Huawei Mate 20 Pro ရဲ႕ Display မွာ ျပႆနာမ်ား ျဖစ္ပြားေန

0
658

Huawei Mate 20 Pro ပိုင္ရွင္မ်ားက မ်က္ႏွာျပင္ အစိမ္းေရာင္ သမ္းတဲ့ ျပႆနာ ျဖစ္ပြားေနတယ္လို႔ သတင္းပို႔ေနၾကပါတယ္။ User မ်ားစြာက Dark Theme/ Wallpaper မ်ား သံုးရင္ သို႔မဟုတ္ Low-light Mode ကို သံုးရင္ အဲဒီ ျပႆနာ ျဖစ္ပြားတယ္လို႔ လူမႈကြန္ရက္မ်ားမွာ ေျပာေနၾကပါတယ္။ ဟြာေ၀းက ဒီျပႆနာ ျဖစ္ပြားေနတဲ့ ဖုန္းမ်ားအား ျပင္ဆင္ေပးမယ္လို႔ အတည္ျပဳထားၿပီး ဖုန္း ပိုင္ရွင္မ်ားအား Service Center မ်ားကို ယူေဆာင္သြားဖု႔ိ ညႊန္ၾကားထားပါတယ္။

ဟြာေ၀းက Mate 20 Pro အခ်ိဳ႕အလံုးမ်ားမွာ LG ရဲ႕ OLED Display ကို အသံုးျပဳထားတယ္လုိ႔ ယူဆထားၾကၿပီး အဲဒီ မ်က္ႏွာျပင္မ်ားက ဒီျပႆနာကို ျဖစ္ေစတာလို႔ ေျပာေနၾကပါတယ္။ အခ်ိဳ႕ကလည္း စကရင္မွာ ကပ္ထားတဲ့ ေကာ္ဟာ ေျခာက္သြားတဲ့ အတြက္ အေရာင္ထုတ္လုပ္မႈမွာ ျပႆနာမ်ား ျဖစ္တာလို႔ ဆိုၾကပါတယ္။ အစိမ္းေရာင္ သမ္းတဲ့ အရြယ္အစားနဲ႔ အေရာင္ အေဖ်ာ့ ၊ အျပင္းဟာ Wallpaper အလိုက္ကြာျခားတယ္လို႔ သိရပါတယ္။

ဟြာေ၀းက ဒီျပႆနာကို စံုစမ္းစစ္ေဆးေနပါတယ္။ ဟြာေ၀းရဲ႕ တရား၀င္ ထုတ္ျပန္ေၾကညာခ်က္မွာ “ ကိုင္ရတာ သက္ေတာင့္သက္သာျဖစ္ေစဖို႔နဲ႔ ေကာင္းမြန္တဲ့ ရုပ္ထြက္ကို ပံ့ပိုးေပးဖို႔ အတြက္ ေကြးညႊတ္တဲ့ ဒီဇိုင္း ပါတဲ့ စြမ္းရည္ျမင့္ OLED Screen ကို Mate 20 Pro မွာ သံုးထားပါတယ္။ အဲဒီအတြက္ မတူညီတဲ့ ရႈေထာင့္မ်ားကေန ၾကည့္ရင္ အေရာင္ထုတ္လုပ္မႈ ကြဲျပားၾကပါတယ္။ သာမာန္ သံုးတဲ့ အခါမွာ ဒီလို ျဖစ္ရင္ Authorized Customer Service Center မ်ားကို ယူေဆာင္သြားပါ။ “ လို႔ ေဖာ္ျပထားပါတယ္။

Huawei Finland က ဒီ ျပႆနာ ျဖစ္ပြားတဲ့ ဖုန္းမ်ားကို အသစ္တစ္လံုးနဲ႔ လဲလွယ္ေပးေနပါတယ္။ Mate 20 Pro အလံုးတိုင္းမွာ ျဖစ္တာမဟုတ္ဘဲ အခ်ိဳ႕မွာသာ ျဖစ္ပြားေနတာပါ။ ဟြာေ၀းက မၾကာခင္မွာ ဒီျပႆနာကို ပိုထိေရာက္စြာ ေျဖရွင္းေပးေတာ့မယ္လို႔ ထင္ရပါတယ္။

unicode

Huawei Mate 20 Pro ရဲ့ Display မှာ ပြဿနာများ ဖြစ်ပွားနေ

Huawei Mate 20 Pro ပိုင်ရှင်များက မျက်နှာပြင် အစိမ်းရောင် သမ်းတဲ့ ပြဿနာ ဖြစ်ပွားနေတယ်လို့ သတင်းပို့နေကြပါတယ်။ User များစွာက Dark Theme/ Wallpaper များ သုံးရင် သို့မဟုတ် Low-light Mode ကို သုံးရင် အဲဒီ ပြဿနာ ဖြစ်ပွားတယ်လို့ လူမှုကွန်ရက်များမှာ ပြောနေကြပါတယ်။ ဟွာဝေးက ဒီပြဿနာ ဖြစ်ပွားနေတဲ့ ဖုန်းများအား ပြင်ဆင်ပေးမယ်လို့ အတည်ပြုထားပြီး ဖုန်း ပိုင်ရှင်များအား Service Center များကို ယူဆောင်သွားဖု့ိ ညွှန်ကြားထားပါတယ်။

ဟွာဝေးက Mate 20 Pro အချို့အလုံးများမှာ LG ရဲ့ OLED Display ကို အသုံးပြုထားတယ်လို့ ယူဆထားကြပြီး အဲဒီ မျက်နှာပြင်များက ဒီပြဿနာကို ဖြစ်စေတာလို့ ပြောနေကြပါတယ်။ အချို့ကလည်း စကရင်မှာ ကပ်ထားတဲ့ ကော်ဟာ ခြောက်သွားတဲ့ အတွက် အရောင်ထုတ်လုပ်မှုမှာ ပြဿနာများ ဖြစ်တာလို့ ဆိုကြပါတယ်။ အစိမ်းရောင် သမ်းတဲ့ အရွယ်အစားနဲ့ အရောင် အဖျော့ ၊ အပြင်းဟာ Wallpaper အလိုက်ကွာခြားတယ်လို့ သိရပါတယ်။

ဟွာဝေးက ဒီပြဿနာကို စုံစမ်းစစ်ဆေးနေပါတယ်။ ဟွာဝေးရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်မှာ “ ကိုင်ရတာ သက်တောင့်သက်သာဖြစ်စေဖို့နဲ့ ကောင်းမွန်တဲ့ ရုပ်ထွက်ကို ပံ့ပိုးပေးဖို့ အတွက် ကွေးညွှတ်တဲ့ ဒီဇိုင်း ပါတဲ့ စွမ်းရည်မြင့် OLED Screen ကို Mate 20 Pro မှာ သုံးထားပါတယ်။ အဲဒီအတွက် မတူညီတဲ့ ရှုထောင့်များကနေ ကြည့်ရင် အရောင်ထုတ်လုပ်မှု ကွဲပြားကြပါတယ်။ သာမာန် သုံးတဲ့ အခါမှာ ဒီလို ဖြစ်ရင် Authorized Customer Service Center များကို ယူဆောင်သွားပါ။ “ လို့ ဖော်ပြထားပါတယ်။

Huawei Finland က ဒီ ပြဿနာ ဖြစ်ပွားတဲ့ ဖုန်းများကို အသစ်တစ်လုံးနဲ့ လဲလှယ်ပေးနေပါတယ်။ Mate 20 Pro အလုံးတိုင်းမှာ ဖြစ်တာမဟုတ်ဘဲ အချို့မှာသာ ဖြစ်ပွားနေတာပါ။ ဟွာဝေးက မကြာခင်မှာ ဒီပြဿနာကို ပိုထိရောက်စွာ ဖြေရှင်းပေးတော့မယ်လို့ ထင်ရပါတယ်။

Leave a Reply