပ်ခြင်း၊ အဝင်ဖုန်းများကို ဖြေဆိုခြင်း၊ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

တစ်ခါအား အပြည့်သွင်းထားရင် ၄ နာရီကြာ အသုံးပြုနိုင်ပါတယ်။ နားကြပ်အတွက် ဖန်တီးထားတဲ့ Case မှာလည်း ဘက်ထရီ ပါရှိပြီး ဘက်ထရီ သက်တမ်းကို ၁၂ နာရီကြာ တိုးမြှင့်ပေးပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.