ဒီတစ္ပတ္ထဲမွာ ေၾကညာေတာ့မယ့္ Samsung ရဲ႕ ေကြးညႊတ္ စမတ္ဖုန္း

0
869
DJ Koh, Samsung's Mobile Communications Division President and CEO, holds up the new Samsung Galaxy Note 9 during a product launch event in Brooklyn, New York, U.S., August 9, 2018. REUTERS/Lucas Jackson

Samsung Mobile ရဲ႕ စီအီးအိုက လြန္ခဲ့တဲ့ လမ်ားကတည္းက ေျပာထားတာက ကုမၸဏီဟာ ဆန္ဖရန္စစၥကိုမွာ က်င္းပမယ့္ Developer Conference မွာ ေကြးညႊတ္ ေခါက္ခ်ိဳးႏုိင္တဲ့ စမတ္ဖုန္းကို ျပသမယ္ဆိုတာပါ။ အခုေတာ့ လူမႈကြန္ရက္မ်ားမွ ဆမ္ေဆာင္းရဲ႕ အေကာင့္မ်ားမွာ အဲဒီဖုန္းရဲ႕ Teaser မ်ားကို ျပသထားပါတယ္။ ဓါတ္ပံုမွာ ကုမၸဏီရဲ႕ လိုဂိုဟာ ေကြးညႊတ္ေနပါတယ္။

ကုမၸဏီရဲ႕ ကြာတား အလိုက္ ၀င္ေငြစာရင္းကို ထုတ္ျပန္တဲ့ ပြဲမွာ အရာရွိ တစ္ဦး ျဖစ္သူ Lee Kyeong-tae က ေကြးညႊတ္ စမတ္ဖုန္း ဒီဇိုင္းေၾကာင့္ Multitasking ဟာ ပိုေကာင္းလာတယ္ဆိုတာ ေျပာျပသြားပါတယ္။ သူ႔ကို ေခါက္ခ်ိဳးၿပီး ဖုန္းလို သံုးႏိုင္သလို ျဖန္႔ထားၿပီး တက္ဘလက္လိုပါ သံုးႏုိင္ပါတယ္။

Reuters ရဲ႕ သတင္းအရ ပြဲမွာ ေကြးညႊတ္ စမတ္ဖုန္းကို မျပသရင္ေတာင္ သူ႔ရဲ႕ အေသးစိတ္ ဓါတ္ပံုမ်ားကို ျမင္ရႏုိင္တယ္လို႔ သိရပါတယ္။ LG ကလည္း လာမယ့္ႏွစ္ အေစာပိုင္းမွာ က်င္းပမယ့္ CES မွာ ေကြးညႊတ္ စမတ္ဖုန္းကို ျပသမယ္လို႔ သတင္းထြက္ေနပါတယ္။ ေကြးညႊတ္ စမတ္ဖုန္းဟာ သာမာန္ စမတ္ဖုန္းမ်ားထက္ ဘယ္လို လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာမလဲဆိုတာ သိရဖု႔ိ သိပ္မလိုေတာ့ပါဘူး။ Samsung Developer Conference ကို လာမယ့္ ၇ ရက္နဲ႔ ၈ ရက္မွာ က်င္းပမွာ ျဖစ္ပါတယ္။

unicode

ဒီတစ်ပတ်ထဲမှာ ကြေညာတော့မယ့် Samsung ရဲ့ ကွေးညွှတ် စမတ်ဖုန်း

Samsung Mobile ရဲ့ စီအီးအိုက လွန်ခဲ့တဲ့ လများကတည်းက ပြောထားတာက ကုမ္ပဏီဟာ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် Developer Conference မှာ ကွေးညွှတ် ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ပြသမယ်ဆိုတာပါ။ အခုတော့ လူမှုကွန်ရက်များမှ ဆမ်ဆောင်းရဲ့ အကောင့်များမှာ အဲဒီဖုန်းရဲ့ Teaser များကို ပြသထားပါတယ်။ ဓါတ်ပုံမှာ ကုမ္ပဏီရဲ့ လိုဂိုဟာ ကွေးညွှတ်နေပါတယ်။

ကုမ္ပဏီရဲ့ ကွာတား အလိုက် ဝင်ငွေစာရင်းကို ထုတ်ပြန်တဲ့ ပွဲမှာ အရာရှိ တစ်ဦး ဖြစ်သူ Lee Kyeong-tae က ကွေးညွှတ် စမတ်ဖုန်း ဒီဇိုင်းကြောင့် Multitasking ဟာ ပိုကောင်းလာတယ်ဆိုတာ ပြောပြသွားပါတယ်။ သူ့ကို ခေါက်ချိုးပြီး ဖုန်းလို သုံးနိုင်သလို ဖြန့်ထားပြီး တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။

Reuters ရဲ့ သတင်းအရ ပွဲမှာ ကွေးညွှတ် စမတ်ဖုန်းကို မပြသရင်တောင် သူ့ရဲ့ အသေးစိတ် ဓါတ်ပုံများကို မြင်ရနိုင်တယ်လို့ သိရပါတယ်။ LG ကလည်း လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပမယ့် CES မှာ ကွေးညွှတ် စမတ်ဖုန်းကို ပြသမယ်လို့ သတင်းထွက်နေပါတယ်။ ကွေးညွှတ် စမတ်ဖုန်းဟာ သာမာန် စမတ်ဖုန်းများထက် ဘယ်လို လုပ်ဆောင်ချက် အသစ်တွေ ပါလာမလဲဆိုတာ သိရဖု့ိ သိပ်မလိုတော့ပါဘူး။ Samsung Developer Conference ကို လာမယ့် ၇ ရက်နဲ့ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Leave a Reply