
0
883




iPhone XR (A12 Bionic)

iPhone XS (A12 Bionic)


iPhone X (A11 Bionic)




unicode

Benchmarks ရလဒ်အရ iPhone XR ဟာ XS နဲ့ အမြန်နှုန်း တူပြီး ဘက်ထရီ သက်တမ်းပိုကောင်း

Apple က အိုင်ဖုန်း အသစ်အားလုံးမှာ A12 Bionic Chip ထည့်သွင်းပေးထားပါတယ်။ အခုတော့ Geekbench 4 ရဲ့ စမ်းသပ်မှုအရ XR ရဲ့ စွမ်းဆောင်ရည်ဟာ XS နဲ့ XS Max တို့နဲ့ တူညီပြီး ဘက်ထရီ သက်တမ်းက ပိုကောင်းတယ်လို့ ဖော်ပြထားပါတယ်။ XR ဟာ ဒေါ်လာ ၂၅၀ ဈေးသက်သာပါတယ်။


Single Core စမ်းသပ်မှုမှာ XR ဟာ ယခင်နှစ်ထုတ် iPhone X ထက် ၁၃ ရာခိုင်နှုန်းနဲ့ Multi Core စမ်းသပ်မှုမှာ ၁၀ ရာခိုင်နှုန်း ပိုမြန်နေပါတယ်။ XS နဲ့ XS Max တို့နဲ့ တန်းတူ ရှိနေပါတယ်။ Geekbench ရဲ့ ရလဒ်များကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။

iPhone XR (A12 Bionic)
Single-core performance: 4,818
Multi-core performance: 11,326
Metal performance: 22,025

iPhone XS (A12 Bionic)
Single-core performance: 4,807
Multi-core performance: 11,382
Metal performance: 21,574

iPhone XS Max (A12 Bionic)
Single-core performance: 4,813
Multi-core performance: 11,096
Metal performance: 21,967

iPhone X (A11 Bionic)
Single-core performance: 4,253
Multi-core performance: 10,377
Metal performance: 15,691

iPhone 7 Plus (A10 Fusion)
Single-core performance: 12,894
Multi-core performance: 5,965
Metal performance: 21,967

XR ရဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းရခြင်းမှာ စကရင်ကြောင့်ဖြစ်ပါတယ်။ စွမ်းအင်စားသုံးမှု သက်သာတဲ့ 7nm Chip အပြင် XR မှာ OLED အစား LCD ကို သုံးထားပါတယ်။ XR ရဲ့ Resolution က နည်းပါးပြီး 1,792×828 pixels သာ ရှိပါတယ်။ (iPhone XS: 2,436×1,125; iPhone XS Max: 2,688×1,242)

Synthetic ရဲ့ Benchmark မှာတော့ XR ရဲ့ CPU Speed ဟာ အလွန် ကောင်းတယ်လို့ ညွှန်းထားပေမယ့် တကယ့် အမြန်နှုန်းဟာ 4K Video ကြည့်ခြင်း၊ စွမ်းအင် အလွန် စားသုံးတဲ့ အလုပ်များ လုပ်ခြင်းတို့လို အကြောင်းအရာများစွာ အပေါ်မှာ မူတည်ပါတယ်။

Leave a Reply