
0
1018




unicode

ကမ္ဘာ့ ပထမဆုံး Android ထည့်ထားတဲ့ 4K Mirrorless Camera

တရုတ် ကုမ္ပဏီ Yangnuo က ကမ္ဘာ့ ပထမဆုံး Android ထည့်ထားတဲ့ 4K Mirrorless Camera ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ YN450 ဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး စွမ်းရည်က Android OS ထည့်သွင်းထားတဲ့ မှန်ချက်မဲ့ ကင်မရာ ဖြစ်နေခြင်းပါ။ သူ့မှာ Canon Lenses များကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Canon Lenses များကို ဝယ်ယူထားသူများအတွက်တော့ YN450 ဟာ သင့်တော်ပါတယ်။

လက်ရှိ Canon EF Lenses များနဲ့ တွဲဖက် သုံးနိုင်တဲ့ အပြင် YN450 မှာ 4K Video များကို 30fps ဖြင့် ရိုက်ကူးနိုင်တဲ့ 16MP 4/3 Sensor တစ်လုံး ပါပါတယ်။ Android 7.1 ထည့်သွင်းထားပြီး 3GB RAM , Qualcomm 8-core Processor များ ထည့်သွင်းထားပါတယ်။ Internal Storage မှာ 32GB ဖြစ်ပြီး 32GB microSD Card စိုက်နိုင်ပါတယ်။


၅ လက်မ FullHD Touchscreen , GPS , 3.5mm Headphone Jack များ ထည့်သွင်းထားပါတယ်။ Low Light အတွက် Dual LED Flashes ပါပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ Yangnuo YN450 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ Android ထည့်ထားတဲ့ အတွက် ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို Cloud မှာ Back up ပြုလုပ်ခြင်းလို အားသာချက်များ ရှိပါတယ်။

Leave a Reply