၂၀၂၀ ခုႏွစ္မွာ 5G iPhone ေရာင္းမယ့္ Apple

0
555

ေနာက္မ်ိဳးဆက္ 5G ဆက္သြယ္မႈ အတြက္ အေျခခံ အေဆာက္အဦးမ်ားဟာ အေစာပိုင္း အဆင့္မွာသာ ရွိပါေသးတယ္။ ဒါေပမယ့္လည္း စမတ္ဖုန္း ထုတ္လုပ္သူမ်ားဟာ 5G စြမ္းရည္ကို သူတို႔ရဲ႕ ဟန္းဆက္မ်ားမွာ ထည့္သြင္းဖို႔ ႀကိဳးစားေနၾကပါတယ္။ ယခု ထြက္ေပၚလာတဲ့သတင္းအရ Apple ဟာလည္း ၂၀၂၀ ခုႏွစ္မွာ 5G Smartphone ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သိရပါတယ္။

Fast Company က ရရွိတဲ့ သတင္းအခ်က္အလက္မ်ားအရ Apple က Intel 8161 5G Modem Chip ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Intel က အပူလြန္ကဲတဲ့ ျပႆနာမ်ားနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သတင္းထြက္ေနပါတယ္။

FCC က ၿပီးခဲ့တဲ့ ႏွစ္မွာ 5G နည္းပညာကို စမ္းသပ္ဖို႔ Apple အား ခြင့္ျပဳခ်က္ေပးခဲ့ပါတယ္။ Apple ဟာ Intel ရဲ႕ Modem မ်ားကို အဓိက ၀ယ္ယူေနသူ ျဖစ္ပါတယ္။ ဒါေပမယ့္ Apple က ၂၀၂၀ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ Intel ရဲ႕ Bluetooth နဲ႔ WiFi Chip မ်ားကို အသံုးျပဳမွာ မဟုတ္ဘူးလို႔ သတင္းထြက္ေနပါတယ္။

အန္းဒရြိဳက္ ကုမၸဏီမ်ားကေတာ့ Apple ထက္ ေစာစီးစြာ ၂၀၁၉ ခုႏွစ္မွာ 5G Handsets မ်ားကို ေရာင္းခ်မွာ ျဖစ္ပါတယ္။ Oppo , LG, Samsung, Huawei , Lenovo , Sony , Xiaomi တို႔က ၂၀၁၉ ခုႏွစ္မွာ 5G Handsets မ်ားကို ေရာင္းခ်မယ္လို႔ ေၾကညာထားၾကပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔မွာ 5G ကြန္ယက္မ်ားကို အေစာဆံုး အသံုးျပဳႏုိင္ၾကမွာ ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးဆဲနုိင္ငံမ်ားမွာေတာ့ 5G ကြန္ယက္ကို အသံုးျပဳဖို႔ ေနာက္က်ဦးမွာ ျဖစ္ပါတယ္။

unicode

၂၀၂၀ ခုနှစ်မှာ 5G iPhone ရောင်းမယ့် Apple

နောက်မျိုးဆက် 5G ဆက်သွယ်မှု အတွက် အခြေခံ အဆောက်အဦးများဟာ အစောပိုင်း အဆင့်မှာသာ ရှိပါသေးတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်း ထုတ်လုပ်သူများဟာ 5G စွမ်းရည်ကို သူတို့ရဲ့ ဟန်းဆက်များမှာ ထည့်သွင်းဖို့ ကြိုးစားနေကြပါတယ်။ ယခု ထွက်ပေါ်လာတဲ့သတင်းအရ Apple ဟာလည်း ၂၀၂၀ ခုနှစ်မှာ 5G Smartphone ကို ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။

Fast Company က ရရှိတဲ့ သတင်းအချက်အလက်များအရ Apple က Intel 8161 5G Modem Chip ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Intel က အပူလွန်ကဲတဲ့ ပြဿနာများနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းထွက်နေပါတယ်။

FCC က ပြီးခဲ့တဲ့ နှစ်မှာ 5G နည်းပညာကို စမ်းသပ်ဖို့ Apple အား ခွင့်ပြုချက်ပေးခဲ့ပါတယ်။ Apple ဟာ Intel ရဲ့ Modem များကို အဓိက ဝယ်ယူနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် Apple က ၂၀၂၀ ခုနှစ်ထုတ် အိုင်ဖုန်းများမှာ Intel ရဲ့ Bluetooth နဲ့ WiFi Chip များကို အသုံးပြုမှာ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။

အန်းဒရွိုက် ကုမ္ပဏီများကတော့ Apple ထက် စောစီးစွာ ၂၀၁၉ ခုနှစ်မှာ 5G Handsets များကို ရောင်းချမှာ ဖြစ်ပါတယ်။ Oppo , LG, Samsung, Huawei , Lenovo , Sony , Xiaomi တို့က ၂၀၁၉ ခုနှစ်မှာ 5G Handsets များကို ရောင်းချမယ်လို့ ကြေညာထားကြပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ 5G ကွန်ယက်များကို အစောဆုံး အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာတော့ 5G ကွန်ယက်ကို အသုံးပြုဖို့ နောက်ကျဦးမှာ ဖြစ်ပါတယ်။

Leave a Reply