ေရခဲေသတၱာမွာ ကပ္ျပီးအသံုးျပဳႏုိင္မယ့္ 2018 iPad Pro

0
864

Zawgyi Version

iPad အသစ္ေလးကိုင္ရတာမွ ၂၄နာရီေတာင္ ျပည့္ၾကျပီလား။ အခ်ိဳ႕လူေတြကေတာ့ review အတြက္ရတာပါ။ ဒီေတာ့ ကၽြန္ေတာ္တို႕အတြက္ ပစၥည္းအသစ္ေလးရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းကို စတင္ေလ့လာရမယ့္အခ်ိန္ကို ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ ဘယ္အခ်ိန္ေရာက္လာမလဲဆိုတာ ရင္ခုန္ရင္းနဲ႕ ဘယ္လိုေတြအသံုးခ်ႏုိင္သလဲဆိုတာ ၾကည့္ေနတဲ့အခ်ိန္ေပါ့။

လူတုိင္းရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့အခ်က္ေလးကေတာ့ သိထားျပီးေလာက္ပါျပီ။ ဟုတ္ပါတယ္။ 2018 iPad Pro က ေရခဲေသတၱာမွာ ကပ္ထားလို႕ရပါတယ္။

2018 iPad Pro ေၾကညာပြဲမွာ တက္ဘလက္အသစ္ေလးမွာ ပါ၀င္တဲ့သံလုိက္ေတြဟာ ၁၀၀ေက်ာ္တယ္လို႕ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ Smart Keyboard Folio ကိုလည္း ျမဲျမံစြာ ကပ္ႏုိင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ေရခဲေသတၱာကိုလည္း ကပ္ႏုိင္ပါသတဲ့။ ဒီအခ်က္ကေတာ့ အေတာ္မ်ားမ်ားစိတ္၀င္စားေနတဲ့အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ စမ္းသပ္ခ်င္ေနတဲ့သူေတြလည္း ဒုနဲ႕ေဒးေပါ့ေလ။

ဒီလိုသီအိုရီေလးကို ဂ်ာနယ္လစ္တစ္ေယာက္က စမ္းသပ္ခဲ့ပါတယ္။ ရလဒ္ကေတာ့ လူတုိင္းစိတ္၀င္စားေနမယ္ထင္ပါတယ္။ ဟုတ္ပါတယ္။ ရခဲ့ပါတယ္။ iPad Pro ဟာ ျမဲျမံစြာ ကပ္ေနတာကို ေတြ႕လုိက္ရပါတယ္။

ဒါေပမယ့္လည္း သင္ကိုယ္တုိင္စမ္းသပ္ဖို႕ စဥ္းစားေစခ်င္ပါတယ။္ အေရးၾကီးတာကေတာ့ အခ်ိန္အၾကာၾကီး ဘယ္ေလာက္ခံႏုိင္မလဲဆိုတာ ကၽြန္ေတာ္တို႕မသိေသးပါဘူး။ စမ္းသပ္ေတာ့မယ္ဆိုရင္ ေအာက္ခံၾကမ္းခင္းကို ႏူးညံ့ေနေအာင္ျပင္ဆင္ထားပါ။ မေတာ္လို႕မ်ား ျပဳတ္က်သြားခဲ့ရင္။

သင့္ကို သတိေပးထားျပီးသားေနာ္။ ကၽြန္ေတာ္တို႕နဲ႕ မဆုိင္ေတာ့ပါဘူး။

Unicode Version

iPad အသစ်လေးကိုင်ရတာမှ ၂၄နာရီတောင် ပြည့်ကြပြီလား။ အချို့လူတွေကတော့ review အတွက်ရတာပါ။ ဒီတော့ ကျွန်တော်တို့အတွက် ပစ္စည်းအသစ်လေးရဲ့ လုပ်ဆောင်နိုင်စွမ်းကို စတင်လေ့လာရမယ့်အချိန်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ရောက်လာမလဲဆိုတာ ရင်ခုန်ရင်းနဲ့ ဘယ်လိုတွေအသုံးချနိုင်သလဲဆိုတာ ကြည့်နေတဲ့အချိန်ပေါ့။
လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အချက်လေးကတော့ သိထားပြီးလောက်ပါပြီ။ ဟုတ်ပါတယ်။ 2018 iPad Pro က ရေခဲသေတ္တာမှာ ကပ်ထားလို့ရပါတယ်။
2018 iPad Pro ကြေညာပွဲမှာ တက်ဘလက်အသစ်လေးမှာ ပါဝင်တဲ့သံလိုက်တွေဟာ ၁၀၀ကျော်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် Smart Keyboard Folio ကိုလည်း မြဲမြံစွာ ကပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရေခဲသေတ္တာကိုလည်း ကပ်နိုင်ပါသတဲ့။ ဒီအချက်ကတော့ အတော်များများစိတ်ဝင်စားနေတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ စမ်းသပ်ချင်နေတဲ့သူတွေလည်း ဒုနဲ့ဒေးပေါ့လေ။


ဒီလိုသီအိုရီလေးကို ဂျာနယ်လစ်တစ်ယောက်က စမ်းသပ်ခဲ့ပါတယ်။ ရလဒ်ကတော့ လူတိုင်းစိတ်ဝင်စားနေမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ရခဲ့ပါတယ်။ iPad Pro ဟာ မြဲမြံစွာ ကပ်နေတာကို တွေ့လိုက်ရပါတယ်။
ဒါပေမယ့်လည်း သင်ကိုယ်တိုင်စမ်းသပ်ဖို့ စဉ်းစားစေချင်ပါတယ။် အရေးကြီးတာကတော့ အချိန်အကြာကြီး ဘယ်လောက်ခံနိုင်မလဲဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ စမ်းသပ်တော့မယ်ဆိုရင် အောက်ခံကြမ်းခင်းကို နူးညံ့နေအောင်ပြင်ဆင်ထားပါ။ မတော်လို့များ ပြုတ်ကျသွားခဲ့ရင်။
သင့်ကို သတိပေးထားပြီးသားနော်။ ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး။

Leave a Reply