
0
580





unicode

OnePlus 6T ရဲ့ Nightscape နဲ့ Studio Lighting များကို OnePlus 6 မှာ ရပြီ

OnePlus 6T ကို ကြေညာတဲ့ပွဲမှာ ကုမ္ပဏီက Users များစွာဟာ OnePlus 6 ရဲ့ Low-light ကင်မရာ စွမ်းရည်ဟာ သိပ်မကောင်းဘူးလို့ ဝေဖန်ကြောင်း ပြောပြခဲ့ပါတယ်။ ကုမ္ပဏီက OnePlus 6T ရဲ့ Nightscape Mode က Low-light Photo များအတွက်အလွန် ကောင်းမွန်လာမယ်လို့ ပြောခဲ့ပါတယ်။ OnePlus 6T ရဲ့ Nightscape Mode နဲ့အတူ Studio Lighting များကိုပါ OnePlus 6 မှာလည်း ထည့်သွင်းပေးမယ်လို့ ကုမ္ပဏီက ပွဲမှာ အတည်ပြုခဲ့ပါတယ်။

အခုတော့ အဲဒီ လုပ်ဆောင်ချက်များကို OnePlus 6 ရဲ့ OxygenOS 9.0.2 မှာ ထည့်သွင်းပေးလိုက်ပါပြီ။ Studio Lighting က မျက်နှာ ပုံသဏ္ဍာန်ကို လှပစေပါတယ်။ Update မှာ တိုးတက်လာမှုများ ၊ လုပ်ဆောင်ချက် အသစ်များ၊ Bug ပြင်ဆင်ထားမှုများလည်း ပါလာပါတယ်။ ဒါ့အပြင် နိုဝင်ဘာလအတွက် Security Patches များ ပါလာပါတယ်။

“ OnePlus 6 အတွက် OxygenOS 9.0.2 ကို စတင် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအထဲမှာ OnePlus 6T နဲ့ အတူ မိတ်ဆက်ခဲ့တဲ့ အကောင်းစား လုပ်ဆောင်ချက်များ ပါပါတယ်။ “ လို့ ကုမ္ပဏီက ကြာသာပတေးနေ့မှာ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

Update မှာ 6T နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Navigation Gestures အသစ်များပါလာပါတယ်။ Google Assistant နဲ့ အခြား Assistant များကို ဆင့်ခေါ်ဖို့အတွက် ပါဝါ ခလုတ်ကို ဝ.၅ စက္ကန့်ကြာ ဖိထားလာနိုင်ပါပြီ။ Standby အနေအထားမှာ စွမ်းအင်စားသုံးမှုနည်းပါးလာပါတယ်။

Leave a Reply