တရုတ္ရဲ႕ႏုိင္ငံသားေတြ ဘယ္လိုလမ္းေလွ်ာက္သလဲဆိုတာသိဖို႕ ေစာင့္ၾကည့္ကိရိယာတစ္ခု ဖန္တီးေန

0
653

Zawgyi Version

တရုတ္အာဏာပိုင္ေတြက ေစာင့္ၾကည့္ကိရိယာတစ္ခုဖန္တီးျပီးေတာ့ ႏုိင္ငံသားေတြ ဘယ္လိုလမ္းေလွ်ာက္သလဲ၊ ကိုယ္ေနဟန္ထားဘယ္လိုရွိလဲ ေလ့လာေတာ့မွာျဖစ္ပါတယ္။

ရွိႏွင့္ျပီးသား ေစာင့္ၾကည့္ကင္မရာေတြမွာ ေနာက္ဆံုးေပၚ facial recognition နည္းပညာေတြ ေပါင္းစပ္ထည့္သြင္းမွာ ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံစဟာ ေဘဂ်င္းနဲ႕ ရွန္ဟုိင္းျမိဳ႕ၾကီးေတြရဲ႕ လမ္းမေတြထက္မွာ ဒီစနစ္ကို အသံုးျပဳေနခဲ့တာၾကာပါျပီ။ ေနာက္တစ္ဆင့္အေနနဲ႕ privacy ပိုင္းမွာ အာဏာပိုင္ေတြအေနနဲ႕ ထပ္မံက်ဴးေက်ာ္ဖို႕ စဥ္းစားေနသလားေတာင္ ေတြးမိပါတယ္။ (စဥ္းစားၾကည့္လုိက္ပါ။ ညဘက္အိပ္ေရးမ၀လို႕ ယိုင္တုိင္တုိင္လမ္းေလွ်ာက္တာ၊ အရက္မူးေနလို႕ ယုိင္တုိင္တုိင္လမ္းေလွ်ာက္တာ၊ ခလုတ္တုိက္တာကအစ သူတို႕ေနမယ့္အျဖစ္။)

Watrix ဆိုတဲ့ ဒီစနစ္ကိုျပင္ဆင္ေပးတဲ့လုပ္ငန္းရဲ႕ စီအီးအိုျဖစ္သူ ေဟာင္ယြန္းဂ်န္ကေတာ့ မီတာငါးဆယ္(၁၆၅ေပ) အကြာအေ၀းကလူေတြကိုပါ ၾကည့္ရွဳႏုိင္ျပီးေတာ့ ေနာက္ေက်ာေပးထားထား၊ မ်က္ႏွာမူထားထား အလုပ္လုပ္ေနမွာပါတဲ့။

လက္ရွိေစာင့္ၾကည့္ကင္မရာေတြ မလုပ္ႏုိင္ေသးတဲ့ အနီးကပ္ျမင္ကြင္းေတြကိုသာ ၾကည့္ႏုိင္ျခင္း၊ လူတစ္ေယာက္ရဲ႕ မ်က္နွာပံုရိပ္ကိုေကာင္းေကာင္းျမင္ရမွသာ လုပ္ေဆာင္ခ်က္အျပည့္အ၀လုပ္ေဆာင္ႏုိင္ျခင္းေတြကို ေလွ်ာ့ေပါ့ေပးသြားမွာ ျဖစ္ပါတယ္။ Watrix တို႕အတြက္ လုိအပ္တာကေတာ့ လူတစ္ေယာက္ ဘယ္လိုလမ္းေလွ်ာက္ေနသလဲဆိုတာကို ရွင္းရွင္းလင္းလင္းျမင္ရဖို႕ပါပဲ။

“သူတို႕တစ္ေယာက္ခ်င္းစီကို မွတ္မိဖို႕အတြက္ လူသားေတြနဲ႕ပူးေပါင္းေဆာင္ရြက္ေနစရာ မလိုအပ္ေတာ့ပါဘူး” လို႕ စာနယ္ဇင္းရွင္းလင္းပြဲမွာ ေျပာထားပါတယ္။ “Gait analysis ကေတာ့ လွည့္စားလို႕မရေအာင္အထိ ျပည့္စံုပါတယ္။ ကၽြန္ေတာ္တို႕လုပ္ထားတာက လူတစ္ေယာက္ရဲ႕ကိုယ္တစ္လံုးကို ေစာင့္ၾကည့္ေလ့လာျပီးမွ ဖန္တီးထားတာျဖစ္လို႕ပါပဲ။ ”

လုပ္ငန္းအတြက္ ယြမ္ေငြ ၁၀၀ မီလ်ံ သံုးစြဲျပီးျဖစ္ပါတယ္။

တရုတ္ႏုိင္ငံဟာ ဒီဂ်စ္တယ္ပလက္ေဖာင္းကို ေနရာအေတာ္မ်ားမ်ားမွာ အသံုးခ်ေနျပီးေတာ့ အာဏာပုိင္ေတြအတြက္ အက်ိဳးရွိေအာင္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ social credit system လို႕ေခၚတဲ့ လူတစ္ေယာက္ရဲ႕ အက်င့္သိကၡာနဲ႕ပတ္သတ္ျပီး ေနထုိင္မႈစနစ္ေတြကို စည္းကမ္းတက်အေရးယူသြားမယ္လို႕လည္း သတင္းေတြထြက္ေနတာပါ။ တကယ္လို႕မ်ား တရုတ္ႏုိင္ငံကသာ ဒီစနစ္ေတြကို အျပည့္အ၀အေကာင္အထည္ေဖာ္ႏုိင္ခဲ့မယ္ဆိုရင္ေတာ့ ကမာၻေပၚမွာ ပထမဆံုးႏုိင္ငံတစ္ခုအျဖစ္ ရပ္တည္ႏုိင္မွာျဖစ္သလို ႏုိင္ငံသားအေတာ္မ်ားမ်ားရဲ႕ ေလးစားမႈကိုခံရမွာပါ။ တစ္ဖက္ကၾကည့္မယ္ဆုိရင္ေတာ့ privacy ခ်ိဳးေဖာက္မႈနဲ႕ ရင္ဆုိင္ရႏုိင္ပါတယ္။ လူတစ္ေယာက္မွာ privacy လံုး၀မရွိေတာ့ဘဲ ေစာင့္ၾကည့္မႈေတြေအာက္မွာ ေနထိုင္ေနရတဲ့ စက္ရုပ္ေတြအျဖစ္ကို ေရာက္သြားႏုိင္ပါတယ္။ ဒီအျဖစ္အပ်က္ေတြၾကားက တရုတ္အာဏာပုိင္ေတြ ဘယ္လိုအကြက္ေရႊ႕မလဲဆိုတာကလည္း ေစာင့္ၾကည့္သင့္တဲ့အခ်က္တစ္ခုျဖစ္ပါတယ္။

Unicode Version

တရုတ်အာဏာပိုင်တွေက စောင့်ကြည့်ကိရိယာတစ်ခုဖန်တီးပြီးတော့ နိုင်ငံသားတွေ ဘယ်လိုလမ်းလျှောက်သလဲ၊ ကိုယ်နေဟန်ထားဘယ်လိုရှိလဲ လေ့လာတော့မှာဖြစ်ပါတယ်။
ရှိနှင့်ပြီးသား စောင့်ကြည့်ကင်မရာတွေမှာ နောက်ဆုံးပေါ် facial recognition နည်းပညာတွေ ပေါင်းစပ်ထည့်သွင်းမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံစဟာ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့ကြီးတွေရဲ့ လမ်းမတွေထက်မှာ ဒီစနစ်ကို အသုံးပြုနေခဲ့တာကြာပါပြီ။ နောက်တစ်ဆင့်အနေနဲ့ privacy ပိုင်းမှာ အာဏာပိုင်တွေအနေနဲ့ ထပ်မံကျူးကျော်ဖို့ စဉ်းစားနေသလားတောင် တွေးမိပါတယ်။ (စဉ်းစားကြည့်လိုက်ပါ။ ညဘက်အိပ်ရေးမဝလို့ ယိုင်တိုင်တိုင်လမ်းလျှောက်တာ၊ အရက်မူးနေလို့ ယိုင်တိုင်တိုင်လမ်းလျှောက်တာ၊ ခလုတ်တိုက်တာကအစ သူတို့နေမယ့်အဖြစ်။)


Watrix ဆိုတဲ့ ဒီစနစ်ကိုပြင်ဆင်ပေးတဲ့လုပ်ငန်းရဲ့ စီအီးအိုဖြစ်သူ ဟောင်ယွန်းဂျန်ကတော့ မီတာငါးဆယ်(၁၆၅ပေ) အကွာအဝေးကလူတွေကိုပါ ကြည့်ရှုနိုင်ပြီးတော့ နောက်ကျောပေးထားထား၊ မျက်နှာမူထားထား အလုပ်လုပ်နေမှာပါတဲ့။
လက်ရှိစောင့်ကြည့်ကင်မရာတွေ မလုပ်နိုင်သေးတဲ့ အနီးကပ်မြင်ကွင်းတွေကိုသာ ကြည့်နိုင်ခြင်း၊ လူတစ်ယောက်ရဲ့ မျက်နှာပုံရိပ်ကိုကောင်းကောင်းမြင်ရမှသာ လုပ်ဆောင်ချက်အပြည့်အဝလုပ်ဆောင်နိုင်ခြင်းတွေကို လျှော့ပေါ့ပေးသွားမှာ ဖြစ်ပါတယ်။ Watrix တို့အတွက် လိုအပ်တာကတော့ လူတစ်ယောက် ဘယ်လိုလမ်းလျှောက်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ပါပဲ။
“သူတို့တစ်ယောက်ချင်းစီကို မှတ်မိဖို့အတွက် လူသားတွေနဲ့ပူးပေါင်းဆောင်ရွက်နေစရာ မလိုအပ်တော့ပါဘူး” လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောထားပါတယ်။ “Gait analysis ကတော့ လှည့်စားလို့မရအောင်အထိ ပြည့်စုံပါတယ်။ ကျွန်တော်တို့လုပ်ထားတာက လူတစ်ယောက်ရဲ့ကိုယ်တစ်လုံးကို စောင့်ကြည့်လေ့လာပြီးမှ ဖန်တီးထားတာဖြစ်လို့ပါပဲ။ ”
လုပ်ငန်းအတွက် ယွမ်ငွေ ၁၀၀ မီလျံ သုံးစွဲပြီးဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီဂျစ်တယ်ပလက်ဖောင်းကို နေရာအတော်များများမှာ အသုံးချနေပြီးတော့ အာဏာပိုင်တွေအတွက် အကျိုးရှိအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ social credit system လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ အကျင့်သိက္ခာနဲ့ပတ်သတ်ပြီး နေထိုင်မှုစနစ်တွေကို စည်းကမ်းတကျအရေးယူသွားမယ်လို့လည်း သတင်းတွေထွက်နေတာပါ။ တကယ်လို့များ တရုတ်နိုင်ငံကသာ ဒီစနစ်တွေကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ပထမဆုံးနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်မှာဖြစ်သလို နိုင်ငံသားအတော်များများရဲ့ လေးစားမှုကိုခံရမှာပါ။ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ privacy ချိုးဖောက်မှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ လူတစ်ယောက်မှာ privacy လုံးဝမရှိတော့ဘဲ စောင့်ကြည့်မှုတွေအောက်မှာ နေထိုင်နေရတဲ့ စက်ရုပ်တွေအဖြစ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကြားက တရုတ်အာဏာပိုင်တွေ ဘယ်လိုအကွက်ရွှေ့မလဲဆိုတာကလည်း စောင့်ကြည့်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

Leave a Reply