အမွတ္ အရမ္းမ်ားလြန္းလို႔ Mate 20 Pro ရဲ႕ DXOMark ရမွတ္မ်ားကို မေျပာၾကားခဲ့တဲ့ Huawei

0
631

Huawei က တရုတ္ ႏိုင္ငံ ရွန္ဟိုင္းမွာ Mate 20 Series မ်ားကို ေၾကညာခဲ့ခ်ိန္မွာ DXOMark ရဲ႕ ရမွတ္မ်ားကို မေျပာခဲ့ပါဘူး။ ပံုမွန္အားျဖင့္ေတာ့ ဖုန္းကို ေၾကညာခ်ိန္မွာ DXOMark ရဲ႕ ကင္မရာ ရမွတ္မ်ားကို ေၾကညာေနက်ျဖစ္ပါတယ္။ Mate 20 Series မ်ားကို ေၾကညာခ်ိန္မွာေတာ့ အစဥ္အလာကေန ေသြဖယ္သြားတာက စဥ္းစားစရာ ျဖစ္ပါတယ္။ အခုေတာ့ ဟြာေ၀းက တမင္တကာ လွ်ိဳ႕၀ွက္ထားတာလို႔ သိလိုက္ရပါတယ္။

Mate 20 Series မ်ားကို ေၾကညာတဲ့ ပြဲမွာ ဟြာေ၀းက DXOMark ရဲ႕ ကင္မရာ ရမွတ္မ်ားကို မေၾကညာတာက အမွတ္ အရမ္းမ်ားေနလို႔ ျဖစ္ပါတယ္။ Mate 20, Mate 20 Pro, Mate 20X နဲ႔ Mate 20 Porsche မ်ားမွာ စြမ္းရည္ျမင့္ ကင္မရာမ်ား ထည့္သြင္းထားၾကပါတယ္။ အဲဒီအထဲမွာ Mate 20 Pro ရဲ႕ အေနာက္ကင္မရာ ၃ လံုးဟာ စြမ္းရည္ အျမင့္မားဆံုး ျဖစ္ပါတယ္။ သူတို႔က 40+20+8MP Camera မ်ား ျဖစ္ပါတယ္။

Huawei ရဲ႕ စြမ္းရည္ျမင့္ P20 Pro ဟာ DXOMark မွာ ရမွတ္ အမ်ားဆံုး ျဖစ္ေနၿပီး ၁၀၉ မွတ္ ရထားပါတယ္။ သူ႔ရဲ႕ အေနာက္မွာ Apple ရဲ႕ စြမ္းရည္ျမင့္ iPhone XS Max က ၁၀၅ မွတ္နဲ႔ ရပ္တည္ေနပါတယ္။ Xiaomi Mi Mix 3 က ၁၀၃ မွတ္နဲ႔ တတိယ ေနရာကို သိမ္းပိုက္ထားပါတယ္။ Mi Mix 3 ဟာ Galaxy Note 9 ကို ေက်ာ္တက္ၿပီး တတိယ ေနရာကို လုယူထားတာပါ။

unicode

အမှတ် အရမ်းများလွန်းလို့ Mate 20 Pro ရဲ့ DXOMark ရမှတ်များကို မပြောကြားခဲ့တဲ့ Huawei

Huawei က တရုတ် နိုင်ငံ ရှန်ဟိုင်းမှာ Mate 20 Series များကို ကြေညာခဲ့ချိန်မှာ DXOMark ရဲ့ ရမှတ်များကို မပြောခဲ့ပါဘူး။ ပုံမှန်အားဖြင့်တော့ ဖုန်းကို ကြေညာချိန်မှာ DXOMark ရဲ့ ကင်မရာ ရမှတ်များကို ကြေညာနေကျဖြစ်ပါတယ်။ Mate 20 Series များကို ကြေညာချိန်မှာတော့ အစဉ်အလာကနေ သွေဖယ်သွားတာက စဉ်းစားစရာ ဖြစ်ပါတယ်။ အခုတော့ ဟွာဝေးက တမင်တကာ လျှို့ဝှက်ထားတာလို့ သိလိုက်ရပါတယ်။

Mate 20 Series များကို ကြေညာတဲ့ ပွဲမှာ ဟွာဝေးက DXOMark ရဲ့ ကင်မရာ ရမှတ်များကို မကြေညာတာက အမှတ် အရမ်းများနေလို့ ဖြစ်ပါတယ်။ Mate 20, Mate 20 Pro, Mate 20X နဲ့ Mate 20 Porsche များမှာ စွမ်းရည်မြင့် ကင်မရာများ ထည့်သွင်းထားကြပါတယ်။ အဲဒီအထဲမှာ Mate 20 Pro ရဲ့ အနောက်ကင်မရာ ၃ လုံးဟာ စွမ်းရည် အမြင့်မားဆုံး ဖြစ်ပါတယ်။ သူတို့က 40+20+8MP Camera များ ဖြစ်ပါတယ်။

Huawei ရဲ့ စွမ်းရည်မြင့် P20 Pro ဟာ DXOMark မှာ ရမှတ် အများဆုံး ဖြစ်နေပြီး ၁၀၉ မှတ် ရထားပါတယ်။ သူ့ရဲ့ အနောက်မှာ Apple ရဲ့ စွမ်းရည်မြင့် iPhone XS Max က ၁၀၅ မှတ်နဲ့ ရပ်တည်နေပါတယ်။ Xiaomi Mi Mix 3 က ၁၀၃ မှတ်နဲ့ တတိယ နေရာကို သိမ်းပိုက်ထားပါတယ်။ Mi Mix 3 ဟာ Galaxy Note 9 ကို ကျော်တက်ပြီး တတိယ နေရာကို လုယူထားတာပါ။

Leave a Reply