လာမယ့္ ရက္ပိုင္းမွာ ေၾကညာႏုိင္တဲ့ Samsung ရဲ႕ ေကြးညႊတ္ စမတ္ဖုန္း

0
582

ဆမ္ေဆာင္းက ေကြးညႊတ္ စမတ္ဖုန္းကို ဖန္တီးေနတဲ့ သတင္းမ်ားထြက္ေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာေနပါၿပီ။ အဲဒီအတြက္ ဆမ္ေဆာင္းဟာ ကမာၻ႕ ပထမဆံုး ေကြးညႊတ္ စမတ္ဖုန္းကို ထုတ္လုပ္မယ့္ ကုမၸဏီလို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ မထင္မရွား စမတ္ဖုန္း ကုမၸဏီ ျဖစ္တဲ့ Royale က ကမာၻ႕ ပထမဆံုး ေကြးညႊတ္ စမတ္ဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ အမည္က FlexPai ျဖစ္ၿပီး သူ႔ကို ျဖန္႔ထားရင္ ၇.၈ လက္မ စကရင္ ျဖစ္သြားၿပီး တက္ဘလက္လို သံုးႏုိင္ပါတယ္။ ေခါက္ခ်ိဳးထားရင္ ၄ လက္မ အရြယ္သာ ရွိပါတယ္။ သူဟာ 7nm Snapdragon 8150 ကို သံုးထားတဲ့ ပထမဆံုး Device ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆမ္ေဆာင္းဟာ ေကြးညႊတ္ စမတ္ဖုန္းကို မိတ္ဆက္တဲ့ ဒုတိယ ကုမၸဏီေတာ့ ျဖစ္လာႏုိင္ပါေသးတယ္။ သူ႔ရဲ႕ ေကြးညႊတ္ စမတ္ဖုန္းကို လာမယ့္ ၇ နဲ႔ ၈ ရက္မွာ က်င္းပမယ့္ Samsung Developer Conference မွာ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ SamMobile က သူ႔မွာ 512GB Internal Storage ထည့္သြင္းထားမယ္လို႔ ေျပာပါတယ္။ Dual-SIM Slot လည္း ထည့္သြင္းထားႏုိင္ပါတယ္။

သူ႔ရဲ႕ အမည္ကို Galaxy F လို႔ အမည္ေပးထားႏုိင္ပါတယ္။ ယခင္ကေတာ့ သူ႔ကို Galaxy X အမည္နဲ႔ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ ဆမ္ေဆာင္းက သူ႔ရဲ႕ Firmware ကို အေမရိကန္မွာ စမ္းသပ္ေနတယ္ဆိုတဲ့ သတင္းနဲ႔ သူ႔ကို ဒီႏွစ္ထဲမွာ ေၾကညာေတာ့မယ္ဆိုတဲ့ သတင္းမ်ားဟာ သိပ္မၾကာခင္က ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ သူ႔ကို ေရာင္းခ်ႏုိင္ပါတယ္။

ဟြာေ၀းကလည္း ေကြးညႊတ္ စမတ္ဖုန္းကို ဖန္တီးေနၿပီး သူ႔ရဲ႕ ပထမဆံုး ေကြးညႊတ္ ဖုန္းဟာ သူ႔ရဲ႕ ပထမဆံုး 5G Phone ျဖစ္လာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဟြာေ၀း အျပင္ Xiaomi , Oppo တို႔ကလည္း ေကြးညႊတ္ စမတ္ဖုန္းမ်ားကို အၿပိဳင္အဆိုင္ ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

unicode

လာမယ့် ရက်ပိုင်းမှာ ကြေညာနိုင်တဲ့ Samsung ရဲ့ ကွေးညွှတ် စမတ်ဖုန်း

ဆမ်ဆောင်းက ကွေးညွှတ် စမတ်ဖုန်းကို ဖန်တီးနေတဲ့ သတင်းများထွက်နေတာ နှစ်အနည်းငယ်တောင် ကြာနေပါပြီ။ အဲဒီအတွက် ဆမ်ဆောင်းဟာ ကမ္ဘာ့ ပထမဆုံး ကွေးညွှတ် စမတ်ဖုန်းကို ထုတ်လုပ်မယ့် ကုမ္ပဏီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မထင်မရှား စမတ်ဖုန်း ကုမ္ပဏီ ဖြစ်တဲ့ Royale က ကမ္ဘာ့ ပထမဆုံး ကွေးညွှတ် စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်က FlexPai ဖြစ်ပြီး သူ့ကို ဖြန့်ထားရင် ၇.၈ လက်မ စကရင် ဖြစ်သွားပြီး တက်ဘလက်လို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် ၄ လက်မ အရွယ်သာ ရှိပါတယ်။ သူဟာ 7nm Snapdragon 8150 ကို သုံးထားတဲ့ ပထမဆုံး Device ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆမ်ဆောင်းဟာ ကွေးညွှတ် စမတ်ဖုန်းကို မိတ်ဆက်တဲ့ ဒုတိယ ကုမ္ပဏီတော့ ဖြစ်လာနိုင်ပါသေးတယ်။ သူ့ရဲ့ ကွေးညွှတ် စမတ်ဖုန်းကို လာမယ့် ၇ နဲ့ ၈ ရက်မှာ ကျင်းပမယ့် Samsung Developer Conference မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ SamMobile က သူ့မှာ 512GB Internal Storage ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Dual-SIM Slot လည်း ထည့်သွင်းထားနိုင်ပါတယ်။

သူ့ရဲ့ အမည်ကို Galaxy F လို့ အမည်ပေးထားနိုင်ပါတယ်။ ယခင်ကတော့ သူ့ကို Galaxy X အမည်နဲ့ရောင်းချမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဆမ်ဆောင်းက သူ့ရဲ့ Firmware ကို အမေရိကန်မှာ စမ်းသပ်နေတယ်ဆိုတဲ့ သတင်းနဲ့ သူ့ကို ဒီနှစ်ထဲမှာ ကြေညာတော့မယ်ဆိုတဲ့ သတင်းများဟာ သိပ်မကြာခင်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူ့ကို ရောင်းချနိုင်ပါတယ်။

ဟွာဝေးကလည်း ကွေးညွှတ် စမတ်ဖုန်းကို ဖန်တီးနေပြီး သူ့ရဲ့ ပထမဆုံး ကွေးညွှတ် ဖုန်းဟာ သူ့ရဲ့ ပထမဆုံး 5G Phone ဖြစ်လာမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဟွာဝေး အပြင် Xiaomi , Oppo တို့ကလည်း ကွေးညွှတ် စမတ်ဖုန်းများကို အပြိုင်အဆိုင် ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

Leave a Reply