Samsung Galaxy S10 မွာ Iris Scanner ကို သံုးမွာ မဟုတ္

0
591

လြန္ခဲ့တဲ့ ႏွစ္အနညး္ငယ္အၾကာက Galaxy Note 7 မွာ Iris Scanner ကို ဆမ္ေဆာင္းက စတင္ မိတ္ဆက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာလည္း ဆမ္ေဆာင္းရဲ႕ စြမ္းရည္ျမင့္ စမတ္ဖုန္းမ်ားမွာ Iris Scanner ကို ထည့္သြင္းေပးထားပါတယ္။ အခုေတာ့ Note 9 ဟာ Iris Scanner ပါတဲ့ ဆမ္ေဆာင္းရဲ႕ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ စမတ္ဖုန္း ျဖစ္လာေတာ့မွာပါ။

Samsung Galaxy S10 Series မ်ားမွာ Iris Scanner ကို ဖယ္ရွားထားေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားမွာ Ultrasonic In-Display Fingerprint Sensor ကို ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Galaxy S10 Phone ၃ လံုးရဲ႕ အနည္းဆံုး ၂ လံုးမွာ အဲဒီ ဆန္ဆာ ပါလာမွာ ျဖစ္ပါတယ္။ ေစ်းေပါတဲ့ ေမာ္ဒယ္မွာ Optical In-Display Sensor သို႔မဟုတ္ Fingerprint Sensor ထည့္သြင္းထားႏုိင္ပါတယ္။

Qualcomm ရဲ႕ Ultrasonic Sensor ဟာ လက္ရွိ ေစ်းကြက္ထဲက စမတ္ဖုန္းမ်ားထဲမွာ ထည့္သြင္းထားတဲ့ ဆန္ဆာမ်ားထက္ ပိုၿပီး လံုျခံဳ ျမန္ဆန္ပါတယ္။ Samsung ရဲ႕ Facial Recognition System ဟာ Apple Face ID နဲ႔ Fingerprint Sensor မ်ားေလာက္ လံုျခံဳမႈ မရွိပါဘူး။

Iris Scanner ကို ဖယ္ရွားျခင္းအားျဖင့္ ဆမ္ေဆာင္းဟာ Infinity Display အတြက္ ေနရာလြတ္မ်ား ပိုမို ရရွိမွာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ 3D Face Scanning နည္းပညာအတြက္ ေနရာလြတ္မ်ား ပိုမို ရရွိလာမွာ ျဖစ္ပါတယ္။ လက္ရွိမွာလည္း စမတ္ဖုန္း ကုမၸဏီမ်ားက Iris Scanner အစား 3D Face Scanning နည္းပညာကို ပိုမို ဦးစားေပး ထည့္သြင္းေနၾကတာ ျဖစ္ပါတယ္။

unicode

Samsung Galaxy S10 မှာ Iris Scanner ကို သုံးမှာ မဟုတ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက Galaxy Note 7 မှာ Iris Scanner ကို ဆမ်ဆောင်းက စတင် မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဆမ်ဆောင်းရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းများမှာ Iris Scanner ကို ထည့်သွင်းပေးထားပါတယ်။ အခုတော့ Note 9 ဟာ Iris Scanner ပါတဲ့ ဆမ်ဆောင်းရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်လာတော့မှာပါ။

Samsung Galaxy S10 Series များမှာ Iris Scanner ကို ဖယ်ရှားထားတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းများမှာ Ultrasonic In-Display Fingerprint Sensor ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Galaxy S10 Phone ၃ လုံးရဲ့ အနည်းဆုံး ၂ လုံးမှာ အဲဒီ ဆန်ဆာ ပါလာမှာ ဖြစ်ပါတယ်။ ဈေးပေါတဲ့ မော်ဒယ်မှာ Optical In-Display Sensor သို့မဟုတ် Fingerprint Sensor ထည့်သွင်းထားနိုင်ပါတယ်။

Qualcomm ရဲ့ Ultrasonic Sensor ဟာ လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းများထဲမှာ ထည့်သွင်းထားတဲ့ ဆန်ဆာများထက် ပိုပြီး လုံခြုံ မြန်ဆန်ပါတယ်။ Samsung ရဲ့ Facial Recognition System ဟာ Apple Face ID နဲ့ Fingerprint Sensor များလောက် လုံခြုံမှု မရှိပါဘူး။

Iris Scanner ကို ဖယ်ရှားခြင်းအားဖြင့် ဆမ်ဆောင်းဟာ Infinity Display အတွက် နေရာလွတ်များ ပိုမို ရရှိမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် 3D Face Scanning နည်းပညာအတွက် နေရာလွတ်များ ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စမတ်ဖုန်း ကုမ္ပဏီများက Iris Scanner အစား 3D Face Scanning နည်းပညာကို ပိုမို ဦးစားပေး ထည့်သွင်းနေကြတာ ဖြစ်ပါတယ်။

Leave a Reply