6.2” Display , Dual Camera မ်ား ပါတဲ့ Vivo Y93

0
577





unicode

6.2” Display , Dual Camera များ ပါတဲ့ Vivo Y93

Vivo က တရုတ်မှာ Y Series အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Y93 ဖြစ်ပြီး ယွမ် ၁၅၀၀ သတ်မှတ်ထားပါတယ်။ ၂၁၅ ဒေါ်လာဝန်းကျင် တန်ကြေးရှိပါတယ်။ Starry Night နဲ့ Red အရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Vivo Y93 မှာ ၆.၂ လက်မ HD+ LCD Display ထည့်သွင်းထားပြီး 1520x720p Resolution ဖြစ်ပါတယ်။ မျက်နှာပြင်မှာ Waterdrop Notch ပါပြီး အဲဒီမှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ သူ့မှာ 1.95GHz Qualcomm Snapdragon 439 Chipset မောင်းနှင်ထားပြီး Adreno 505 Graphics Processor ပါပါတယ်။ 4GB RAM , 64GB Internal Storage ပါတဲ့ အပြင် 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာကင်မရာ ၂ လုံး ထည့်သွင်းထားပြီး Phase Detection Autofocus နဲ့ AI Portrait Mode ပါတဲ့ 13MP Main Camera အပြင် 2MP Depth Sensor တစ်လုံး အပို ထည့်ထားပါတယ်။ အရှေ့ ကင်မရာက 8MP ဖြစ်ပြီး Face Wake , AI Beautification , AR Stickers များ ပါပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ 4G VoLTE, Wi-Fi, Bluetooth, GPS နဲ့ OTG support များ ပါပါတယ်။ Face Unlock ပါပေမယ့် လက်ဗွေရာ အာရုံခံကိရိယာတော့ မပါပါဘူး။ Jovi Voice Assistant ပါပြီး သူဟာ Android 8.1 Oreo အခြေပြု FunTouch OS မောင်းနှင်ထားပါတယ်။ အရွယ်ကြီး 4030mAh Battery ထည့်သွင်းထားပါတယ်။

Leave a Reply